Jobs In Myanmar
Load...

Body Language for Leaders

by www.jobsinyangon.com


Tags: Knowledge-BodyLanguage-Leaders-Workplace-JobsinYangon



 ခေါင်းဆောင်များသတိထားသင့်သည့် ကိုယ်အမူအယာများ

သင့်အနေနဲ့ သင့်ရဲ့ခေါင်းဆောင်သို့ချဉ်းကပ်မေးမြန်းသင့်လားဆိုတာကို အမြဲတမ်းသေချာမသိနိုင်တဲ့အလုပ်ခွင် တစ်ခုကိုမြင်ယောင်ကြည့်လိုက်ပါ။ ဘာကြောင့်လဲဆိုတာကိုသင်ကိုယ်တိုင်တောင်ရေရေရာရာမသိသော်လည်း ထိုသူကိုမေးခွန်းများမေးဖို့ အကြံဉာဏ်များပေးဖို့ ကောင်းမွန်မှန်ကန်တဲ့အချိန်မဟုတ်ဘူးလို့ အမြဲတမ်းခံစားနေရပါတယ်။ တစ်ကယ်တမ်းတွင် သင့်အနေနဲ့ သူ့ထံကဝေဖန်အကြံပြုချက် (သို့) အကြံဉာဏ်များကိုရယူရန်ဆန္ဒရှိနေသော်လည်း သင်ဟာ သူ့ရဲ့အလုပ်စီးဆင်းမှုကိုနှောင့်ယှက်မိပါက (သို့) ပြဿနာတစ်ရပ်ကို သူ့အား ပြောကြားလိုက်ပါက ထိုသူကို စိတ်ညစ် (သို့) စိတ်တိုစိတ်ပျက်စေမှာကိုကြောက်ရွံ့နေရပါသလား။ အချုပ်အားဖြင့်ဆိုသော် ထိုသူကိုချဉ်းကပ်ပြောဆိုဖို့ရာအတွက် သူ မဖိတ်ခေါ်ပါက သင်ဟာစိတ်လှုပ်ရှားကြောက်ရွံ့နေရပြီး ထိုသူဟာ သင့်အနေနဲ့ ပုံမှန်ဝင်ထွက်ပြောဆို၍မရနိုင်သူဟုခံစားနေရပါတယ်။ 

ထိုသို့ဖြစ်နေပါက စိတ်ဖိစီးစေတယ်မဟုတ်ပါလား? 

ဒါဆိုရင် သင့်ရဲ့အဖွဲ့ဝင်များအနေနဲ့ သင့်ကိုထိုသို့ထင်မြင်ခံစားရစေနိုင်တဲ့ဖြစ်နိုင်ခြေကိုစဉ်းစားကြည့်လိုက်ပါ။ 

အကယ်၍သင်ဟာ သင့်ရဲ့ဝန်ထမ်းတွေက သင့်ခေါင်းဆောင်မှုအပေါ်ထိုသို့ထင်မြင်ယူဆလာနိုင်ခြေမရှိဘူးလို့ ထင်မြင်ယူဆနေပါက နောက်တစ်ခေါက်လောက်ပြန်လည်စဉ်းစားကြည့်ပေးဖို့ကို ကျွန်ုပ်တို့ကတိုက်တွန်းလိုပါ တယ်။ ကျွန်ုပ်တို့အများစုဟာ ကောင်းမွန်စွာဝင်ထွက်ပြောဆိုနိုင်ပြီး ချဉ်းကပ်ဖို့လွယ်ကူနိုင်တာကိုဖော်ပြချင်တဲ့ ကောင်းမွန်သောရည်ရွယ်ချက်များရှိနေသော်လည်း ကျွန်ုပ်တို့ရဲ့ ကိုယ်အမူအယာများကြောင့် မကြာခဏဆိုသလို ထိုရည်ရွယ်ချက်ကောင်းများမှ လမ်းလွဲသွားတတ်ပါတယ်။ 

ကျွန်ုပ်တို့ရဲ့ကိုယ်အမူအယာများဟာ ကျွန်ုပ်တို့ရဲ့အဖွဲ့ဝင်များကို ရည်ရွယ်ချက်ရှိရှိသော်၎င်း၊ မရည်ရွယ်ပဲနဲ့သော် ၎င်း message များပေးနေတတ်ပါတယ်။  

ကျွန်တော်တို့အနေနဲ့ မန်နေဂျာများနဲ့ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ဆွေးနွေးပြောဆို ကြည့်တဲ့အခါမှာ အားလုံးနီးပါးသောသူတို့ဟာ ဖတ်ရှုခဲ့ဖူးတဲ့စာအုပ်များထဲက အနာဂါတ်ရည်မှန်းချက်ချမှတ်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာနည်းစနစ်များ၊ လူအများရှေ့တွင်စကားပြောခြင်း (သို့) ပြဿနာရပ်များကိုစီမံဖြေရှင်းခြင်း ကဲ့သို့သောအရာများကိုသာ အလေးပေးပြောဆိုနေကြပါတယ်။ 

လက်ရှိလုပ်ဆောင်နေတဲ့ကိုယ်အမူအယာနဲ့ပြောဆိုဆက်ဆံပုံများကိုသင်ကြားမှုနဲ့ လေ့ကျင့်မှုများကို ဘယ်သူကမှ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ သို့သော်လည်း ဒီအရာဟာ ကျွန်ုပ်တို့နေ့စဉ် ပြောကြားနေပြီး လက်ခံရရှိနေတဲ့ နှုတ်ဖြင့်ဆက်သွယ်ပြောဆိုမှုများအပေါ် သက်ရောက်မှုရှိနိုင်တဲ့ ကျွန်ုပ်တို့ရဲ့ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်အတွက် အရေးကြီးတဲ့အချက်များထဲမှတစ်ခုဖြစ်နေပါတယ်။ ကျွန်ုပ်တို့ရဲ့ နှုတ်မှထုတ်ဖော်ပြောဆိုစရာမလိုတဲ့ အမူအကျင့် များဟာ ကျွန်ုပ်တို့ရဲ့ လုပ်ငန်းခွင်အစဉ်အလာများကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ပုံဖော်လျှက်ရှိနေပါတယ်။ 

ဒါကြောင့် ကိုယ်အမူအယာများနဲ့ ခေါင်းဆောင်မှုစွမ်းရည်ဆက်စပ်နေပုံကို အချိန်အနည်းငယ်ယူပြီး ကျွန်ုပ်တို့ အတူတကွလေ့လာကြည့်ကြရအောင်ပါ။ ဒါဟာသင့်အတွက်လည်း တန်ဖိုးရှိစေမှာဖြစ်ပါတယ်။ 

အောက်တွင် ကျွန်တော်တို့အနေနဲ့ ခေါင်းဆောင်သူများဟာ သူတို့ရဲ့အဖွဲ့ဝင်များကို ချည်းကပ်၍မရနိုင်ကြောင်း (သို့) ပုံမှန်ဝင်ထွက်ပြောဆို၍မရနိုင်ကြောင်းကိုပြသနေတဲ့ နည်းလမ်း (၃) ခုအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါ တယ်။ ထို့နောက် ဆက်လက်ပြီး သင့်ရဲ့ လုပ်ငန်းခွင်အတွင်းရှိ ကိုယ်အမူအယာ/ အမူအကျင့်များကို တိုးတက် ကောင်းမွန်လာစေရန်အတွက် သင့်အနေနဲ့လက်တွေ့အသုံးချနိုင်မယ့်နည်းစနစ်အချို့ကိုလည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

 

သင့်ကိုယ်သင်တောင်မသိလိုက်ပဲ လုပ်မိနေနိုင်တဲ့ ကိုယ်အမူအယာအမှားများ 

 

၁။ တည့်မတ်မှုမရှိသော ခန္ဓာကိုယ်အထားအသို၊ ပွင့်လင်းမှုမရှိသောကိုယ်ဟန်အနေအထား (သို့) သင်နှင့် သင့်ဝန်ထမ်းများအကြား ပို၍ခပ်ခွာခွာနေခြင်း။ 

မော်လီဟာ သူမ supervisor ရဲ့ ရုံးခန်းအတွင်းသို့ဝင်ရောက်ပြီးနောက် ဒီအပတ်အတွင်းသူမလုပ်ကိုင်နေတဲ့ လုပ်ငန်းပရောဂျက်တစ်ခုအကြောင်းမေးမြန်းဖို့ရာအတွက် ချဉ်းကပ်ခဲ့ပါတယ်။ သူမရဲ့ supervisor ဖြစ်သူ ရှာနာ ဟာ သူမရဲ့စားပွဲပေါ်မှာထိုင်ပြီး ကွန်ပြူတာနဲ့အလုပ်လုပ်နေပါတယ်။ မော်လီရောက်လာတာကို တံခါးအသံကြား တဲ့အတွက် ရှာနာဟာ သူမရဲ့ခေါင်းကိုစောင်းငဲ့ကြည့်လိုက်ပြီး မျက်လုံးချင်းဆုံကာ ရင်းနှီးစွာနှုတ်ဆက်လိုက်ပါ တယ်။ 

“အမ တစ်မိနစ်လောက်အချိန်ရရဲ့လား?” မော်လီကမေးလိုက်ပါတယ်။ “အမအနေနဲ့တစ်ခုခုလုပ်ပေးဖို့လိုအပ်နေ လို့ပါ။” 

“ဒါပေါ့၊ ရပါတယ်” ရှာနာကပြောလိုက်ပါတယ်။ “ဘာကိစ္စများပါလိမ့်?” 

ရှာနာဟာ ထိုအချိန်တွင် ဆက်သွယ်ပြောဆိုမှုပြုရာမှာ သူမရဲ့ခေါင်းကို မော်လီဘက်သို့ လှည့်ထားသော်လည်း သူမ ရဲ့ပခုံးနဲ့ ခန္ဓာကိုယ်ဟာကွန်ပြူတာဘက်သို့လှည့်နေပြီး သူမရဲ့လက်ချောင်းများဟာလည်း ကီးဘုတ်ပေါ်မှာပဲရှိနေပါ တယ်။ ခဏအကြာမှာ မော်လီက ရှာနာရဲ့ကိုယ်အမူအယာ၊ အပြုအမူဟာ အခုအချိန်မှာ ဒီကိစ္စရပ်အကြောင်းကို မဆွေးနွေးလိုသေးဘူးလို့ အဓိပ္ပါယ်ဖွင့်ဆိုလိုက်တဲ့အတွက် သူမဟာ စိတ်ရှုပ်ထွေးပြီး ရှာနာကိုသူမစိတ်ဆိုးအောင် ပြုလုပ်မိလိုက်သလားဆိုတာကိုစိတ်ပူစွာနဲ့ အခန်းထဲကထွက်ခွာသွားပါတော့တယ်။ 

ရှာနာက သူမဟာ မော်လီကသူမရုံးခန်းအတွင်းသို့ဝင်ရောက်လာပြီးမေးမြန်းတဲ့မေးခွန်းတစ်ခုကိုစိတ်ဝင်စားမှုမရှိ ဘူးလို့ဆိုလိုချင်တာလား? ပိုပြီးဖြစ်နိုင်တာတစ်ခုကတော့ ရှာနာဟာ သူမရဲ့ခန္ဓာကိုယ်ထားသိုပုံနဲ့ ကိုယ်ဟန်အမူအ ယာဟာ မော်လီ့အနေနဲ့ ဘယ်လိုထင်မြင်သွားစေမလဲဆိုတာကို မစဉ်းစားလိုက်မိတာပဲဖြစ်နိုင်ပါတယ်။ 

ခန္ဓာကိုယ်ထားသိုပုံဆိုသည်မှာ ကျွန်ုပ်တို့အနေနဲ့ အခြားသူများနဲ့ပြောဆိုဆက်ဆံမှုပြုရာတွင် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ် ကိုထားသိုသည့်ပုံစံအနေအထားတစ်ရပ်ဖြစ်ပါသည်။ တည့်မတ်မှုမရှိသော ခန္ဓာကိုယ်ထားသိုမှုပုံစံဆိုတာကတော့ ကျွန်ုပ်တို့အနေနဲ့အခြားသူတစ်ယောက်အပေါ်အာရုံစိုက်မနေပဲ အခြားအရာတစ်ခုခုအပေါ်တွင်အာရုံစိုက်နေသည့် အခါတွင် ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်အနေအထားတစ်ခုကိုဆိုလိုတာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ခေါင်းတွေ၊ ပခုံးတွေ၊ ခန္ဓာ ကိုယ်တွေနဲ့ ခြေချောင်းများကိုပါ အခြားသူဖက်သို့လှည့်မထားပဲ ကျွန်ုပ်တို့ဟာ မိမိကိုယ်ကို အဆိုပါဆက်သွယ် ပြောဆိုမှုတစ်ရပ်မှကန့်သတ်ခြားနားလိုက်တဲ့ပုံစံမျိုးဖြစ်သွားစေနိုင်ပါတယ်။ 

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထားသိုမှုပုံစံများဟာ ကျွန်ုပ်တို့အနေနဲ့ ဘာတွေကိုစိတ်ဝင်စားသလဲဆိုတာကို မကြာခဏဆို သလိုပင် ဖော်ပြနေလေ့ရှိပြီး ဒါကြောင့်ပဲ ဒီအရာဟာ ခေါင်းဆောင်သူများအနေနဲ့ တိုက်ရိုက်ခန္ဓာကိုယ်ထားသိုမှု ပုံစံကို အခြားသောသူများနဲ့ပြောဆိုဆက်ဆံရာတွင် အသုံးပြုဖို့မှာလွန်စွာအရေးကြီးတဲ့အချက်ဖြစ်ကြောင်းဖော်ပြ နေတာပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ဟာ အခြားသူတစ်ဦးနဲ့ မျဉ်းပြိုင်အနေအထားရှိနေတဲ့အခါမှာ ဒါက ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ များစွာသော အာရုံစူးစိုက်မှုကိုပျက်ပြားစေမယ့်အရာများထံမှ ခွဲခွာလိုက်ပြီး ဖြစ်တယ်ဆိုတာကိုပြသနေပါတယ်။ ၎င်းက ကျွန်ုပ်တို့ဟာ ပြောဆိုဆက်ဆံမှုပြုဖို့ရာအတွက်ကိုမြှုပ်နှံလိုက်ပြီး ကျွန်ုပ်တို့ရဲ့ စိတ်အာရုံစူးစိုက်မှုကိုပျက်ပြားစေမယ့်အရာများကို ပိတ်ပင်ထားလိုက်ပြီဆိုတာကိုပြသညွှန်းဆိုနေပါ တယ်။ 

အကယ်၍ကျွန်ုပ်တို့ဟာ အခြားသောအရာတွေကို စိတ်ဝင်စားမှုရှိနေတယ်ဆိုတာကိုဖော်ညွှန်းပြသလိုတာမဟုတ် ရင်တောင်မှ ကျွန်ုပ်တို့အနေနဲ့တည့်မတ်မှုမရှိတဲ့ခန္ဓာကိုယ်ထားသိုပုံကိုအသုံးပြုတဲ့အခါမှာ အခြားသူများကို ထိုသို့ ထင်မြင်ယူဆသွားစေပါတယ်။

အလားတူစွာပင်ကျွန်ုပ်တို့သည်ပွင့်လင်းသောကိုယ်ခန္ဓာကိုယ်ဟန်အနေအထားကိုအသုံးပြုလိုကြပါတယ်။ ၎င်းမှာ -  ဖြောင့်မတ်သော်လည်းသက်တောင့်သက်သာရှိသောကိုယ်ဟန်အနေအထား၊ ဖွင့်ထားသောလက်နှင့် သက်တောင့်သက်သာရှိသောအမူအယာများနှင့် ကျွန်ုပ်တို့နဲ့ နားထောင်နေသူများအကြားရှိ အရာဝတ္ထု (သို့) ခြေလက်အင်္ဂါများကဲ့သို့သော အတားအဆီးများကိုဖယ်ရှားခြင်းဖြစ်ပါတယ်။ 

ထိုအရာနှင့်ဆန့်ကျင်ဘက်ကတော့ ပွင့်လင်းမှုမရှိသောကိုယ်ဟန်အနေအထားဖြစ် ပြီး ထိုအရာတွင် - ပျင်းရိသည့် ပုံစံဖြင့်နေထိုင်ခြင်း၊ လက်ပိုက်ထားခြင်း၊ ခြေချိတ်ထိုင်ခြင်း၊ ခါးထောက်ခြင်း (သို့) ကျွန်ုပ်တို့နှင့် နားထောင်သူများ ၏အကြားတွင်အတားအဆီးများရှိနေခြင်းတို့ပါဝင်ပါသည်။ အစည်းအဝေးတစ်လျှောက်လုံးတွင် သူမ၏ရင်ဘတ် ပေါ်၌ စာအုပ်ကိုပိုက်ထားသည့်ခေါင်းဆောင်တစ်ဦး (သို့) ဝန်ထမ်းတစ်ဦးက သူ့ရဲ့အကြံဉာဏ်များကိုမျှဝေသည့် အခါ (သို့) ပြဿနာတစ်ရပ်အကြောင်းကိုဆွေးနွေးသည့်အခါတွင် သူ့ရဲ့လက်ကိုပိုက်ထားတတ်သည့်ခေါင်းဆောင် တစ်ဦးကိုမြင်ယောင်ကြည့်လိုက်ပါ။ ထိုသို့သောပုံစံရှိနေတဲ့ ပွင့်လင်းမှု မရှိသောကိုယ်ဟန်အနေအထားဟာ စိတ်ဝင်စားမှုမရှိခြင်းနှင့် သက်တောင့်သက်သာမရှိ ဖြစ်နေနိုင်တာကိုပင် ဖော်ပြနေပါတယ်။

နောက်ဆုံးအနေဖြင့် ကျွန်ုပ်တို့သည်အခြားသူများနှင့်ဆက်သွယ်သောအခါရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကွာအဝေးကိုလျှော့ချရန် မျက်လုံးခြင်းတိုက်ရိုက်ဆုံနိုင်စေမည့်နည်းလမ်းများကိုစဉ်းစားရပါမယ်။ မျက်လုံး ချင်းတိုက်ရိုက်ဆုံတွေ့မှုရှိခြင်းဟာ လူထူထပ်ပြီး ဆူညံနေတဲ့အခန်းအတွင်းတွင်အသုံးပြုခဲ့ရင်တောင်မှ အခြား သူအား သူတို့ပြောဆိုလိုက်သည့်အရာကို မြင်တွေ့၊ ကြားသိရတယ်လို့ ခံစားရစေပါတယ်။ အခြားသောအာရုံ ပျံ့လွင့်စေသည့်အရာများကိုပိတ်ဆို့ပြီး မျက်လုံးခြင်းဆုံကာကြည့်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ဝန်ထမ်းများအနေ နဲ့ သူတို့ထံတွင်အာရုံစူးစိုက်မှုရှိတယ်ဆိုတာကို ခံစားသိရှိစေမှာဖြစ်ပါတယ်။

မျက်လုံးချင်းတိုက်ရိုက်တွေ့ဆုံနိုင်မှုမရှိနိုင်တဲ့အခါမှာဆိုရင်ရော ဘယ်လိုလုပ်ဆောင်ရမလဲ? ထုတ်ဖော်ပြောဆို လိုက်ပါ။ ဒီအရာကသင့်ရဲ့ ကိုယ်အမူအယာ/အမူအကျင့်များကို သဘောပေါက်သည့်ပုံစံအပေါ် ကြီးမားတဲ့ ခြားနား မှုကိုဖြစ်ပေါ်စေပါတယ်။ အောက်ပါအတိုင်းစမ်းသပ်လုပ်ဆောင်ကြည့်လိုက်ပါ - 

“ခင်ဗျားပြောဆိုနေတုန်းမှာ ကျွန်တော်/ ကျွန်မ ဒီနံပါတ်လေးတွေကိုပဲကြည့်နေမှာပါ။ ဒါပေမယ့် နားထောင်နေပါ တယ်။ ဆက်ပြောပါ။” 

ဒီတော့ နောက်တစ်ကြိမ် သင့်အဖွဲ့သားတွေနဲ့ ဆက်သွယ်ပြောဆိုမှုပြုတဲ့အခါမှာ စိတ်ထဲကရည်ရွယ်အားထုတ်ပြီး တိုက်ရိုက်ခန္ဓာကိုယ်ထားသိုမှုပုံစံ၊ ပွင့်လင်းသောကိုယ်ဟန်အနေအထားနဲ့၊ မျက်လုံးချင်းဆုံတွေ့မှုရှိစေဖို့ကို လုပ် ဆောင်လိုက်ပါ။ ထိုနည်းအားဖြင့် သင်တို့အတူတကွဆက်သွယ်ပြောဆိုနေတဲ့အရာအပေါ် သင်တန်ဖိုးထားတယ် ဆိုတာကို ဖော်ပြနိုင်ပါလိမ့်မယ်။ 

၂။ သင်ဟာ အမြဲလိုလို စိတ်ဖိစီးနေတဲ့ပုံပေါက်နေခြင်း (သို့) အခြားအရာများကို စိတ်ဝင်စားဖို့အချိန်မရှိပဲ အရမ်း အလုပ်ရှုပ်နေခြင်း 

ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့အနေနဲ့ အခြားသူများနဲ့ ဆက်သွယ်ပြောဆိုမှုပြုနိုင်ဖို့ရာ လုံခြုံမှုရှိပြီး သက်တောင့်သက်သာ ဖြစ်ရဲ့လားဆိုတာကို အမြဲတမ်းပတ်ဝန်းကျင်ကိုလေ့လာအကဲခတ်နေကြပါတယ်။ အကယ်၍အခြားသူများဟာ အလုပ်ရှုပ်နေပြီး (သို့) စိတ်ဖိစီးမှုများရှိနေတယ်လို့ ခံစားရပါက ကျွန်ုပ်တို့အနေနဲ့ ထိုသူများကို စိတ်တိုစေပြီး စိတ်ပျက်စေမှာကိုကြောက်ရွံ့တဲ့အတွက် စကားစမြည်စတင်ပြောဆိုဖို့ (သို့) မေးခွန်းတွေမေးမြန်းဖို့အတွက် လွန်စွာတွန့်ဆုတ်သွားမှာဖြစ်ပါတယ်။ 

ထို့နည်းတူစွာပင် ကျွန်ုပ်တို့ရဲ့အဖွဲ့သားများဟာလည်း ကျွန်ုပ်တို့ရဲ့ စိတ်အခြေအနေများနဲ့ ကိုယ်အမူအယာများကို လေ့လာနေပြီး သူတို့အနေနဲ့ ကျွန်ုပ်တို့ထံသို့ချဉ်းကပ်ပြောဆိုသင့်ရဲ့လားဆိုတာကို ဆုံးဖြတ်နေတာဖြစ်ပါတယ်။ 
အကယ်၍ ကျွန်တော်ဟာ အမြဲအလျှင်လိုနေပြီး ရုံးခန်းအတွင်းလမ်းလျှောက်စဉ်မှာ ကျွန်တော့ရဲ့ခေါင်းကိုငုံ့ထားပါ က ကျွန်တော့်ထံတွင် ကျွန်တော့်ရဲ့အဖွဲ့သားများကိုပေးဖို့ တစ်စက္ကန့်လေးတောင်မှ အချိန်မရဘူးဆိုတာကို ပြသနေ ပါလိမ့်မယ်။ 

အကယ်၍ ကျွန်တော်ဟာ အစည်းအဝေးပွဲများတွင် တင်းမာ၊ တင်းကြပ်သောပုံစံဖြစ်နေပြီး၊ လေလံတင်တဲ့သူတစ် ဦးကဲ့သို့ အသံအကျယ်ကြီးဖြစ်နေပါက ကျွန်တော့ရဲ့အဖွဲ့သားတွေအနေနဲ့ ဒါဟာဖြစ်ပွားလာနိုင်ခြေရှိတဲ့ပြဿနာ တစ်ရပ်အကြောင်း (သို့) အလွန်ကောင်းမွန်တဲ့အကြံအစည်တစ်ခုအကြောင်းကို ထုတ်ဖော်ပြောကြားဖို့အချိန်မကျ သေးဘူးဟူ၍ ထင်မြင်ယူဆသွားနိုင်စေပါလိမ့်မယ်။ 

အကယ်၍ ကျွန်တော့်ရဲ့အဖွဲ့သားများအနေနဲ့ ကျွန်တော်ပြုံးတာ၊ ရယ်တာကို အလုပ်ခွင်အတွင်း တစ်ခါမှ မမြင်ရပါ က သူတို့အနေနဲ့ ထို့သို့ပြုလုပ်ရန်အတွက်လုံခြုံမှုမရှိဘူးဟူ၍ (အထူးသဖြင့် ကျွန်တော်ရှိနေစဉ်တွင်) ခံစားရစေပါ လိမ့်မယ်။ 
အကယ်၍ ကျွန်တော်ဟာ အမြဲတမ်းရုံးတွင်းနှင့် ရုံးအပြင် အမြဲတမ်းကမူးရှုးထိုးနဲ့သွားလာနေရပြီး အမြဲဖုန်းပြော ခြင်း (သို့) e-mail များစစ်ဆေးခြင်းကိုသာပြုလုပ်နေပါက ကျွန်တော့ရဲ့ အဖွဲ့သားများအနေနဲ့ ကျွန်တော်ဟာ သူတို့ ချဉ်းကပ်ဖို့အတွက် အားလပ်မှုမရှိသေးဘူးဟူ၍ ထင်မြင်ယူဆသွားပါလိမ့်မယ်။ 

သူတို့အနေနဲ့ သူတို့လုပ်နေတာတွေကို မမြင်ဘူး၊ မကြားဘူးနှင့် အရေးမပါဘူးဟူ၍ ခံစားလာရနိုင်ပါတယ်။ 

တစ်ကိုယ်ရေအမြင်အရ ဒါဟာကျွန်တော့်ရဲ့အားနည်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်မှတ်မိသလောက် အထူးသဖြင့် ကျွန့်တော့အနေနဲ့ခက်ခဲတဲ့အချိန်များမှာ ကျွန်တော်ဟာ တစ်ရက်အတွင်း လူသားတစ်ယောက်အနေ နဲ့ လုပ်နိုင်သလောက် activity တွေနဲ့ ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့ များနိုင်သမျှများအောင် လုပ် ဆောင်လေ့ရှိပါတယ်။ ရလာဒ်အနေနဲ့ ကျွန်တော်ဟာအလုပ်ပင်ပန်းမှုတွေဖြစ်လာခြင်းနဲ့ စိတ်ထဲကပါရင်တောင်မှ (အထူးသဖြင့် ကျွန်တော်လုပ်ဆောင်ရမယ့်အရာများနောက်ကျနေတဲ့အခါမှာ) အခြားသူများရှေ့သို့ လူကိုယ်တိုင် ရောက်ရှိလာနိုင်ခြင်းမရှိတော့ပါဘူး။ 

ဒီအရာဟာပြဿနာတစ်ရပ်ဖြစ်စေတယ်ဆိုတာကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ကျွန်တော့်ရဲ့ဝန်ထမ်းတစ် ယောက်က ကျွန်တော်နဲ့ ခန်းမဆောင်တစ်ခုအတွင်းတွေ့ဆုံတဲ့အခါမှာ ပထမဆုံးသတိထားမိခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံးထွက်လာတဲ့စကားဟာ “ဆရာ့ကို ဒီကိစ္စလေးတစ်ခုအတွက်နဲ့နှောင့်ယှက်ရတာစိတ်မကောင်းပါ ဘူး၊ ဒါပေမယ့် …. “။ ဒီအရာက ကျွန်တော့်ကိုတစ်ကယ်ပဲ သတိထားမိသွားစေပါတယ်။ ဒါဟာ ထိုအပတ်အတွင်း ကျွန်တော့်ရဲ့ဝန်ထမ်းများက ကျွန်တော့်ကိုထိုသို့ပြောဆိုခဲ့တာ ၄ကြိမ်မြောက်ဖြစ်နေပါပြီ။ 

ကျွန်တော့်ထံတွင် ရုံးတွင်းသို့ဝင်လာတဲ့အခါ အလွန်မြန်ဆန်စွာလမ်းလျှောက်ပြီး ကျွန်တော့ရဲ့နောက်ထပ်လုပ် ဆောင်ရမယ့်လုပ်ငန်းတစ်ခု (သို့) ပရောဂျက်တစ်ခုကိုသာ အပြင်းအထန်တွေးတောနေလေ့ရှိတဲ့ အကျင့်ဆိုးတစ်ခု ရှိနေပါတယ်။ ရလာဒ်အနေနဲ့ ကျွန်တော်ကိုယ်တိုင်မသိလိုက်ပဲနဲ့ ကျွန်တော်ဟာ သူတို့အတွက်အချိန်မရှိဘူးဆိုတဲ့ message ကိုပေးနေမိပါတယ်။  ကျွန်တော့်အနေနဲ့ သူတို့ ကျွန်တော့်အပေါ်ကိုဒီလိုထင်သွားမှာကို တကယ်ပဲ မလိုလားပါဘူး။ ဒါပေမယ့် ထိုသဘောကို လုံးဝသက်ရောက်သွားစေခဲ့ပါတယ်။ 

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အလွန်အမင်းအလုပ်ရှုပ်ခြင်း (သို့) စိတ်ဖိစီးမှုများနေတဲ့အခါမှာ ချည်းကပ်ရမလွယ်တဲ့ပုံစံပေါက်နေလို့ပါပဲ။ 

ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်တို့ဟာ သက်တောင့်သက်သာရှိပြီး မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ကိုယ်ဟန်အနေ အထားရှိပြီး အသံအနိမ့်အမြင့်၊ အတက်အကျရှိစွာပြောဆိုကာ ပြုံးရယ်ပြီး ကျွန်တော်တို့ရဲ့အဖွဲ့ဝင်များကိုလည်း ထိုသို့ပြုလုပ်ရန်အတွက်တိုက်တွန်းစေတဲ့အခါမှာ သူတို့အနေနဲ့ ကျွန်တော်တို့ဟာ စိတ်ပိုင်းဆိုင်ရာအရ အသင့်ရှိနေ ပြီး သူတို့အပေါ်မြှုပ်နှံမှုရှိတယ်လို့ ခံစားရစေပါတယ်။ 

ကျွန်တော်တို့အနေနဲ့ အလုပ်သို့ရောက်ရောက်ချင်း ရုံးခန်းထဲတန်းဝင်မယ့်အစား ၅မိနစ်မှ ၁၀မိနစ်ခန့်ကို ကျွန်တော် တို့ရဲ့ဝန်ထမ်းများကိုနှုတ်ဆက်ပေးပါက ကျွန်တော်တို့ရဲ့အဖွဲ့သားတွေအနေနဲ့အလုပ်ချိန်တစ်လျှောက်လုံးမှာ ကျွန်ုပ် တို့ကိုချဉ်းကပ်စဉ်တွင် သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ သူတို့ရဲ့ မေးခွန်းများ၊ ပြဿနာများ (သို့) အကြံဉာဏ်ပေးခြင်းများကို လက်ခံနားထောင်ပေးရန်အတွက် အရမ်း အလုပ်များပြီး၊ စိတ်ဖိစီးမှုတွေများမနေဘူးဆိုတာကို ဖော်ပြနိုင်မှာဖြစ်ပါတယ်။ 

အကယ်၍ သင်ဟာဒီအချက်နဲ့ညိစွန်းနေနိုင်သလားဆိုတာကို သင့်ကိုယ်သင်ပြန်လည်မေးခွန်းထုတ်ကြည့်လိုက်ပါ။ သင့်ရုံးခန်းအတွင်းသွားလာရတဲ့အခါ (သို့) အစည်းအဝေးများတွင် သင်ဟာ ဘယ်လိုမျိုးအမူအယာတွေကိုပြသနေ တတ်ပါသလဲ? သင့်အနေနဲ့ သင်ဟာအရမ်းစိတ်ဖိစီးမှုများပြီး (သို့) အခြားအရာများကိုအာရုံစိုက်ဖို့အချိန်မရှိပဲ အရမ်းအလုပ်များနေတဲ့ပုံစံပေါက်နေပါသလား။ ထိုသို့ဖြစ်နေပါက ယနေ့မှစတင်ပြီး အနည်းငယ်နှေးကွေးစွာသွား လာပြီး သင့်ရဲ့အဖွဲ့သားများနဲ့တွေ့ဆုံတဲ့အခါမှာ ပြုံးပြလိုက်ပါ။ 

၃။ သင့်ရဲ့ရုံးခန်းနေရာက သင်နဲ့ဆန့်ကျင်နေတာမျိုး 

ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်ဟာ ကျွန်ုပ်တို့ရဲ့ အတွေးအမြင်တွေ၊ မျှော်လင့်ချက်တွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေ အပေါ်အကျိုးသက်ရောက်ပုံကို ခေါင်းဆောင်သူအများစုဟာ အချိန်ယူပြီးမလေ့လာတတ်ကြပါဘူး။ 

သင့်အနေနဲ့ ဘယ်နေရာသို့ရောက်နေနေ ခဏလောက်ရပ်ပြီး အချိန်ခဏယူကာ သင့်ပတ်ဝန်းကျင်ရှိအရာများရဲ့ အကြောင်းကို စဉ်းစားကြည့်လိုက်ပါ။ ဗိသုကာပညာ၊ အကျယ်အဝန်းနဲ့ ပရိဘောဂပစ္စည်းအထားအသို၊ ဒီဇိုင်းနှင့် အလှဆင်ပစ္စည်း၊ အရောင်၊ အလင်းအမှောင်၊ အပူချိန်၊ အမွေးရနံနှင့် အနံ့ကဲ့သို့သော အချက်များဟာ ထိုနေရာ အတွင်းဖြစ်ပွားနေတဲ့ ဆက်သွယ်ပြောဆိုမှုအမျိုးအစားများကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေပါသလဲ?  သင့် အနေနဲ့ ထိုပတ်ဝန်းကျင်သို့ဝင်ရောက်ရတဲ့အခါမှာ ဘယ်လိုခံစားရပါသလဲ? သင့်အနေနဲ့ ထိုသို့သောပတ်ဝန်းကျင် မှာ အကြာကြီးစကားစမြည်ပြောဆိုရတဲ့အခါ သင်ဘယ်လိုခံစားရနိုင်ပါသလဲ? 

လွန်စွာရည်ရွယ်ချက်ကောင်းမွန်တဲ့ ခေါင်းဆောင်သူများဟာတောင်မှု ဒီ နှုတ်ဖြင့်ပြောဆိုရန်မလိုပဲ စကားပြောနေ တဲ့အရာတွေကို မကြာခဏဆိုသလို သတိမမူမိတတ်ကြပါဘူး။ 

ကျွန်တော့နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ယခင်အလုပ်ရှင်တစ်ဦးရဲ့အကြောင်း ဇာတ်လမ်းလေးတစ် ပုဒ်ကိုပြောပြခဲ့ပါတယ်။ ကျွန်တော်တို့သူ့ကို Matt လို့ပဲတင်စားလိုက်ပါမယ်။ Matt ဟာ အမြဲတမ်းသူ့ရဲ့ “တံခါးဖွင့် ဝါဒ” အကြောင်းပြောဆိုနေပြီး သူ့ရဲ့ဝန်ထမ်းများဟာ ဘယ်အကြောင်းအရာကိုမဆိုသူနဲ့တိုက်ရိုက်လာရောက်ပြော ဆိုနိုင်တယ်လို့ အမှန်တကယ်ကို ယုံကြည်ထားပါတယ်။ 

ပြဿနာက Matt ဟာ သူ့ရဲ့တံခါးကိုတစ်ကယ်တမ်းမှာလုံးဝဖွင့်မထားခဲ့တာပါပဲ။ ဒီအပြင် သူ့ရဲ့ရုံးခန်းဟာလည်း အဆောက်အဦးရဲ့နောက်ဘက်ကျတဲ့ထောင့်ဘက်မှာရှိနေပြီး ဝန်ထမ်းများအနေနဲ့ အစည်းအဝေးခန်း ၂ခုကိုဖြတ် သန်းပြီးမှ Matt ရဲ့ administrative assistant စောင့်ဆိုင်းနေတဲ့နေရာသို့ရောက်ရှိမှာဖြစ်ပါတယ်။ ထိုသူကခွင့်ပြု လိုက်မှသာ ဝန်ထမ်းဟာ Matt ရဲ့ ရုံးခန်းအတွင်းသို့ ဝင်ရောက်ခွင့်ရမှာဖြစ်ပြီး ထိုဝန်ထမ်းကသာ Matt နဲ့စကား ပြောဖို့အတွက် တံခါးကို ကိုယ်တိုင်ကိုယ်ကျဖွင့်ရမှာဖြစ်နေပါတယ်။ 

Matt ရဲ့ “တံခါးဖွင့်ဝါဒ” ဟာ လုံးဝအသုံးဝင်မှာမဟုတ်ဘူးဆိုတာကို ဆက်လက်ရှင်းပြဖို့လိုတော့မယ်မထင်ပါဘူး။ တစ်ကယ်တန်းတွင် ဒီအရာက ရုံးအတွင်းဟာသတစ်ခုဖြစ်သွားခဲ့ပါတယ်။ 

ဒါဟာနှမြောစရာပါပဲ၊ ဘာလို့လဲဆိုတော့ Matt ဟာ သူ့ကိုအချိန်မရွေးလာရောက်တွေ့ဆုံနိုင်တာကို ပြောပြခြင်းက လုံလောက်ပြီလို့ထင်မြင်ယူဆနေတဲ့ ဂရုစိုက်တတ်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်နေလို့ပါပဲ။ 

ဒါဟာမလုံလောက်ပါ ဘူး။ 

အကယ်၍ ကျွန်တော်တို့ရဲ့အဖွဲ့သားများအနေနဲ့ ကျွန်တော်တို့ကိုလိုအပ်တဲ့အခါမှာ ရုံးခန်းအတွင်းသို့ လူကိုယ်တိုင် လာရောက်တွေ့ဆုံဖို့လွန်စွာခက်ခဲနေအောင်ပြုလုပ်ထားပါက ကျွန်တော်တို့ကို ချဉ်းကပ်ပြောဆို၍မရနိုင်ဘူးဆို တာကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ 

အကယ်၍ ကျွန်တော်တို့ကို ချဉ်းကပ်ပြောဆိုရန် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေနဲ့ပတ်သက်ပြီး မလိုလား အပ်တဲ့စည်းမျဉ်းတွေနဲ့ ပေါ်လစီတွေကိုသာချမှတ်ထားခဲ့ပါက ကျွန်တော်တို့ရဲ့အချိန် တစ်မိနစ်လေးကိုတောင်မှ ဝန်ထမ်းများအနေနဲ့တောင်းဆိုဖို့ကို မဝံ့မရဲဖြစ်စေမှာပဲဖြစ်ပါတယ်။ 

ထိုအစား အလုပ်ခွင်အတွက်နေရာချထားတဲ့ပုံစံကို သေချာစွာ၊ စနစ်တကျ အချိန်ယူတွေးတောသင့်ပြီး ကျွန်တော် တို့လိုလားတဲ့ ဆက်သွယ်ပြောဆိုမှုပုံစံကိုတွန်းအားဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရန်အတွက် ကြိုးပမ်း အားထုတ်ရမှာဖြစ်ပါတယ်။ 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS