Jobs In Myanmar
Load...

စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း၏ လက္ခဏာများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Negotiate-Negotiation-General-JobsinYangon



စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း၏ လက္ခဏာများ

ယနေ့တွင်တော့ကျွန်တော်တို့ရဲ့ jobsinyangon.com မှ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းတစ်ခုမှာရှိသင့်တဲ့လက္ခဏာ များကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်

စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းတွင် တိကျသောလက္ခဏာများရှိပါသည်။ ထိုအရာများမှာ -

၁။ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ရန်အတွက် အနည်းဆုံး ၂ဦးနှင့်အထက်ရှိရမည်ဖြစ်ပါသည်။

၂။ နှစ်ဦးနှစ်ဖက်စလုံးတွင် ကြိုတင်သတ်မှတ်ထားသော ရယူလိုသည့်ရည်မှန်းချက်များရှိရမည်ဖြစ်ပါသည်။

၃။ အဆိုပါ ကြိုတင်သတ်မှတ်ထားသော ရည်မှန်းချက်များသည် တစ်ခုနှင့်တစ်ခုဆန့်ကျင်နေပြီး အချို့သော ကြို တင်သတ်မှတ်ထားသောရည်မှန်းချက်များသည် နှစ်ဖက်စလုံးနှင့်ကိုက်ညီမှုမရှိဖြစ်နေရပါမည်။

၎။ ညှိနှိုင်းဆွေးနွေးမှုများတွင် နှစ်ဖက်စလုံးမှမျှော်လင့်ထားသော အကျိုးရလာဒ်များရှိရပါမည်။

၅။ နှစ်ဦးနှစ်ဖက်စလုံးမှညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခြင်းမှ ထွက်ပေါ်လာသောရလဒ်သည်စိတ်ကျေနပ်ဖွယ်ရှိနိုင်သည် ဟုထင်မှတ်ထားကြရမည်ဖြစ်ပါသည်။

၆။ နှစ်ဖက်စလုံးမှ အပေးအယူပြုလုပ်ရန်၊ အလျှော့အတင်းပြုလုပ်ရန် ဆန္ဒရှိရပါမည်။ သူတို့၏ သဘောထားအား အပြောင်းအလဲများပြုလုပ်နိုင်ရပါမည်။

၇။ ဦးတည်ချက်များတစ်ခုနှင့်တစ်ခုကိုက်ညီမှုမရှိခြင်းသည် သဘောထားများကိုပြင်ဆင်ရာတွင် ခက်ခဲစေနိုင်ပါ သည်။

၈။ ပါဝင်သောသူများမှ ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်မှုရှိရပါမည်။

ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရခြင်း၏ အဆင့်များ

ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခြင်းလုပ်ငန်းစဉ်အား အဓိကအားဖြင့်လုပ်ဆောင်ချက်အဆင့် ၄ဆင့်ဖြင့် နားလည်သဘော ပေါက်နိုင်ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာလုပ်ငန်းစဉ်၏ အဆင့် ၄ဆင့်မှာ ကြိုတင်ပြင်ဆင်ခြင်း၊ ပဏာမ ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းနှင့် အဆုံးသတ်ဆွေးနွေးခြင်းတို့ ဖြစ်ကြပါသည်။

အဆင့် ၁ - ကြိုတင်ပြင်ဆင်ခြင်း

ညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်များတွင် အောင်မြင်စေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းသည် အရေးပါသောအချက် တစ်ခုဖြစ်ပါသည်။ ကောင်းစွာကြိုတင်ပြင်ဆင်မှုရှိထားခြင်းသည် ညှိနှိုင်းသူအား မိမိကိုယ်ကိုယုံကြည်မှုနှင့် အသာ စီးရရှိမှုတို့ကို ပေးစွမ်းနိုင်ပါသည်။ ကြိုတင်ပြင်ဆင်ခြင်းတွင် အောက်ပါ လုပ်ဆောင်ချက်များပါဝင်ပါသည် -

၁။ သတင်းအချက်အလက်များစုစည်းခြင်း - တစ်စုံတစ်ယောက်သောသူသည် ပြဿနာတစ်ခုအကြောင်းကို များ နိုင်သမျှ များများသိရှိထားရန်လိုအပ်ပြီး အခြားသောဖက်မှမည်သို့သော သတင်းအချက်အလက်များလိုအပ်မည် ဆိုသည်ကို သေချာစွာလေ့လာဆန်းစစ်မှုပြုနိုင်ဖို့ရာလိုအပ်ပါသည်။ ပါဝင်ပတ်သက်နေသော ပြဿနာများကို ရှင်း ရှင်းလင်းလင်းနားလည်သိရှိထားဖို့ရန်မှာလည်းလိုအပ်ပါသည်။

၂။ အခြေပြုချက်များကို အကဲဖြတ်မှုပြုလုပ်ခြင်း - မိမိတို့၏ အခြေပြုချက်များနှင့် အခြားသောဖက်၏ အခြေပြု ချက်များကို ကနဦးအချိန်ကတည်းက အကဲဖြတ်မှုပြုလုပ်ရန်မှာ အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ အခြေပြုချက်များကိုပိုမိုများပြားလာစေရန်လုပ်ဆောင်နိုင်သောအရာများနှင့် အခြားသောဖက်၏ အခြေ ပြုချက်များကိုလျော့နည်းစေရန်အတွက်လုပ်ဆောင်နိုင်သော အရာများစွာရှိနေသောကြောင့်ဖြစ်ပါသည်။

၃။ ပါဝင်ပတ်သက်နေသောသူများကို သိရှိနားလည်နိုင်ရန်ပြုလုပ်ပါ - ညှိနှိုင်းဆွေးနွေးမှုများကို ဘယ်သူနှင့်ဆောင် ရွက်ရမည်ကို သိရှိထားဖို့ရာမှာ အရေးကြီးပါသည်။ သူတို့၏ရည်မှန်းချက်များ၊ အခန်းကဏ္ဍများနှင့် သူတို့မှ ပြော ကြားလာနိုင်သောကိစ္စရပ်များကို သိရှိနားလည်နေခြင်းက ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်စဉ်တွင် အခြေအနေကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

၎။ ကောင်းမွန်သင့်မြတ်သောဆက်ဆံရေးရှိခြင်း - မိမိ၏ပြိုင်ဖက်နှင့် အစပိုင်းအဆင့်များတွင်ကောင်းမွန်သင့်မြတ် သောဆက်ဆံရေးတစ်ခု ထူထောင်ထားနိုင်ခြင်းက ညှိနှိုင်းမှုများမပြုလုပ်မှီအချိန်အထိ အသုံးဝင်နိုင်ပါသည်။ ထို အရာက သင့်ရဲ့ပြိုင်ဖက်သည်မည်မျှပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိလာနိုင်မည်ကို အကဲဖြတ်နိုင်စေမည်ဖြစ်ပါသည်။

၅။ သင့်ရဲ့ ရည်ရွယ်ချက်များကို သိရှိနားလည်ထားပါ - ရည်ရွယ်ချက်များကိုရှင်းရှင်းလင်းလင်းရှိစေဖို့ရာမှာ မရှိမ ဖြစ်အမှန်တကယ်လိုအပ်သည့်အရာတစ်ခုဖြစ်ပါသည်။ သင့်ရဲ့ပြိုင်ဖက်ကိုမည်မျှလောက်အထိသင့်အနေနဲ့အလျှော့ ပေးဖို့ရာဆန္ဒရှိသည်နှင့် သင့်ရဲ့ အဓိကဦးစားပေးအရာများဟာ ဘယ်အရာများဖြစ်သည်ဆိုသည်ကို ကြိုတင်ဆုံး ဖြတ်မှုများပြုလုပ်ထားဖို့လိုအပ်မည်ဖြစ်ပါသည်။ ငြင်းခုန်မှုများနှင့် တရားမျှတမှုရှိကြောင်းပြသရန်အချက်များမှာ အဆင်သင့်ဖြစ်နေရမည်ဖြစ်ပါသည်။

၆။ ညှိနှိုင်းဆွေးနွေးမှုအမျိုးအစားများ - မျှော်လင့်ထားသည့် ညှိနှိုင်းဆွေးနွေးမှုအမျိုးအစားကို တင်ကြိုခန့်မှန်းပါ။ ထိုအရာမှာ အလွန်အပြိုင်အဆိုင်ဖြစ်မည်လော၊ ပူးပေါင်းဆောင်ရွက်မှုများရှိမည်လော သိုမဟုတ်မူမှန်မဟုတ်သော တစ်စုံတစ်ခုဖြစ်မည်လော။ အဆိုပါ ဆွေးနွေးမှုများသည် မျက်နှာခြငးဆိုင် ဆွေးနွေးမှုများလား၊ Fax ဖြင့် ပေးပို့ ဆွေးနွေးမှုများလား၊ ကြားခံတစ်ဦးမှတစ်ဆင့် ဆွေးနွေးမှုများလား ဆိုသည်တို့ကို တင်ကြိုခန့်မှန်းမှုများပြုလုပ် ရမည်ဖြစ်ပါသည်။

၇။ အစီအစဉ် - ညှိနှိုင်းဆွေးနွေးမှုချဉ်းကပ်နည်းကို ဆုံးဖြတ်ပြီးနောက် သင့်တော်သလို အစီအစဉ်များချမှတ်ရမည် ဖြစ်ပါသည်။

အဆင့် ၂ - ပဏာမဆွေးနွေးခြင်းအဆင့်

ယခုအဆင့်တွင် နှစ်ဖက်စလုံးသည် မျက်နှာခြင်းဆိုင်တွေ့ဆုံကြပြီဖြစ်ပါသည်။ အဖွဲ့တိုင်းမှ အခြားတစ်ဖက်အပေါ် တွင် အကျိုးသက်ရောက်မှုရှိစေရန်နှင့် ထိုသူတို့၏ အတွေးအခေါ်များကို လွှမ်းမိုးမှုရှိနိုင်စေရန်အတွက် စတွေ့တွေ့ ခြင်းမှာပင် ကြိုးပမ်းလုပ်ဆောင်ကြမည်ဖြစ်ပါသည်။ စိတ်ပညာသဘောအရ အဆိုပါအဆင့်သည် ညှိနှိုင်းဆွေးနွေး မှုများ၏ အခြေအနေအပေါ်တွင် ကြီးမားသောအကျိုးသက်ရောက်မှုရှိစေနိုင်သည့်အတွက် အရေးပါသောအဆင့် တစ်ခုဖြစ်ပါသည်။ ထိုအဆင့်တွင် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်သောသူများမှ သူတို့၏ အခြေအနေကိစ္စရပ်များကို အပြန်အလှန်တင်ပြခြင်းများပါဝင်ပါသည်။

အဆင့် ၃ - ညှိနှိုင်းခြင်းအဆင့် (အလျှော့အတင်းပြုလုပ်သောအဆင့်)

ညှိနှိုင်းမှုပြုလုပ်သောအဆင့်တွင် သင်တို့စတင်ညှိနှိုင်းလိုက်သည့်အခါတွင် သင်တို့အနေဖြင့်ရရှိစေရန်ရည်ရွယ် ထားသော ဦးတည်ချက်များနှင့် ပိုမိုနီးကပ်လာပြီဖြစ်ပါသည်။ ထိုအဆင့်တွင် အခြေခံကျသောနည်းဗျူဟာမှာ အခြားသောဖက်အား သင့်ရဲ့တောင်းဆိုချက်များဟာ သင့်လျှော်ကြောင်းကိုရှင်းလင်းပြောဆိုရမှာဖြစ်ပြီး သူတို့ဖက် မှ အဆိုပါတောင်းဆိုချက်များကို လိုက်လျောလာစေရန်အတွက်နားချရမှာဖြစ်ပါတယ်။ ထိုအရာအတွက် မိမိတို့ရဲ့ ကိုင်တွယ်ဖြေရှင်းနည်း (ချဉ်းကပ်နည်း) များဟာ ယုတ္တိရှိရမှာဖြစ်ပြီး ရှင်းလင်းစွာ စဉ်းစားထုတ်ဖော်ထားပြီး စီစဉ် ပြုလုပ်ထားတဲ့ အငြင်းပွားမှုတွေကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။

အဆင့် ၄ - အဆုံးသတ်ဆွေးနွေးခြင်းအဆင့်

ညှိနှိုင်းဆွေးနွေးမှုတစ်ခု၏ အဆုံးသတ်အဆင့်သည် အစောပိုင်းအဆင့်များတွင်လုပ်ဆောင်ခဲ့သော အရာများအား လုံးမှ အကြိုးအမြတ်များရရှိစေရန်ဆောင်ရွက်ဖို့ရာအတွက် အခွင့်အလမ်းများကို ကိုယ်စားပြုနေပါသည်။ ကြိုတင် ပြင်ဆင်မှုပြုလုပ်ခြင်းအဆင့်တွင် ပြုလုပ်ခဲ့သော လေ့လာမှုများနှင့် အခြားသောရရှိထားသည့် သတင်းအချက် အလက်များအားလုံးတို့သည် အဆုံးသတ်ဆွေးနွေးခြင်းအဆင့်တွင် အသုံးဝင်မှုရှိပါသည်။ ထိုအဆင့်တွင် နှစ်ဦးနှစ် ဖက်စလုံးမှ သဘောတူညီမှုပြုလုပ်ထားသောသဘောတူညီမှုများကို ရေးသားထားသောစာချုပ်စာတမ်းများ သို့မ ဟုတ် သဘောတူညီမှုစာတမ်းများဖြင့် တရားဝင်သဘောတူညီမှုတစ်ခုဖြစ်စေရန်ပြုလုပ်ရခြင်းတို့ပါဝင်ပါသည်။ ညှိနှိုင်းဆွေးနွေးမှုများကို ပြန်လည်ဆန်းစစ်ကြည့်ရှုခြင်းသည်လည်း ညှိနှိုင်းဆွေးနွေးမှုပြုလုပ်သည့်လုပ်ငန်းစဉ်ကဲ့ သို့ပင်အရေးပါမှုရှိပါသည်။ အဆိုပါအရာကိုပြုလုပ်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သောရလာဒ်အား မည်သို့ရရှိအောင် ပြုလုပ်နိုင်မည်ဆိုသည့်သင်ခန်းစာများကိုသင်ယူရရှိနိုင်ပါသည်။ ထို့ကြောင့်မိမိတို့အနေဖြင့်အချိန်ယူပြီးအကြောင်း အရာအချက်အလက်တစ်ခုခြင်းစီအားပြန်လည်လေ့လာဆန်းစစ်ကာ ဘယ်အရာတွေကတော့ဖြင့်ကောင်းမွန်စွာ ဖြစ်ပေါ်လာပြီးဘယ်အရာတွေကတော့ဖြင့် ပိုမိုကောင်းမွန်စေရန်လုပ်ဆောင်ဖို့ရာလိုအပ်နေသည်ဆိုသည့်အရာများ ကိုရှာဖွေဖော်ထုတ်ရမည်ဖြစ်ပါသည်။

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


KND Corporation Co., Ltd

KND Corporation Co., Ltd

PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)
River King Ayeyar Construction Co., Ltd.

River King Ayeyar Construction Co., Ltd.

Our Vision To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us. Our Mission To deliver excellence quality in time...
Show the postings (20)
RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS