Tags: Knowledge-IT-Privacy-Apple-JobsinYangon
Apple ဟာ အသုံးပြုသူများရဲ့ privacy ကို ကာကွယ်နိုင်ဖို့အတွက် ပိုမို၍ကြိုးစားအားထုတ်သွားရန်ရှိ
Privacy ဟာ ပြီးခဲ့သောနှစ်များအတွင်း Apple အနေနဲ့ဆွေးနွေးပြောဆိုခဲ့သော အရေးကြီးသည့်ခေါင်းစဉ်များထဲမှ တစ်ခု ဖြစ်နေလျက်ရှိပြီး ဒီနှစ် conference ပြုလုပ်စဉ်အတွင်း WWDC ဟာ privacy ကိုတိုးမြှင့်နိုင်စေမည့်အခြားသောတီထွင် ဖန်တီးမှုအသစ်များနှင့်လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီအရာတွေနဲ့ ပက်သက်ပြီး ကျွန်ုပ်တို့ဟာ ဘယ်အရာတွေကိုမျှော် လင့်နိုင်ပါသလဲ? Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ကတော့ privacy ကို အခြေခံလူ့အခွင့်အရေးတစ်ရပ်အနေနဲ့ ပြော ကြားခဲ့ပြီး ဒီတန်ဖိုးကိုကို Google (သို့) Facebook တို့နဲ့ယှဉ်ပြိုင်မှုပြုရာတွင် မကြာခဏအသုံးပြုလေ့ရှိပါတယ်။
လက်တလောကျင်းပခဲ့တဲ့ WWDC conference တွင် ၎င်းဟာ iOS 14, iPadOS 14 နှင့် tvOS 14 တို့ရဲ့ လုပ်ဆောင် ချက်အသစ်များကို မိတ်ဆက်ပြသပေးခဲ့ပါတယ်။ ထိုထဲမှ တစ်ခုကတော့ application များမှ အသုံးပြုသူရဲ့ လုပ်ဆောင်ချက်များကိုခြေရာခံခြင်းမပြုနိုင်စေရန် ကာကွယ်တားဆီးပေးနိုင်မည့်လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။
လူတစ်ဦးကို ခြေရာခံရန်အတွက် သူတို့ဟာ ပထမဦးဆုံး ခွင့်ပြုချက်ကိုတောင်းခံရမှာဖြစ်ပြီး ခွင့်ပြုချက်မပေးခဲ့ပါက သူတို့ဟာ ပြင်ဆင်ဖန်တီးထားသော ကြော်ငြာများ၊ GPS ဒေတာ၊ အီးမေးလ်လိပ် စာများ (သို့) third-party SDK များအတွက် ဒေတာများကို ကောက်ယူစုဆောင်း၍ ရနိုင်မှာမဟုတ်တော့ပါဘူး။ ခွင့်ပြုချက်ပေးခြင်းကို အမြဲတမ်းလိုအပ် မှာဖြစ်ပြီး ချွင်းချက်အနေနဲ့ကတော့ အဆိုပါဒေတာကို device အတွင်းတွင်သာ တိုက်ရိုက် process ပြုလုပ်ပြီး အခြား ဘယ်နေရာကိုမှ လွှဲပြောင်းခြင်းမပြုလုပ်ရင်တော့ ခွင့်ပြုချက်လိုအပ်မှာမဟုတ်ပါဘူး။
နောက်ထပ်သတင်းတစ်ရပ်ကတော့ location (တည်နေရာ) sharing ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ လက်ရှိအချိန်တွင် ဒီအရာရဲ့စောင့်ကြည့်မှုကို တစ်ကြိမ်သာဖွင့်/ ပိတ်နိုင်ပြီး အမြဲတမ်းဖွင့်ထားမလား (သို့) လုံးဝပိတ်ထားမလားဆိုတာကို သာရွေးချယ်နိုင်ခဲ့ပါတယ်။ ယခုအခါတွင်တော့ menu တွင် အနီးစပ်ဆုံးတည်နေရာကိုပြသပေးသည့်အရာတစ်ခု ထည့် ပေးလိုက်ပြီဖြစ်ပါတယ်။
နောက်ပြီး ထို iOS version အသစ်တွင် “Sign in with Apple“ ဟူသည့် ခလုတ်အသစ်တစ်ခုလည်းပါဝင်လာမှာဖြစ်ပြီး website များနဲ့ application များတွင် log in ပြုလုပ်ခြင်းနှင့် register ပြုလုပ်ခြင်းတို့အတွက် Google နှင့် Facebook ကဲ့သို့ login ပြုလုပ်ရန် ခလုတ်များပါဝင်လာမှာဖြစ်ပါတယ်။
ယခုအခါတွင် ရှိပြီးသား registration ကို Apple အကောင့်သို့လွှဲပြောင်းရန်ဖြစ်လာနိုင်ပြီဖြစ်ကာ ဒေတာအချက်အ လက်များကိုလည်း ဆုံးရှုံးတော့မှာမဟုတ်ပါဘူး။
နောက်ထပ်လုပ်ဆောင်ချက်တစ်ခုကတော့ audio နှင့် video recording indicator ဖြစ်ပြီး ထိုအရာကို ဖန်သားပြင်ရဲ့ ညာဖက်အပေါ်ထောင့်တွင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အသံကို မှတ်တမ်းတင်ခြင်းပြုလုပ်နေတဲ့အခါတွင် လိမ္မော်ရောင် လင်းနေမှာဖြစ်ပြီး ရုပ်သံမှတ်တမ်းတင်ခြင်းအတွက်မူ အစိမ်းရောင်လင်းလာမှာဖြစ်ပါတယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.