ချိတ်ဆွဲရန်စာတန်း: Knowledge-Bitcoin-Scams-Celebrities-JobsinYangon
ထင်ပေါ်ကျော်ကြားသူများရဲ့ အကောင့်များ Hack ခံခဲ့ရပြီး Bitcoin လိမ်လည်မှုများဖြစ်ပွားခဲ့
Elon Musk, Bill Gates, Jeff Bezos နဲ့ Joe Biden ကဲ့သို့သော ချမ်းသာကြွယ်ဝပြီး ကျော်ကြားသူများရဲ့ Twitter အကောင့်များဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Hijack ပြုလုပ်ခံခဲ့ရပြီးနောက် cryptocurrency လိမ်လည်မှုများ ဖြစ်ပွားခဲ့ပါတယ်။
လိမ်လည်ခံခဲ့ရသူများထံမှ cryptocurrency များကိုရယူနိုင်ရန်အသုံးပြုခဲ့သည့် wallet address တစ်ခုဟာ အမေရိကန်ဒေါ်လာ ၁၁၈၀၀၀ခန့်ကို ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ က ၄နာရီအချိန်အတွင်း ရရှိခဲ့ပါတယ်။
ယခုအခါတွင်ဖျက်လိုက်ပြီဖြစ်သော Elon Musk ရဲ့ twitter account မှ ပြောဆိုခဲ့သည်မှာ “ကျွန်တော့်ရဲ့ follower များကိုကျွန်တော့်အနေနဲ့ ကျေးဇူးပြန်ဆပ်ခြင်းဖြစ်ပါတယ်။ အောက်ပါ Bitcoin address သို့ ပေးပို့လာ မယ့် payment များအားလုံးကို ၂ ဆ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ ခင်ဗျားတို့အနေနဲ့ 0.1 BTC ကျွန်တော့်ဆီပို့ပေးရင် ကျွန်တော်က ခင်ဗျားတို့ဆီကို 0.2 BTC ပြန်လည်ပို့ပေးသွားမှာပါ။” ဟုရေးသားထားခဲ့ပါ တယ်။ Bezos ရဲ့အကောင့်တွင်လည်းထို့နည်းတူပဲရေးသားထားပါတယ်။ Bill Gate ရဲ့ tweet တွင်တော့ “လူတိုင်း က ကျွန်တော့်ကို တစ်ခုခုပြန်ပေးဖို့တောင်းဆိုနေခဲ့ပါတယ်။ ယခုအခါ အချိန်ကျပြီဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ BTC address ကို ပေးပို့လာမယ့် လာမယ့်မိနစ် ၃၀ အတွင်းက payment များကို ၂ ဆ ပြန်လည်ပေးအပ်သွားမှာဖြစ် ပါတယ်၊ သင်က ဒေါ်လာ ၁၀၀၀ ဖိုးပို့လိုက်ရင် ကျွန်တော်က သင့်ကို ဒေါ်လာ ၂၀၀၀ ပြန်ပို့ပေးမှာဖြစ်ပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။
အခြားသော Hack ခံရသည့်အကောင့်များတွင် Barak Obama, Mike Bloomberg, Apple, Kanye West, Kim Kardashian West, Wiz Khalifa, Warren Buffett, YouTube ဆယ်လီတစ်ဦးဖြစ်သူ MrBeast, Wendy’s, Uber, CashApp နဲ့ အခြားသော cryptocurrency စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပါဝင်ခဲ့ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။