ချိတ်ဆွဲရန်စာတန်း: News-AT&T-Discovery-Alliance-JobsInYangon
AT&T နှင့် Discovery တို့ပူးပေါင်း၍ Netflix နှင့် Disney+ ကဲ့သို့သောပြိုင်ဘက်များနှင့် ရင်ဆိုင်နိုင်ရန် စီစဉ်လျှက်ရှိ
AT&T နှင့် Discovery တို့ဟာ ပုံမှန်အားဖြင့် မီဒီယာလောကတွင် ပြိုင်ဘက်များဖြစ်ခဲ့သော်လည်း ယခုအခါ Streaming ဝန်ဆောင်မှုလုပ်ငန်းပိုင်းတွင် ပိုမို၍နေရာရယူနိုင်ရန်အတွက် Alliance တစ်ခုကို တည်ဆောက်သွားရန်ရှိနေပါတယ်။
Bloomberg ရဲ့ သတင်းများအရ အဆိုပါကုမ္ပဏီ ၂ ခုဟာ သူတို့ရဲ့ “Content Asset” များကို ပေါင်းစည်းနိုင်ရန် ဆွေးနွေးမှုများကို ပြုလုပ်လျှက်ရှိနေပြီး Disney+ နှင့် Netflix ကဲ့သို့သော ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်ဆင်လျှက်ရှိနေကြောင်း ဆိုထားခဲ့ပါတယ်။
AT&T နှင့် Discovery တို့အကြား Content များကို ပေါင်းစည်းခြင်းဟာ ပုံမှန်ဖြစ်နေကျအရာတစ်ခုမဟုတ်ပေမယ့် လက်ရှိမီဒီယာလောကရဲ့ချိန်ခွင်အနေအထားကို ထည့်သွင်းစဉ်းစားကြည့်ပါက ဒါဟာဖြစ်လာနိုင်ချေရှိနေပါတယ်။ HBO Max ဟာ မျှော်မှန်းထားသည်ထက်ပိုမိုမြန်ဆန်စွာ ကြီးထွားလာလျှက်ရှိသော်လည်း Netflix ကဲ့သို့သော ပြိုင်ဘက်များနှင့် နှိုင်းယှဉ်လိုက်ပါက အနည်းငယ်လိုအပ်နေဆဲပဲဖြစ်ပါတယ်။
အဆိုပါကုမ္ပဏီနှစ်ခုအကြား ၂ဦးသဘောတူ ပူးပေါင်းဆောင်ရွက်မှုများသာ အမှန်တကယ်ဖြစ်လာခဲ့ပါက Discovery ကိုလည်း အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိရခြင်းမရှိသေးပဲ ဒီလိုမျိုးအမှန်တကယ်ဖြစ်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။