Jobs In Myanmar
Load...

Should You Change Companies or Stay Put? How to Weigh the Pros and Cons

by www.jobsinyangon.com


Tags: pros-cons-to change company-to stay at company



သင့်ရဲ့ လက်ရှိအလုပ်မှာ ဘယ်လောက်ကြာပြီလဲ။ သင့်ရဲ့အသက်က သင်ဒီမေးခွန်းကို ဖြေဆိုပုံအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။  ၂၁%နှုန်းလောက်ကတော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အလုပ်တွေပြောင်း ခဲ့တယ်လို့ဖြေကြပါတယ်။ 

အလုပ်တွေတစ်ခုပြီး တစ်ခုပြောင်းခြင်းက အမြင့်(ရာထူး)ကိုမြန်မြန်ရောက်နိုင်ပြီး လစာငွေ ရရှိမှုကို တိုးလာနိုင်စေတယ်လို့လူအများစုက ထင်ကြပေမယ့် ကုမ္ပဏီတစ်ခုတည်းမှာဘဲ အချိန်တွေအများကြီး ရင်းနှီးမြှုပ်နှံခြင်းရဲ့ အကျိုးကျေးဇူးတွေလည်း ရှိနေနိုင်ပါတယ်။

သင်လက်ရှိအလုပ်ရှင်ဆီမှာ ဆက်လက်လုပ်ကိုင်လိုခြင်း ရှိ၊မရှိကတော့ သင့်ရဲ့ လုပ်ငန်းဆိုင်ရာရည်မှန်းချက် (Career Goals)၊ လက်ရှိသင့်ရဲ့ အလေးထားဦးစားပေး ရမယ့်အရာတွေ (Your current priorities) တွေ နဲ့ သင့်ကုမ္ပဏီရဲ့ အစဉ်အလာ အပါအဝင် အကြောင်းအရာတွေအများကြီးအပေါ်မှာ မူတည်နေပါတယ်။ ကုမ္ပဏီတစ်ခုတည်းမှာ အကြာကြီးအလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ အခက်အခဲတွေ ကို ဘယ်လိုသုံးသပ်သင့်လဲဆိုတာနဲ့ ပါတ်သက်ပြီး အကြံဥာဏ်တွေရယူဖို့အတွက်  ကုမ္ပဏီတစ်ချို့ရဲ့ ဝန်ထမ်းတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 

အဆင့် ၁။ ကောင်းကျိုး(အားသာချက်) တွေကို စဉ်းစားပါ။

ကုမ္ပဏီတစ်ခုမှာ သင့်ရဲ့လုပ်သက်ကြာမြင့်လာတာနဲ့အမျှ အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက် တွေရဲ့ အကြောင်းကို သင်ပိုသိလာမှာဘဲဖြစ်ပါတယ်။ လူအများစုအတွက်ကတော့ ဒီအချက်ဟာ အလုပ်မှာပိုမိုကျွမ်းကျင်မှုရှိလာဖို့နဲ့ ပိုမိုတိုးတက်လာဖို့အတွက် ကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ အချို့သူတွေအတွက်ကတော့ ဒီအချက်ဟာ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေ၊ စံနှုန်းတွေနဲ့ ပတ်သက်ပြီး ပိုပြီးလေးနက်လာတဲ့သဘော ဖြစ်နေပါသည်။

 

လက်တွေ့လုပ်ဆောင်ပါ။

ကောင်းကျိုး(အားသာချက်)တွေကို ကိုယ်တိုင်ချရေးပါ။ သင့်အနေနဲ့ ကုမ္ပဏီမှာ သုံးနှစ်၊ ငါးနှစ် ၊ ဆယ်နှစ် သို့ ဆယ်နှစ်ထပ်ပိုပြီးလုပ်ထားတဲ့သူတွေနဲ့ အဲ့ဒီလိုအကြာကြီး လုပ်တဲ့ အတွက် ရရှိလာတဲ့ အကျိုးအမြတ်တွေကို ကြည့်ပြီး အဲဒီလို လိုက်လုပ်ဖို့အတွက် စိတ်ဓါတ် ခွန်အားရရှိလာနိုင်ပါတယ်။ 

ဥပမာအချို့-

 

င့် ၂။ အားနည်းချက် (ဆိုးပြစ်) တွေနဲ့ ပတ်သက်ပြီး ရိုးသားပါ။

တစ်နေရာတည်းမှာဘဲ အချိန်အကြာကြီး လုပ်ကိုင်ခြင်းမှာ အားနည်းချက်တွေရှိနေတာ ကလည်း အမှန်ပါဘဲ။အချို့လုပ်ငန်းတွေမှာဆိုရင် အလုပ်တွေ ပြောင်းလုပ်ခြင်းဟာ သင့်ကို ပိုမိုတိုးတက်လာစေနိုင်ပြီး လစာဝင်ငွေကိုလည်း တိုးလာနိုင်စေပါတယ်။ တစ်နေရာတည်း မှာဘဲ အကြာကြီးနေဖြစ်သွားပြီး တိုးတက်ဖို့အတွက် မိမိကိုယ်ကိုစိန်ခေါ်မှုတွေမလုပ် တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ တစ်ခုသိထားဖို့ လိုအပ်တာကတော့ ဒီအခြေအနေတွေဟာ သင့်ရဲ့ လုပ်ငန်းအမျိုးအစား၊ သင့်ရဲ့ အဖွဲ့ အပါအဝင် သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ပါ သက်ဆိုင်နေတယ်ဆိုတာပါဘဲ။

 

လက်တွေ့လုပ်ဆောင်ပါ။ 

အားသာချက်တွေရဲ့ဘေးမှာ အားနည်းချက်တွေကိုလည်း ချရေးပါ။ သင်အခုချရေးမယ့် အရာတွေက သင်ကိုယ်တိုင်ယုံကြည်တဲ့ အားနည်းချက်တွေသာဖြစ်ပြီးတော့ လုပ်ငန်းခွင် ပြင်ပက သင့်သူငယ်ချင်းတွေပြောတဲ့ အကြောင်းအရာတွေမဖြစ်ဖို့ သေချာအောင်ဂရုစိုက်ပါ။

ဥပမာအချို့-

-       အရမ်းကို သက်တောင့်သက်သာရှိလွန်းပြီး ကိုယ့်ကိုယ်ကို တွန်းအားမပေးနိုင်တော့ မျိုး ဖြစ်နိုင်တယ်။

-       ဒီကုမ္ပဏီမှာ မိမိရဲ့ လုပ်ငန်းဆိုင်ရာရည်မှန်းချက်(Career goals) ကိုပြည့်မြောက် အောင်မြင်အောင်လုပ်နိုင်လောက်မှာ မဟုတ်ပါ။

-       မိမိအနေနဲ့ ပိုကောင်းတဲ့အခွင့်အလမ်းတွေနဲ့ လစာငွေတွေကို လတ်လွတ်ဆုံးရှုံး သွားရနိုင်တယ်။

-       ဒီလုပ်ငန်းအမျိုးအစားနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆိုင်ရာ ဗဟုသုတတွေနဲ့ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုတွေကို လိုက်မမှီတော့တာမျိုးတွေလည်း ဖြစ်လာနိုင်တယ်။

-       မိမိရဲ့ အတွေ့အကြုံတွေကို လုပ်ငန်းအမျိုးအစားတစ်ခု၊ လုပ်ငန်းလုပ်ကိုင်ပုံတစ်မျိုး တည်းမှာဘဲ ကန့်သတ်ထားလိုက်သလို ဖြစ်သွားနိုင်တယ်။

-       လုပ်ငန်းခွင်တစ်ခုတည်းမှာဘဲ အလုပ်လုပ်နေရတာကို အသားကျသွားနိုင်ပြီး အခြား လုပ်ငန်းခွင်တွေမှာ လိုက်လျောညီထွေဖြစ်အောင် မလုပ်ကိုင်နိုင်တော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

 

အဆင့် ၃။ သင့်ရဲ့ချရေးထားတဲ့ စာရင်းကို ပေါင်းလိုက်ပါ။

သင့်ချရေးထားတဲ့ အားသာချက်(ကောင်းကျိုး)တွေနဲ့ အားနည်းချက်(ဆိုးပြစ်)တွေကို စစ်ဆေးပါ။ ဘယ်စာရင်းက ပိုရှည်နေလဲဆိုပြီး တိုင်းတာခြင်းထက် ဘယ်အချက်တွေက သင့်အတွက် ပိုပြီးအဓိပ္ပါယ်ရှိလဲဆိုတာကို စဉ်းစားပါ။

 

လက်တွေ့လုပ်ဆောင်ပါ။

နောက်ထပ် ဘာဆက်လုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် သင့်ကိုယ်သင် အောက်ပါမေးခွန်းတွေကို မေးကြည့်ပြီး အဖြေတွေကို လေးလေးနက်နက် စဉ်းစားကြည့်ပါ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (44)
KND Corporation Co., Ltd

KND Corporation Co., Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS