Tags: News-Apple-iPad-Mini-JobsInYangon
သတင်းများအရ Apple ဟာ iPad Mini နှင့် iPad Pro အသစ်ကို ထုတ်လုပ်ရန်စီစဉ်လျှက်ရှိနေ
Bloomberg ၏ သတင်းတစ်ပုဒ်အရ - ကပ်ရောဂါကာလအတွင်း ရောင်းအားတိုးတက်လာခဲ့သည့် အမျိုးအစားဖြစ်သည့်အတွက် အဆိုပါရောင်းအားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် Apple ဟာ wireless charging လုပ်ဆောင်ချက်ပါဝင်မည့် iPad Pro နှင့် ပြန်လည်ဒီဇိုင်းပြင်ဆင်ထားသည့် iPad Mini တို့အား ထုတ်လုပ်သွားရန်အတွက် စီစဉ်ပြုလုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။
အဆိုပါသတင်းအရ Apple ဟာ iPad Mini အသစ်ကို ပိုမိုကျဉ်းမြောင်းသေးငယ်သော ဘေးဘောင်များဖြင့် ထုတ်လုပ်နိုင်ရန် စီစဉ်လျှက်ရှိနေပြီး ထိုအရာရဲ့ home ခလုတ်ကိုလည်း ဖယ်ရှားဖို့ နည်းလမ်းများကိုရှာဖွေလျှက်ရှိနေပါတယ်။ Apple ဟာ iPad Pro တွင် ပထမဆုံးအနေနဲ့ wireless charging ဖြင့်အားသွင်းနိုင်စေရန်အတွက် ဖန်သားနောက်ခံကိုယ်ထည်ဖြင့်လည်း စမ်းသပ်လျှက်ရှိကာ reverse wireless charging စနစ်ကိုလည်း စမ်းသပ်လျှက်ရှိပါတယ်။
အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူများကတော့ Apple ဟာ iPad Pro အသစ်ကို ၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်ဖို့ စီစဉ်လျှက်ရှိနေပြီး iPad Mini ကိုတော့ ယခုနှစ်အတွင်း ထုတ်လုပ်သွားဖို့ စီစဉ်လျှက်ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ သို့သော်လည်း အဆိုပါသတင်းတွင် iPad Pro အသစ်အတွက် ဒီဇိုင်းများဟာ အစောပိုင်းကာလများတွင်သာရှိနေဆဲဖြစ်တဲ့အတွက် အစီအစဉ်များကို ပြောင်းလဲခြင်း၊ ဖျက်သိမ်းလိုက်ခြင်းများလည်း ရှိလာနိုင်ကြောင်း ထပ်ဆောင်းအသိပေးခဲ့ပါသေးတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.