Tags: News-CallofDuty-Workers-Protest-JobsInYangon
Call of Duty ဂိမ်းတွင်အလုပ်လုပ်နေတဲ့ဝန်ထမ်းများမှ ဝန်ထမ်းလျှော့ချမှုများပြုလုပ်နေခြင်းကို ဆန္ဒပြရန် စီတန်းလှည့်လည်မှုပြုလုပ်ခဲ့
Raven Software ဆိုတဲ့ Call of Duty: Warzone ကို တည်ဆောက်ခဲ့တဲ့ studio တစ်ခုတွင် အလုပ်လုပ်နေကြတဲ့ဝန်ထမ်းများဟာ အဆိုပါ Blizzard မှ ပိုင်ဆိုင်ထားတဲ့ studio မှ Quality Assurance contractor ၁၂ ဦးကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အလုပ်မှထုတ်ပယ်ခြင်းပြုလုပ်ခဲ့တဲ့အတွက် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စီတန်းလှည့်လည်မှုပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
Raven Software ရှိ ဝန်ထမ်းများမှ သတင်းဌာနများထံပေးပို့ခဲ့တဲ့ ကြေငြာချက်တွင် “Raven QA team နှင့် အခြားသော Raven ရှိဝန်ထမ်းများ ယခုကဲ့သို့ စီတန်းလှည့်လည်မှုပြုလုပ်ခြင်းတွင် တောင်းဆိုချက်တစ်ခုတည်းသာရှိပါတယ်။ ဒါကတော့ - ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်မှထုတ်ပယ်ခံခဲ့ရတဲ့သူများအပါအဝင် QA team ရဲ့ အဖွဲ့ဝင်များအားလုံးကို အမြဲတမ်းဝန်ထမ်းများအဖြစ် ပြန်လည်ခန့်အပ်ပေးဖို့ပဲဖြစ်ပါတယ်” ဟူ၍ ရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ studio ရဲ့ အောင်မြင်မှုဆက်လက်တည်တန့်မှုရှိစေရေးကို ထည့်သွင်းစဉ်းစားတဲ့အတွက် ဒီကဲ့သို့ လှည့်လည်ဆန္ဒပြမှုကို ပြုလုပ်ရတာဖြစ်တယ်လို့လည်း ဝန်ထမ်းများကတော့ ထပ်လောင်းပြောကြားခဲ့ပါတယ်။”
Activision ဟာ Raven software ကို Call of Duty: Black Ops နှင့် Call of Duty: Infinite Warfare ကဲ့သို့သော Call of Duty game များကို ဖန်တီးတည်ဆောက်လျှက်ရှိသော Wisconsin မြို့အခြေစိုက် studio တစ်ခုနှင့် အခြားသော Activision Blizzard studio များနှင့်အတူ ၁၉၉၇ ခုနှစ်တွင် ဝယ်ယူမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပြီး QA team ကို ကိုယ်စားပြုသူများရဲ့ ပြောကြားချက်အရ ၎င်းတို့ဟာ Call of Duty: Warzone ကို အဓိက အာရုံစိုက်၍ ဆောင်ရွက်ရတဲ့ အဖွဲ့တစ်ခုဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.