ချိတ်ဆွဲရန်စာတန်း: News-NewPhone-2020-BlackBerry-JobsInYangon
BlackBerry 5G ဖုန်း ၂၀၂၁ အစောပိုင်းတွင်ထွက်မည်
၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်မတိုင်မှီ BlackBerry တံဆိပ် စမတ်ဖုန်းအသစ်တစ်လုံးကိုထုတ်လုပ်နိုင်ဖို့အတွက် BlackBerry, FIH Mobile နှင့် OnwardMobility တို့ဟာ သဘောတူညီမှုတစ်ရပ်ကို ပြီးခဲ့တဲ့အပတ်အတွင်းက ရေးထိုးခဲ့ပါတယ်။
ဒီ handset အသစ်ဟာ 5G ကွန်ယက်ကိုအထောက်အပံ့ပြုနိုင်မှာဖြစ်ပြီး BlackBerry ရဲ့ trademark အတိုင်း physical keyboard ပါဝင်ကာ၊ ထိပ်တန်းလုံခြုံမှုစနစ်များနဲ့ အစိုးရအဖွဲ့အစည်းများနဲ့ လုပ်ငန်းကြီးများအတွက် တစ်မူထူးခြားတဲ့လုပ်ဆောင်ချက်များလည်းပါဝင်လာဦးမှာပဲဖြစ်ပါတယ်။
အဆိုပါသဘောတူညီချက်ရဲ့ စည်းကမ်းချက်များအရ၊ OnwardMobility က ထွက်ရှိလာမယ့် 5G BlackBerry စမတ်ဖုန်းကို စီမံရောင်းချဖို့တာဝန်ရှိမှာဖြစ်ပြီး၊ FIH Mobile ကတော့ အဆိုပါ device ကိုတီထွင်ထုတ်လုပ်ဖို့ တာဝန်ရှိမှာဖြစ်ကာ BlackBerry ကတော့ လုပ်ငန်းကြီးများနဲ့ အစိုးရအဆင့် လုံခြုံရေးနည်းပညာများကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ရလာဒ်အဖြစ်ရရှိလာတဲ့ထုတ်ကုန်ကို မြောက်အမေရိကတိုက်နဲ့ ဥရောပတိုက် များတွင် ရရှိနိုင်မှာဖြစ်ကာ ဈေးနှုန်းမှာ ဗြိတိန်ပေါင် ၅၀၀ မှ ပေါင် ၈၀၀ အကြားရှိနိုင်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။