Jobs In Myanmar
Load...

Performance Management Part (2)


Tags: -



Perormance Appraisal ရေးဆွဲရမည့် အဆင့် (၆) ဆင့်

Jasmine : တင်ပြချင်တာက Organization ရဲ့ Objectives က ဘာလဲဆိုတာကိုပဲ ပြန်လည်စဉ်စားရမှာဖြစ်ပါတယ်။ PM ရဲ့အစိတ်အပိုင်းဖြစ်တဲ့ Performance Appraisal ကို ရေးဆွဲရာတွင် အဆင့် (၆)ဆင့်ဖြင့် ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ပါတယ်။ (၁) တိုင်းတာမည့်စံညွှန်းများ သတ်မှတ်ခြင်း (၂) သတ်မှတ်ထားသောစံညွှန်းများအား ၀န်ထမ်းဖြင့် အတည်ပြုအသိပေးခြင်း (၃) စွမ်းဆောင်နိုင်မှုကိုတိုင်းတာခြင်း (၄) ရလဒ်များကိုစံနှုန်းဖြင့် နှိုင်းယှဉ်သတ်မှတ်ခြင်း (၅) ရလဒ်များကို ၀န်ထမ်းအား ဆွေးနွေးရှင်းပြခြင်း နှင့် (၆) သတ်မှတ်ရလဒ်များနှင့်အညီ ခံစားခွင့်များ ဆောင်ရွက်ပေးခြင်း အစရှိသည်တို့ကို အဆင့်ဆင့်လုပ်ဆောင်သွားရမည်ဖြစ်ပါတယ်။ အဖွဲ့အစည်းအများစုမှာ ၀န်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို ဆန်းစစ်ကြရာ၌ ၄င်းဝန်ထမ်းများ၏ အလုပ်တာဝန်ကျေပျွန်မှု၊ ရလဒ်ကောင်းမွန်မှုများအပေါ်သာ အခြေခံ၍ ဆန်းစစ်လေ့ရှိတတ်ပါတယ်။ မိမိတို့ အနေနဲ့ ၀န်ထမ်းများရဲ့ ပူပေါင်းလုပ်ဆောင်ခြင်း၊ အောင်မြင်လိုစိတ်ရှိခြင်း၊ ကျင့်ဝတ်ညီစွာရိုးသားဆောင်ရွက် တတ်ခြင်း အစရှိတဲ့ ပင်ကိုယ်ခံယူချက်များကိုပါ တိုင်းထွာသင့်သည်ကိုလည်း မြင်မိပါတယ်။ အလုပ်တာဝန် ပြီးမြောက်မှုကိုသာ မကြည့်ဘဲ တစ်ဦးတစ်ယောက်ချင်းဆီ၏ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တိုးတက်ပြောင်းလဲ မှုကိုပါ အဖွဲ့အစည်းအနေဖြင့် လမ်းပြခေါ်ဆောင်သွားဖို့အတွက် အလွန်အရေးကြီးပါတယ်။ အဖွဲ့အစည်း တခုရဲ့ ရင့်ကျက်မှု၊ အောင်မြင်မှု၊ တည်ငြိမ်မှုများ၏ ပြယုဒ်များသည် ထိုအဖွဲ့အစည်းမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းတယောက်ချင်းဆီ၏ ခံယူချက်များဖြင့် ထင်ဟပ်နိုင်ပါတယ်။ ထို့ကြောင့် ၀န်ထမ်းများကိုလည်း အလုပ်ပိုင်းဆိုင်ရာ တိုးတက်အောင်မြင်မှုကိုသာမက ခံယူချက်ပိုင်းဆိုင်ရာများပါ ရင့်ကျက်ဖြစ်ထွန်းလာစေ ရန်လည်း အဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်တိုင်းတာသင့်ပါသည်။

ညိုလဲ့။ မမပြောတာတကယ်ကို ဗဟုသုတရစေပါတယ်မ။ organization မှာဆို မန်နေဂျာတွေကလည်း ၄င်းဝန်ထမ်းများ၏ အလုပ်တာဝန်ကျေပျွန်မှု၊ ရလဒ်ကောင်းမွန်မှုများအပေါ်သာ အခြေခံပြီး ဆန်းစစ်ကြတယ်။ ပူပေါင်းလုပ်ဆောင်ခြင်း၊ အောင်မြင်လိုစိတ်ရှိခြင်း၊ ကျင့်ဝတ်ညီစွာရိုးသားဆောင်ရွက်ခြင်းစတဲ့နေရာမှာ အားနည်းတာကို တွေ့ရတယ်။ မမအနေနဲ့ရော ပူပေါင်းလုပ်ဆောင်ခြင်း၊ အောင်မြင်လိုစိတ်ရှိခြင်း၊ ကျင့်ဝတ်ညီစွာရိုးသားဆောင်ရွက်ခြင်းတွေကိုပါတိုင်းတာသင့်တယ်လို့ ထင်မြင်ယူဆရပါလဲမ။ အဲ့ဒီအတွက် မမရဲ့ ထင်မြင်ယူဆချက်လေးကိုလည်း အကျဉ်းချံးပြောပြပေးပြီး အဲ့ဒီအချက်တွေကို တိုင်းတာခြင်းဖြင့် organization အတွက်ရော ဝန်ထမ်းအတွက်ရောရမည့် အကျိုးကျေးဇူးလေးတွေကိုပါ ပြောပြပေးစေလိုပါတယ်မ။

Jasmine : ဝန်ထမ်းအောင်မြင်တာ အဖွဲ့အစည်းအောင်မြင်တာနဲ့ အတူတူပဲ။ မိမိမျှော်မှန်းထားတဲ့ ပန်းတိုင်ကိုရောက်ဖို့ မဆုတ်မနစ်ကြိုးစားဖို့လို့တယ်။ အဖွဲ့အစည်းနှင့် အောင်မြင်အောင်လုပ်မှ ၊ အဖွဲ့အစည်းထဲမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ ethic တွေကောင်းမှ၊ integrity ပြည့်မှ၊ ရိုးသားစွာဆက်ဆံနိုင်မှ conlict တွေမရှိဘဲ အောင်မြင်အောင်လုပ်နိုင်မှ မိမိရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာမို့ အမအနေနဲ့ စောစာကပြောပြတဲ့အချက်တွေကိုပါတိုင်းတာသင့်တယ်လို့ ထင်မြင်ယူဆပါတယ်။

ညိုလဲ့။ အစပိုင်းမှမမပြောခဲ့တယ်။ Performance Appraisal က PM ရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတော့ ဒီတစ်ပတ်မှာ Performance Appraisal ကို အကျဉ်းချုံးလေး ပြောပြပေးပါအုံးမ။ Performance Appraisal ကို ဘယ်လိုနည်းလမ်းတွေသုံးပြီး လုပ်နေကြလဲဆိုတာကို ဆွေးနွေးပေးပါအုံးမ။

Ma Jasmine : Appraisal လုပ်ကြရာတွင် နည်းလမ်းအမျိုးမျိုးရှိကြသည့်အနက် 360 Degree အကဲဖြတ်နည်းကို အဖွဲ့အစည်းတော်တော်များများ ကျင့်သုံးနေကြပြီးဖြစ်ပါတယ်။ ဒီအကဲဖြတ်နည်းလမ်းမှာဆိုရင် အကဲဖြတ် ခံရမည့် ၀န်ထမ်းအား အထက်အရာရှိ၊ လက်အောက်ငယ်သား၊ လုပ်ဖော်ကိုင်ဖက်များ၊ နှင့် မိမိကိုယ်တိုင် မှ သတ်မှတ်ပေးသော သဘောထားအကြံဥာဏ်များကို ရယူကာ ရှုထောင့်အမျိုးမျိုးဖြင့် စွမ်းဆောင်ရည်ကို  သတ်မှတ်ပြဌာန်းပေးခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ၀န်ထမ်းများရဲ့ ရှုထောင့်အမြင် ကို အလေးထား ထည့်သွင်းစဉ်စားတာကြောင့် တစ်ဦးချင်းဆီရဲ့ ပင်ကိုနိုးကြားတဲ့အသိစိတ်နဲ့ အလုပ်ကြိုးစား လုပ်ချင်စိတ် များအပြင် မိတ်ဖက်ဌာနများနှင့် ပူပေါင်းဆောင်ရွက်တတ်မှုများကိုပါ လှုံ့ဆော်ပေးနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုလည်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အဖွဲ့အစည်းအများစုမှာ စွမ်းဆောင်ရည်အကဲဖြတ်ခြင်းလုပ်ငန်းစဉ်ကို တစ်နှစ် လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ခန့် ပြုလုပ်လုပ်ဆောင်လေ့ရှိပါတယ်။ ဒီလိုအကဲဖြတ်တဲ့ကာလမှာ လုပ်ခလစာများပြန်လည်သုံးသပ်ခြင်း၊ ရာထူးများ ပြောင်းလဲပြင်ဆင်ခြင်း၊ ရာထူးတိုးများ ပြင်ဆင်သတ်မှတ် ပေးခြင်း အစရှိသည်တို့ကိုလည်း ပြုလုပ်လေ့ရှိတတ်ပါတယ်။ စောင့်ထိန်းသင့်တဲ့အချက်တချက်ကတော့ တိုးတက်ဖွံ့ဖြိုးမှုရည်ရွယ်ချက်ကို လုပ်ခလစာကိစ္စ၏ဖိအားပေးမှုကြောင့် ရည်ရွယ်ချက်တွေ သွေဖီသွားနိုင် တဲ့အချက်ကိုလည်း ဂရုပြုသင့်ပါတယ်။

ညိုလဲ့။ 360 Degree အကဲဖြတ်နည်းနဲ့ ပက်သက်ပြီး ညိုလဲ့မေးချင်တာရှိပါတယ်မမ။? မြန်မာ့နိုင်ငံရဲ့ culture အရ မိမိရဲ့အထက်လူကြီးကို သူနဲ့ပက်သက်တဲ့အကြံအဉာဏ်ပေးဖို့ကို တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကြတယ်။ တစ်ခါတစ်ခါမှာ Conflict တွေဖြစ်သွားကြတယ်။ မြန်မာနိုင်ငံရဲ့ culture နဲ့ဆိုရင်ရော 360 Degree အကဲဖြတ်နည်းက ကောင်းမွန်တဲ့ appraisal လုပ်နည်းထဲမှာပါဝင်ပြီး မြန်မာနိုင်ငံနဲ့ရော ကိုက်ညီမှုရှိပါသလား? မြန်မာနိုင်ငံအတွက်ဆိုရင်ရော ဘယ်နည်းက သင့်တော်ပါသလဲမ။

Jasmine : 360 Degree ကိုတော့ Developed ဖြစ်တဲ့နိုင်ငံတွေမှာ သုံးကြတယ်၊ ပိုပြီး သင့်လျော်တယ်။ အမတို့ ရဲ့ culture အရဆိုရင် ဒီနည်းလမ်းကို သုံးဖို့ အခက်အခဲတွေရှိလာနိုင်တယ်။  ဒါပေမယ့်လည်း အခုဆို ရင် နိုင်ငံက တိုးတက်ပြောင်းလဲလာပြီး competitive world ကို ရောက်ရှိလာပြီ။ အဖက်ဖက်ကပေးတဲ့အမြင်တွေကို  အကောင်းမြင်ဝါဒီနဲ့ကြည့်ပြီး လုပ်ငန်းတိုးတက်ဖို့အတွက်  တော်တော်ကောင်းတဲ့နည်းလမ်းတစ်ခုပါ။ 360 Degree ကို tengible ဖြစ်အောင် လုပ်နိုင်မှ အသုံးပြုတာပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းကို သုံးမယ်ဆိုရင် intergrity ဖြစ်အောင်၊ corporated ဖြစ်အောင် ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိအောင် လုပ်ဆောင်ဖို့လိုအပ်လို့ပါ။ Tengible ဖြစ်အောင် ကျစ်ကျစ်လစ်လစ်တင်ပြနိုင်မှ ၃၆၀ ကို သွားတာကောင်းတယ်။ အမတို့ Myanmar Brewery မှာဆိုရင်တော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုနိုင်အောင် People Dialog ကို လုပ်ပေးထားပါတယ်။ 180/270/360 ပဲသုံးသုံး နှစ်စကတည်းက implementation မလုပ်ခင် ဘာတွေကိုတိုင်းမယ် ၊ ဘယ်လိုတွေတိုင်းမယ်ဆိုတာကို အစကတည်းက သဘောတူညီမှုယူထားမယ်ဆိုရင် ဘယ်နည်းပဲသုံးသုံး အဆင်ပြေမယ်လို့ပြောချင်ပါတယ်။

 

ညိုလဲ့။ အခုဆိုရင် PM နဲ့ပက်သက်ပြီး မ တော်တော်ပြည့်ပြည့်စုံစုံကိုလည်း ပြောပြပေးသွားပြီဆိုတော့ နိဂုံးချူပ်အနေနဲ့ PM နဲ့ ပက်သက်ပြီး ပြောပြပေးပါအုံးမ။

Ms Jasmine: အချုပ်အားဖြင့် ဆိုရသော် Performance Management (စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု) သည် အဖွဲ့အစည်းကောင်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်လှုပ်ရှား နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ဝန်ထမ်းများကို ဖော်ထုတ်ဖို့အတွက် ခြားနားတဲ့ အကျိုးကျေးဇူးတွေ ခံစားရစေဖို့အတွက် နေရာချထားခြင်း၊ ရာထူးခံစားခွင့်ပြုထားခြင်း၊ ဆုလာဘ်များချီးမြှင့် ပေးခြင်း နှင့် အခြားခံစားခွင့်များဆောင်ရွက်ပေးနိုင်ခြင်းအတွက် ဤလုပ်ငန်းစဉ်သည် သိသာထင်ရှားစွာ အရေးပါဆုံးနှင့် မရှိမဖြစ်အလိုအပ်ဆုံး ကိရိယာတန်ဆာပလာတစ်ခုဟု သတ်မှတ်ပေးချင်ပါတယ်။ ဒါကြောင့် အောင်မြင်တဲ့လုပ်ငန်းတစ်ခု အဖွဲ့အစည်းတစ်ခု သို့ ဖြစ်ပေါ်တည်တံ့စေခြင်းတယ်ဆိုရင် Performance Management စနစ်ကြီးကို စနစ်တကျ လုပ်ဆောင်ဖန်တီးကြပါလို့ ပြောကြရင်း နိဂုံးချုပ်အပ်ပါတယ်။

ရေးသားတင်ဆက်သူ
Ms Jasmine May
HR Director
Myanmar Brewery Limited

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS