ချိတ်ဆွဲရန်စာတန်း: News-Apple-FaceUnlock-iPhones-JobsInYangon
Apple မှ iPhone များကို Face mask များ မချွတ်ဘဲ unlock ပြုလုပ်နိုင်မည့် နည်းလမ်းအသစ်ကို စမ်းသပ်လျှက်ရှိ
CNN Business သတင်းများအရ အချို့သော iPhone အသုံးပြုသူများအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းများကို လူထူထပ်သောနေရာများတွင် ချွတ်စရာမလိုတော့ပဲ unlock ပြုလုပ်နိုင်လာတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော်လည်း ထိုသို့ ပြုလုပ်နိုင်ဖို့အတွက် အခြားသော Apple device တစ်ခုကို လိုအပ်မှာဖြစ်ပါတယ်။
Apple ဟာ အသုံးပြုသူများအနေနဲ့ သူတို့ iPhone များရဲ့ face recognition security tool, Face ID ကို Apple Watch ဝတ်ဆင်ထားပါက unlock ပြုလုပ်၍ရနိုင်မည့် နည်းလမ်းတစ်ခုကို iOS software အသစ်တစ်ခုအဖြစ် စမ်းသပ်လျှက်ရှိနေပါတယ်။ လက်ရှိမှာတော့ အသုံးပြုသူမှ Mask များကို ဝတ်ဆင်ထားပါက Face ID မှ အလိုအလျှောက်သိရှိနိုင်ပြီး passcode entry screen ကို ပေါ်လာစေပါတယ်။
နောက်ဆုံးရသတင်းများအရ iPhone များကို sync ပြုလုပ်ထားတဲ့ Apple Watch များနဲ့ ချိတ်ဆက်ပြီး Face ID သုံးဖို့အတွက် ဖုန်းကို မြှောက်လိုက်ပါက အလိုအလျှောက်သိရှိပြီး iPhone ကို ဖွင့်ပေးနိုင်မည့် software တစ်ခုကို စမ်းသပ်မှုများပြုလုပ်လျှက်ရှိနေပါတယ်။ အတည်ပြုခြင်းအား အောင်မြင်စွာလုပ်ဆောင်နိုင်ရန်အတွက် အဆိုပါ device ၂ ခုဟာ တစ်ခုနဲ့ တစ်ခု နီးနီးကပ်ကပ်ရှိနေရမှာဖြစ်ပြီး iPhone မှ အလိုအလျှောက် unlock ပြုလုပ်ပေးတဲ့အခါတွင် Apple Watch ဟာ တုန်ခါခြင်းဖြင့် အချက်ပြပေးသွားမှာလည်း ဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။