Jobs In Myanmar
Load...

ဘယ်အရာက ကောင်းမွန်သော အရောင်းသမားတစ်ဦးဖြစ်စေတာလဲ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Sales Career- Good Sales Person-Trait



ဘယ်အရာက ကောင်းမွန်သော အရောင်းသမားတစ်ဦးဖြစ်စေတာလဲ 

နားထောင်နိုင်သောစွမ်းရည် ( Ability To Listen)
ကောင်းမွန်သောအရောင်းသမားတစ်ဦးဟာ ဖောက်သည်ရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့လိုအပ်ပါ တယ်။ မိမိရဲ့ဖောက်သည်ဟာ ဘာကိုလိုအပ်နေသလဲဆိုတာကို သိရှိနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်း ကတော့ ဖောက်သည်ဖြစ်လာနိုင်သူတစ်ဦးချင်းစီက ဘာတွေပြောနေသလဲဆိုတာကို နားထောင်နိုင်ဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးအရောင်းသမားတွေဟာ အမြဲတမ်းစကားပြောဆိုနေတာမဟုတ်ပါဘူး။ 

 စာနာတတ်ခြင်း (Empathy)
ကောင်းမွန်သောအရောင်းသမားတစ်ဦးဟာ မိမိဖောက်သည်တွေခံစားရတဲ့အတိုင်း ခံစား၊ စာနာတတ် ကြပါတယ်။ ဖောက်သယ်ဖြစ်လာနိုင်သူများ၏နေရာမှ ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သူတို့ဟာဝန်ဆောင်မှု တစ်ခု၊ ပစ္စည်းတစ်ခုအား မည်သို့ရောင်းချရမည်ဖြစ်သည်ကို သိရှိနိုင်ကြပါသည်မျှဝေခံစား၊ စာနာတတ် ခြင်းဟာ ဖောက်သည်များဘာလိုချင်သလဲဆိုတာကို ခန့်မှန်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါသည်။ 

အရောင်းအတွက် ပြင်းထန်သောဆန္ဒရှိခြင်း ( Hunger)
အရောင်းသမားတွေမှာငွေကြေးထက်ပိုအရေးကြီးတာကအရောင်းဖြစ်ဖို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့တစ်ကိုယ် ရေလိုအပ်မှုတွေကို ရောင်းချခြင်းကသာဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုသော် သူတို့ ရဲ့ မာန်မာနတွေကို ကောင်းမွန်တဲ့ရောင်းအားတွေကသာလျှင် ကုစားပေးနိုင်မှာဖြစ်ပါတယ်။ 

အပြိုင်အဆိုင်ရှိမှု ( Competitivness)
အောင်မြင်တဲ့အရောင်းသမားတွေဟာ သူတို့ရဲ့စွမ်းဆောင်ရည်တွေကို သူတို့ရဲ့ပြိုင်ဖက်တွေနဲ့နှိုင်းယှဉ် ရတာသဘောကျကြပါတယ်။ တစ်နည်းအားဖြင့်ဆိုသော်၊ သူတို့ဟာပြိုင်ဆိုင်မှုရှိကြပါတယ်။ သူတို့ဟာ သူတို့လုပ်ဆောင်တဲ့ကိစ္စရပ်တွေမှာပိုကောင်းအောင်လုပ်တာနဲ့တင်မလုံလောက်ပဲ အားလုံးထက်ပိုသာ ချင်တဲ့ ဆန္ဒများရှိကြပါတယ်။  

လူမှုကွန်ယက်တည်ဆောက်နိုင်သောစွမ်းရည် ( Networking Ability)
ကောင်းမွန်သောအရောင်းသမားတွေဟာ လူများနဲ့ ဆက်သွယ်ပြောဆိုရတာကို သဘောကျကြပါတယ်။ သူတို့ဟာ မိမိတို့ရဲ့လူမှုပတ်ဝန်းကျင်နှင့် အမြဲတမ်းထိစပ်နေတတ်ပြီး မတူကွဲပြားသော လုပ်ငန်းသဘော အရပတ်သက်မှုများလည်းရှိနေပါသည်။ လူအများနဲ့ ဆက်သွယ်ပြောဆိုကာလူမှုကွန်ယက်တည်ဆောက် ခြင်းဟာ သူတို့အတွက်တော့ အလုပ်သဘောမဟုတ်ပဲ သူတို့အချိန်ဖြုန်းလိုတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါ တယ်။ 

ယုံကြည်မှုရှိခြင်း ( Confidence)
အရောင်းသမားများအဖို့ သူတို့ရောင်းချနေတဲ့ ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းတစ်ခုအပေါ်တွင် ယုံကြည်မှုရှိနေဖို့ လိုအပ်ပါတယ်။ အဆိုပါယုံကြည်မှုဟာ စားသုံးသူများထံသို့ကူးစက်သွားနိုင်ပြီး ထိုစား သုံးသူများကို ပို၍ဝယ်ယူလာစေရန် တိုက်တွန်းနေသောအရာတစ်ခုဖြစ်ပါသည်။ 

စိတ်အားထက်သန်မှု (Enthusiasm)
အောင်မြင်တဲ့ အရောင်းသမားတစ်ဦးဟာ အမြဲတမ်းစိတ်အားထက်သန်မှုရှိနေပါတယ်။ သူတို့ဟာ ဘယ် လိုအချိန်မျိုးမဆိုတွင် ရောင်းချနိုင်ဖို့အတွက်ကိုသာစဉ်းစားနေပြီး ဖြစ်နိုင်ချေများကို အမြဲတမ်းရှာဖွေနေ ပါတယ်။ 

ခံနိုင်ရည်ရှိမှု (Resiliency)
ထိပ်ဆုံးကအရောင်းသမားတွေဟာခြောက်သွေ့တဲ့ဆက်ဆံရေးတွေကိုဘယ်လိုပြန်လည်စိုပြေလာအောင် ကုစားရမယ်ဆိုတာကိုနားလည်ကြပါတယ်။ ရောင်းအားတွေကျသွားတဲ့အခါမှာ သူတို့ဟာ စိတ်ပျက်အား လျော့မသွားကြပါဘူး။ ဒီအစား သူတို့ဟာ ဆန်းသစ်တဲ့နည်းလမ်းများကို အသုံးပြုပြီး အဆိုပါရောင်းအား ကျဆင်းမှုတွေကို ဘယ်လိုပြန်လည်ကောင်းမွန်လာအောင်လုပ်ဆောင်ရမလဲဆိုတာကိုရှာဖွေလေ့ရှိကြပါ တယ်။ 

ကိစ္စရပ်များစွာကို တစ်ပြိုင်တည်းပြုလုပ်နိုင်သောစွမ်းရည် ( Multitasking Skill)
အလွန်တော်တဲ့အရောင်းသမားဆိုတာဟာ များစွာသောအလားအလာရှိတဲ့ဝယ်ယူသူတွေနဲ့သဘောတူညီ ချက်တွေကို တစ်ချိန်တည်းတွင်ဘယ်လိုမျိုးပြုလုပ်နိုင်မယ်ဆိုတာကို နားလည်တဲ့သူဖြစ်ပါတယ်။ တစ် ချိန်တည်းမှာပင် သူတို့ဟာ email များနဲ့ ဖုန်းများပေါ်မှ မေးမြန်းလာမှုများကိုလည်း ဖြေကြားပေးလိုက် ကြပါသေးတယ်။ အလွန်တော်တဲ့ ကိစ္စရပ်များစွာကိုတစ်ပြိုင်တည်းပြုလုပ်နိုင်သူတို့မှာ အရောင်းအဖွဲ့ တိုင်းသို့ ထည့်သွင်းရန်အလွန်ကောင်းမွန်သင့်တော်သောသူများဖြစ်ပါတယ်။

ရိုးသားမှုရှိခြင်း (Honesty)
ပစ္စည်းများရောင်းချရာတွင် တော်သူများဟာ ရိုးသားမှုရှိကြပါတယ်။ သံသယဖြစ်ဖွယ်ရာဖြစ်သောရောင်း ချခြင်းများက နောက်ဆုတ်၍မရနိုင်သောအမှားများကိုဖြစ်ပေါ်စေပြီး စားသုံးသူတစ်ဦးထက်အများကြီး ပိုမိုကာဆုံးရှုံးရနိုင်သည်ကို သဘောပေါက်ထားကြပါတယ်။

စူးစမ်းလေ့လာလိုမှုရှိခြင်း (Curiosity)
စားသုံးသူများ၊ ထုတ်ကုန်များနှင့် တစ်သားတည်းရှိခြင်းဟာ အစပဲဖြစ်ပါတယ်။ အကောင်းဆုံးသော အရောင်းသမားများဟာ လုပ်ငန်းနယ်ပယ်အတွင်းရှိအပြောင်းအလဲများနှင့် အပြိုင်အဆိုင်လုပ်ငန်းများမှ ဘယ်လိုမျိုးတွေပြုလုပ်နေတယ်ဆိုတာကို အမြဲရှာဖွေလျှက်ရှိပါတယ်။ 

လိုက်လျောညီထွေရှိမှု (Adaptability)
အောင်မြင်တဲ့ အရောင်းကိုယ်စားလှည်တစ်ဦးဟာ အပြောင်းအလဲများနှင့် လိုက်ပါပြောင်းလဲနိုင်ပါသည်။ စားသုံးသူဖောက်သည်များ၏ အကြံအစည်များနှင့် အကြိုက်များကို လိုက်လျောညီထွေရှိနိုင်မှုက ခြားနားမှုများကိုဖြစ်စေနိုင်ပါသည်။ 

ဆက်သွယ်ပြောဆိုနိုင်သောစွမ်းရည် (Communication Skill)
လူတွေအား ကုန်ပစ္စည်းများနဲ့ ဝန်ဆောင်မှုများကို သင်ရောင်းချနိုင်ရန်အတွက် ကြိုးစားနေပါက ကောင်းမွန်တဲ့ စကားပြောဆိုခြင်းစွမ်းရည်ထက်ထိရောက်တာ ဘာမှမရှိပါဘူး။ ဒီနေရာမှာတော်တဲ့သူ တွေက လုပ်ငန်းသုံးစကားများနဲ့ နားလည်ရခက်သော အတွေးအမြင်များကိုမသုံးပဲ ဘယ်လိုပြောဆိုရ မယ်ဆိုတာကို သိရှိနားလည်ထားကြပါတယ်။ 

ဇွဲရှိမှု (Persistence)
အောင်မြင်တဲ့ အရောင်းသမားတစ်ဦးဟာ ရိုင်းပြခြင်း၊ အတင်းအကြပ်ပြောဆိုခြင်းများမပါပဲ ဘယ်လိုမျိုး အလုပ်ပြီးမြောက်အောင်ပြုလုပ်ရမယ်ဆိုတာကို သိရှိထားကြပါတယ်။ များစွာသောသူတို့ဟာ အောင်မြင် မှုပန်း‌တိုင်ကိုမရောက်ခင်မှာ စိန်ခေါ်မှုရှိသောအခက်အခဲများစွာနဲ့ တွေ့ကြုံရတယ်ဆိုတာကိုနားလည် ထားတဲ့အတွက် ကျဆင်းနေတဲ့ရောင်းအားတွေကြားမှာ ဘယ်လိုအရာတွေကို ဆောင်ရွက်ရမယ်ဆိုတာ ကို နားလည်သိရှိထားကြပါတယ်။ 

 ဝါသနာကြီးမှု ( Passion)
အရောင်းကိုယ်စားလှယ်များဟာ သူတို့ရဲ့ကုမ္ပဏီကိုချစ်တဲ့အခါမှာ သူတို့ရဲ့ပြောပုံဆိုပုံမှာကိုပြသနေပါ တယ်။ ဒါကြောင့်မို့ အောင်မြင်သောအရောင်းသမားများဟာ သူတို့အလုပ်လုပ်နေတဲ့ လုပ်ငန်းလေးများရဲ့ အကောင်းဆုံး စိတ်အားတက်ကြွအောင်ပြုလုပ်ပေးနိုင်တဲ့သူများလည်းဖြစ်နေပါတယ်။

လုံ့လရှိမှု (Tenacity)
ရောင်းချရခြင်းဟာ ခက်ခဲပင်ပန်းသောအလုပ်ဖြစ်ပါတယ်။ တစ်ကယ်တမ်းအောင်မြင်သူများဟာ စားသုံး သူဖောက်သည်များရောက်လာသည်ကိုစောင့်ဆိုင်းမနေပါဘူး။ မျှော်လင့်နေခြင်းက သူတို့ရဲ့အချိန် တော် တော်များများကို ကုန်ဆုံးစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ 

ဒီဆောင်းပါးလေးက Sales Person ဖြစ်ချင်တဲ့သူတွေအတွက် အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်။

ကျေးဇူးတင်လျက်

www.jobsinyangon.com

 

 

 

 

 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


A4 International Mathematics School

A4 International Mathematics School

Saya A4 and teacher A4 taught mathematics for the children who learned Grade 5 to Grade 12 from International School since 2003. When Saya A4 depart from Myanmar, most of parents send their children t...
Show the postings (5)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
i engineering Myanmar Ltd

i engineering Myanmar Ltd

Become the leading provider of managed services to the telecom industry in Africa the Mideast and South East Asia, seamlessly integrating our core competencies with our customers’ businesses, and pr...
Show the postings (13)
Frontier Technology Partners Pte. Ltd. (FTP)

Frontier Technology Partners Pte. Ltd. (FTP)

Frontier Technology Partners Pte. Ltd (FTP) is a Singapore- and Myanmar registered software development and distribution company. Our Expertise: Financial transactions, Mobile Money, Mobile Banking, I...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS