ချိတ်ဆွဲရန်စာတန်း: News-Channel-Nine-Australia-Cyberattack-JobsInYangon
ဩစတေးလျနိုင်ငံရှိ Channel Nine TV Network အား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခံရ
ဩစတေးလျနိုင်ငံရဲ့ Channel Nine TV Network အား ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များပျက်ပြားခဲ့ရကြောင်းသတင်းများထွက်ရှိလာပြီးနောက် ထိုအရာက ဩစတေးလျနိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးဟာ Hacker များရန်မှ ကောင်းမွန်စွာကာကွယ်နိုင်စွမ်းမရှိကြောင်း ပြောဆိုမှုများမြင့်တက်လာခဲ့ပါတယ်။ Nine ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တွင် Weekend Today အပါအဝင် TV အစီအစဉ်များစွာကို ထုတ်လွှင့်၍မရခဲ့ကြောင်းနဲ့ သူတို့အနေနဲ့ ယခုအခါတို့ အဆိုပါ Hacking ပြုလုပ်မှုဟာ “ရာဇဝတ်မှုကျူးလွန်သူများရဲ့ လက်ချက်လား ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုမှ တိုက်ခိုက်ခြင်းလား ဆိုသည်အား အဖြေရှာလျှက်ရှိနေကြောင်း” ပြောဆိုသွားခဲ့ပါတယ်။
ဩစတေးလျနိုင်ငံရဲ့ပါလီမန်လွှတ်တော်ဟာလည်း တစ်နေ့တည်းမှာပင် Canberra မြို့တွင်ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိနေပြီး လက်ထောက်ကာကွယ်ရေးဝန်ကြီး Andrew Hastie ရဲ့ ပြောဆိုချက်အရ “ပါလီမန်လွှတ်တော်အဆောက်အဦးအတွင်း email များဝင်ရောက်ကြည့်ရှုခြင်းနှင့် အခြားသောနည်းပညာပစ္စည်းများအသုံးပြုခြင်းအား ယခုအခါတွင်ကာကွယ်ရေးအစီအစဉ်တစ်ရပ်အနေဖြင့် ဖြတ်တောက်ထားကြောင်း” သိရှိခဲ့ရပါသေးတယ်။
Mr. Hastie မှ ကျွန်တော်တော့မအံ့ဩတော့ပါဘူး “ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ ဩစတေးလျနိုင်ငံဆိုက်ဘာလုံခြုံရေးအဖွဲ့သို့ ဆိုက်ဘာပြစ်မှုကျူးလွန်ခြင်းတိုင်ကြားစာပေါင်း ၆၀,၀၀၀ ခန့်ရရှိခဲ့ပြီး ပျမ်းမျှအားဖြင့် ဒါဟာ ၁၀ မိနစ်လျှင်တစ်ကြိမ်ဖြစ်ပွားနေတာကိုပြသနေပါတယ်။” ဟု၍ Nine သို့ ပြောဆိုခဲ့ပါသေးတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။