ချိတ်ဆွဲရန်စာတန်း: Knowledge-StockMarket-Apple-General-JobsinYangon
Apple ကုမ္ပဏီရဲ့တန်ကြေးဟာ ၁.၅ ထရီလီယံဒေါ်လာထက်ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
Apple ဟာ သမိုင်းတစ်လျှောက် ဈေးကွက်တန်ကြေး ဒေါ်လာ ၁.၅ ထရီလီယံရှိတဲ့ ပထမဦးဆုံး အမေရိကန်ကုမ္ပဏီဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က စတော့ရှယ်ယာဈေးများတက်လာ ပြီးနောက်တွင် ထိုသို့မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။
ဈေးကွက်တန်ကြေးဆိုသည်မှာ joint stock ကုမ္ပဏီတစ်ခုနဲ့ သူတို့မှထုတ်ပြန်ထားတဲ့ရှယ်ယာများ အားလုံးရဲ့စုစုပေါင်းဈေးကွက်တန်ဖိုးတစ်ခုကိုဖော်ပြနေသောအရာဖြစ်ပြီး ဒီအညွှန်းကိန်းက Apple ဟာ ၁.၅ ထရီလီယံဒေါ်လာပမာဏတန်ကြေးရှိတယ်ဆိုတဲ့ မှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်တဲ့ ပထမဦး ဆုံးအမေရိကန်ကုမ္ပဏီဖြစ်လာတာကိုပြသနေပါတယ်။
လက်ရှိကာလတွင် ရှယ်ယာတစ်ခုရဲ့တန်ကြေးဟာ ဒေါ်လာ 352 ကျပ်တန်ကြေးရှိနေပြီး စုစုပေါင်း 4.3 ဘီလျံပမာဏရှိသော ရှယ်ယာများဟာ ရှယ်ယာရှင်များထံတွင်ရှိနေပါတယ်။ ဇန်နဝါရီလကုန် တွင် အဆိုပါကုမ္ပဏီဟာ ရှယ်ယာတစ်ခုချင်းစီအတွက်အမြင့်ဆုံးဈေးကိုရရှိခဲ့ပြီးနောက် မကြာမှီတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားလာခဲ့ကာ ရှယ်ယာတန်ဖိုးများ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ သို့သော်လည်း Apple ဟာ အဆိုပါအခြေအနေဆိုးအလွန်တွင် မြန်ဆန်စွာပြန်လည်နိုးထလာခဲ့ပြီး ၎င်းတို့ရဲ့ ရှယ်ယာတန်ဖိုးများမှာ ယခင်တစ်ခေါက်ကထက်ပိုမိုမြင့်မားလာခဲ့ပြီးဆက်လက်တိုးတက် လျှက်ရှိနေပါတယ်။ ဒီကုမ္ပဏီကြီးရဲ့တန်ဖိုးဟာ ၁ ထရီလီယံပမာဏကိုရောက်ရှိခဲ့ပြီး ၂နှစ်အတွင်း ၁.၅ ထရီလီယံပမာဏသို့ရောက်ရှိခဲ့တာဖြစ်ပြီး ကျွမ်းကျင်သူများရဲ့ခန့်မှန်းချက်အရ အဆိုပါကုမ္ပဏီ ဟာ နောက်ထပ် ၄နှစ်အတွင်း ၂ ထရီလီယံဒေါ်လာတန်ဖိုးထက်ကျော်လွန်သွားလိမ့်မည်ဟုသိရှိရပါ တယ်။ Apple ရဲ့နောက်တွင် ကပ်လျှက်လိုက်နေတာကတော့ Microsoft, Amazon နဲ့ Alphabet တို့ပဲဖြစ်ပါတယ်။ ကုမ္ပဏီ ၄ခုစလုံးဟာ တန်ဖိုးငွေဒေါ်လာ ၁ထရီလီယံရဲ့အထက်မှာရှိနေပါတယ်။
သို့သော်လည်း ဆီဈေးကွက်က ကုမ္ပဏီတစ်ခုဖြစ်တဲ့ Saudi Aramco ဟာ အမြင့်မားဆုံးဈေးကွက် တန်ကြေးရှိနေပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဒေါ်လာ ၂.၁ ထရီလီယံတန်ဖိုးကိုရောက်ရှိသွားပြီဖြစ်ကာ လက်ရှိ သူတို့ရဲ့တန်ကြေးကတော့ ၁.၇ ထရီလီယံခန့်ရှိနေပါတယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။