Tags: News-Joker-Malware-Android-JobsInYangon
Joker Malware အသစ် တွေ့ရှိမှုအကြောင်း Belgium မှ ရဲအရာရှိများက Android အသုံးပြုသူများကို သတိပေးခဲ့
Belgium နိုင်ငံရှိ ရဲအရာရှိများဟာ အန္တရာယ်ရှိတဲ့ Joker Malware ကို Google Playstore ပေါ်ရှိ ရေပန်းစားနေတဲ့ App (၈) ခုတွင် တွေ့ရှိခဲ့တဲ့အတွက် Android smartphone များနဲ့ Tablet အသုံးပြုသူများကို သူတို့ရဲ့ device များအား စစ်ဆေးကြည့်ဖို့ တိုက်တွန်းလျှက်ရှိနေပါတယ်။ ယခုအခါ Google မှ အဆိုပါ app များကို PlayStore ပေါ်မှ ဖယ်ရှားလိုက်ပြီးဖြစ်သော်လည်း အဆိုပါ app များကို install ပြုလုပ်မိထားပါက အသုံးပြုသူများအနေနဲ့ ကိုယ်တိုင် uninstall ပြုလုပ်၍ ဖယ်ရှားပေးဖို့ လိုအပ်နိုင်ပါတယ်။
အဆိုပါ app များကို install ပြုလုပ်လိုက်မိတဲ့အခါ ပါဝင်လာမည့် Joker malware ဟာ text message များ၊ contact များနဲ့ အခြားသော ကိုယ်ရေးအချက်အလက်များကို smartphone များပေါ်တွင် ဝင်ရောက်ကြည့်ရှုနိုင်စွမ်းရှိနေပြီး ထို့နောက် ဈေးကြီးတဲ့လစဉ် subscription ပေးချေရတဲ့ plan များထံသို့ အသုံးပြုသူများကို အလိုအလျှောက် subscribe ပြုလုပ်ပေးနိုင်စွမ်းရှိနေပါတယ်။
ဒီ app များကို စာဖတ်သူတို့လည်း install ပြုလုပ်မိထားသလားဆိုတာကို စစ်ဆေးကြည့်နိုင်ဖို့အတွက် Google မှ ဖယ်ရှားခဲ့တဲ့ app (၈) ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ် -
• Auxiliary Message
• Element Scanner
• Fast Magic SMS
• Free CamScanner
• Go Messages
• Super Message
• Great SMS
• Travel Wallpapers
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.