Tags: News-Apple-Sues-Their-Partner-JobsInYangon
Apple ရဲ့ recycling partner ကို ဖျက်ဆီးရန် ပေးထားခဲ့သော iPhone, iPad နဲ့ Apple Watch ၁သိန်းခန့်အား ခိုးယူရောင်းချခဲ့ခြင်းကြောင့် Apple မှ တရားစွဲဆို
ယခုအပတ်အတွင်း Apple က သူတို့ရဲ့ အရင် recycling partner အဟောင်းဖြစ်တဲ့ GEEP Canada ကို “ဖျက်စီးပစ်ရန် ပေးထားသည့် iPhone, iPad နဲ့ Apple Watch ၁သိန်းခန့်အား ခိုးယူရောင်းချခဲ့သည့်အတွက်” တရားစွဲဆိုခဲ့ပါတယ်။ The Logic ရဲ့ သတင်းများအရ၊ Apple ရဲ့ တင်ပြမှုတစ်ခုတွင် “GEEP ကုမ္ပဏီရဲ့ နယ်နိမိတ် အတွင်းမှ Apple device ပေါင်း ၁၁,၇၆၆ ပေါင်ခန့်ဟာ ဖျက်ဆီးခြင်းခံရခြင်းမရှိပဲ ထွက်ခွာသွားခဲ့တယ်” ဟူ၍ ဆိုပါတယ်။
၂၀၁၅ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၇၊ ဒီဇင်ဘာလအတွင်း Apple ဘက်မှ iPhone, iPad နဲ့ Apple Watch အလုံးပေါင်း ၅သိန်းခဲ့ကို ဖျက်ဆီးပစ်ရန်အတွက် ပေးပို့ခဲ့ပြီး Apple က စာရင်းစစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် ဒီ device များရဲ့ ၁၈% ခန့်ဟာ cellular network များမှတဆင့် အင်တာနက်သို့ဝင်ရောက်လျှက်ရှိနေတာကို တွေ့ရှိ ခဲ့ရပါတယ်။ ဒါဟာ cellular network မပါဝင်တဲ့ အခြား device တွေ ပါဝင်ခြင်းရှိမနေသေးတဲ့အတွက် ဖြစ်နိုင်တာကတော့ ဒီပမာဏထက်များတဲ့ gadget များကို တရားမဝင်ရောင်းချထားတာပါပဲ။
Apple က သူတို့ရဲ့ အဆိုပါလုပ်ငန်းပါတနာအဟောင်းထံမှ ကနေဒါဒေါ်သာ ၃၁သန်း (အမေရိကန်ဒေါ်လာ ၂၂.၇သန်းခန့်) ကို လျော်ကြေးရယူလိုနေပြီး GEEP ကတော့ သူတို့ဖက်က ထိုသို့ပြုလုပ်ခဲ့တာမဟုတ်ပဲ ဝန်ထမ်း ၃ဦးက သူတို့ဆန္ဒအလျှောက်ခိုးယူသွားခဲ့ခြင်းဖြစ်တယ်ဟုဆိုကာ သီးသန့်အမှုတစ်ခုကိုဖွင့်ခဲ့ပါသေးတယ်။ သို့သော်လဲ Apple ကတော့ ဒီအရာကိုယုံကြည်မှုမရှိပဲ ဒီဝန်ထမ်းများဟာ အဆိုပါကုမ္ပဏီက အကြီးတန်း management များပဲဖြစ်ကြတယ်လို့ဆိုပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.