Tags: News-Apple-Smartwatches-gadgets-JobsInYangon
Apple ရဲ့ Smartwatch အသစ်များ ထွက်ရှိလာပြီဖြစ်
Apple ကထုတ်လုပ်လိုက်တဲ့ Apple Watch အသစ်များကို ပြီးခဲ့တဲ့အပတ်က စတင်မိတ်ဆက်ခဲ့ပြီးနောက် အင်တာနက်ပေါ်တွင် အဆိုပါ Apple Watch 6 အကြောင်း review များစွာတက်လာခဲ့ပြီး အတော်များများဟာ ဒီစမတ်နာရီအသစ်ရဲ့ ဈေးနှုန်း၊ function တွေနဲ့ သတ်မှတ်ပေးထားတဲ့ feature တွေကို ချီးမွန်းပြောဆိုမှုတွေဖြစ်ခဲ့ပါတယ်။
ဒေါ်လာ ၃၉၉ ကျပ်မှ စတင်ရရှိနိုင်တဲ့ အဆိုပါ Apple Watch Series 6 တွင် ကျန်းမာရေးအာရုံခံကိရိယာအသစ် ပါဝင်လာမှာဖြစ်ပြီး ဒီအရာက ဝတ်ဆင်ထားသူရဲ့လက်ကောက်ဝတ်မှတဆင့် သွေးတွင်း အောက်စီဂျင်ပါဝင်မှုနှုန်းပမာဏကို တိုင်းတာပေးနိုင်မှာဖြစ်ပါတယ်လို့ Apple ရဲ့ COO တစ်ဦးဖြစ်သူ Jeff Williams က အဆိုပါပွဲအတွင်းတွင် ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ သွေးတွင်းအောက်စီဂျင်ပမာဏတိုင်းတာခြင်းလုပ်ဆောင်ချက်ဟာ အနီအောက်ရောင်ခြည်များကိုအသုံးပြုပြီး တိုင်းတာသွားမှာဖြစ်ပြီး အဆိုပါနာရီက လက်ရှိရောက်ရှိနေတဲ့အမြင့်ပေကိုလည်း အချိန်နဲ့တပြေးညီ တိုင်းတာပေးနိုင်မှာဖြစ်ပါတယ်။
စက်တင်ဘာလ ၁၈ရက်နေ့က စတင်ရောင်းချခဲ့တဲ့ အဆိုပါ Apple Watch အသစ်တွင် Series 6 အတွက် သီးသန့်တည်ဆောက်ထားတဲ့ S6 dual-core processor နဲ့ ယခင် Series 5 နာရီများထက် ၂၀% ပိုမိုမြန်ဆန်စေမယ့် chip အသစ်တို့နဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်တဲ့အပြင် နေရောင်အောက်တွင်လည်း လွယ်ကူစွာကြည့်ရှုနိုင်စေဖို့ အထူးပြုလုပ်ထားတဲ့ display လည်း ပါဝင်လာမှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.