Tags: Knowledge-IT-New-iPhone-JobsInYangon
Apple ဟာ ယခုလာမည့်နှစ်အတွင်း iPhone အသစ် ၄လုံးကို စတင်မိတ်ဆက်သွားမှာဖြစ်ပြီး ထိုအရာများတွင် အားသွင်းကြိုးပါဝင်လာနိုင်ခြေရှိ
Apple ဟာ iPhone 12 မော်ဒယ်အသစ် ၄ လုံးကို ယခုနှစ်ရဲ့ အစည်းအဝေးပွဲတစ်ရပ်တွင် ဖော်ထုတ် ပြသသွားမှာဖြစ်တယ်ပြီး ထိုအရာတွင် အားသွင်းကြိုးလည်း ပါဝင်လာနိုင်တယ်လို့မျှော်လင့်ရပါ တယ်။
ပြီးခဲ့တဲ့အပတ်အနည်းငယ်အကြာက Apple ဟာယခုနှစ်ထွက်ပေါ်လာမည့် iPhone များတွင် adapter များကို ထည့်သွင်းသွားမှာမဟုတ်ဟု အင်တာနက်ပေါ်တွင် သတင်းများထွက်ပေါ်လာခဲ့ ပါတယ်။ အကြောင်းအရင်းကတော့ ထိုဖုန်းဟာ 5G ကိုအသုံးပြု၍ရနိုင်မည့်မော်ဒယ်ဖြစ်နေပြီး ထို အရာကိုထုတ်လုပ်ရာတွင် သိသာစွာပိုမိုကုန်ကျစားရိတ်များခဲ့သည့်အတွက် ရောင်းချသည့်အခါ ဈေး နှုန်းများကိုလျှော့ချပေးနိုင်ရန်အတွက်ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါတယ်။
အဆိုပါ အမေရိကန်ကုမ္ပဏီကြီးဟာ အခြေခံအရာများကို ပြောင်းလဲပြစ်ဖို့အတွက် နောက်တွန့်ခြင်း မရှိပဲပြုလုပ်တတ်ပါတယ်။ ဒီအရာကို ယခင်က 3.5mm Jack connector ကို လွန်ခဲ့တဲ့နှစ်အနည်း ငယ်က ဖယ်ထုတ်ခဲ့တာကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ယခုအချိန် မှာတော့ သူတို့ရဲ့ဖုန်းများတွင် charger များကို ဆက်လက်ထည့်သွင်းပေးသွားဦးမှာပဲဖြစ်ပါတယ်။
UL Demko, Safety Korea နဲ့ 3C တို့တွင် အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းလုပ်ငန်းစဉ်ပြုလုပ် စဉ်က အဆိုပါကုမ္ပဏီဟာ adapter ၂မျိုးရှိကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တစ်ခုဟာ သာမန်မြင်တွေ့နေကျ 5W နဲ့ နောက်တစ်ခုဟာတော့ ကုဒ်နံပါတ် A2305 ဟုခေါ်တွင်တဲ့ 20W adapter ပဲဖြစ်ပါတယ်။ 5W adapter ကိုဈေးသက်သာတဲ့ဖုန်းမော်ဒယ်များတွင်မြင်တွေ့ရမှာဖြစ်ပြီး 20W ကိုတော့ pro series တွေမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
20W charger ဟာ Apple အဖို့တော့ ထုတ်ကုန်အသစ်တစ်ခုဖြစ်ပါတယ်။ လက်ရှိ iPhone များဟာ အားသွင်းသည့်အခါတွင် Watt အမြင့်ဆုံး 18W နှင့်သွင်းနိုင်တဲ့အတွက် မော်ဒယ်အသစ် များတွင် စွမ်းဆောင်ရည်ပိုကောင်းလာဖို့ကိုမျှော်လင့်နိုင်ပါတယ်။
လာမည့်ဆောင်းဦးရာသီတွင် ပိုမိုကောင်းမွန်တဲ့ Battery သက်တမ်းရှိမည့် ဖုန်းမော်ဒယ်အသစ် ၄မျိုး ကိုတွေ့မြင်ရနိုင်ခြေရှိနေပါတယ်။ ထိုဖုန်းများဟာတော့ -
iPhone 12 - 5.4 “, 2227 mAh
iPhone 12 Max - 6.1 “, 2775 mAh
iPhone 12 Pro - 6.1 “, 2775 mAh
iPhone 12 Pro Max - 6.7 “, 3687 mAh
တို့ဖြစ်ကြပါတယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.