ချိတ်ဆွဲရန်စာတန်း: News-Apple-Exceeds-2Trillion-JobsInYangon
Apple ဟာ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂ထရီလီယံကျော်ရှိနေပြီဖြစ်
Tim Cook တို့ကတော့လုပ်ချလိုက်ပြန်ပါပြီ။ ဒီတစ်ခါမှာတော့ Apple ကို စံချိန်တင်အမြတ်ငွေများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်ကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်က ဒေါ်လာ ၁ထရီလီ ယံ အမြတ်ငွေရရှိအောင်စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါကာလအတွင်းမှာ လုပ်ငန်းများနဲ့ ပြည်သူများအားလုံးတူညီစွာအခက်အခဲတွေနဲ့ရင်ဆိုင် နေရသော်လည်း နည်းပညာကုမ္ပဏီများ (အထူးသဖြင့် Apple လိုမျိုး နည်းပညာပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီ များ) ဟာ ပိုမိုပြီးတိုးတက်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ရှိနေသေးတဲ့၊ အလုပ်ဆက်လုပ်နေပြီး ဝင်ငွေ ရှိနေတဲ့သူတွေက အပြင်သွားခြင်း၊ ခရီးသွားခြင်း အစရှိတာတွေကြောင့် ငွေကြေးကုန်ကျမှုမရှိတော့တဲ့အတွက် သူတို့ဟာ နည်းပညာပစ္စည်းများဝယ်ယူရာတွင် ပိုက်ဆံပိုသုံးလာနိုင်ကြတဲ့အတွက်ပဲဖြစ်ပါတယ်။
ယခုအခါ Apple ကတော့ ဒေါ်လာ ၂ထရီလီယံတန်ဖိုးသို့ရောက်ရှိကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဆော်ဒီ အာရေဗီးယားနိုင်ငံပြင်ပရှိကုမ္ပဏီများတွင် ထိုတန်ဖိုးပမာဏသို့ရောက်ရှိလာတဲ့ ပထမဦးဆုံးကုမ္ပဏီလည်းဖြစ်လို့ နေပြန်ပါတယ်။ Apple အဖို့တော့ ဒါဟာအလွန်ခန်းနားတဲ့အောင်မြင်မှုတစ်ခုပါပဲ - ဒီနှစ်ရဲ့ မတ်လအတွင်းမှာ COVID-19 ကပ်ရောဂါစတင်ပြန့်ပွားစဉ်က သူတို့ရဲ့ စတော့ရှယ်ယာများထိုးကျသွားတာကြောင့် ကုမ္ပဏီရဲ့ စုစုပေါင်းတန်ကြေးဟာ ဒေါ်လာ ၁ထရီလီယံတောင်မပြည့်တော့ပါဘူး။ ဒါပေမယ့်သူတို့ဟာ လျှင်လျှင်မြန်မြန်ပဲ အရှိန်ပြန်ရလာခဲ့ပြီး၊ ပြီးခဲ့တဲ့လက ဒေါ်လာ ၂ထရီလီယံပမာဏကိုပင် ကျော်လွန်သွားခဲ့တယ်ဟူ၍ အင်တာနက် သတင်းများအရသိရှိရပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။