ချိတ်ဆွဲရန်စာတန်း: News-China-Banned-105Apps-JobsInYangon
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ TripAdvisor အပါအဝင် App ပေါင်း ၁၀၅ ခုကို အသုံးပြုမှုပိတ်ပင်ခဲ့ .
တရုတ်နိုင်ငံဟာ ပြည့်တန်ဆာကိစ္စများ၊ လောင်းကစားနဲ့ အကြမ်းဖက်မှုများပပျောက်ရေး campaign တစ်ခုကိုဆောင်ရွက်ခြင်းရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ app ပေါင်း ၁၀၅ ခုကို App store များပေါ်မှ ဖယ်ရှားခဲ့ကြောင်း သတင်းများအရသိရှိခဲ့ရပါတယ်။ အသုံးပြုမှုပိတ်ပင်ခံရတဲ့ app အများစုဟာ တရုတ်ပြည်တွင်းဖြစ် app များသာဖြစ်သော်လည်း အဆိုပါစာရင်းတွင် TripAdvisor ဟာလည်း ပါဝင်လာခဲ့ပါတယ်။
တရုတ်နိုင်ငံ ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်မှုဌာနရဲ့ အဆိုအရတော့ အဆိုပါစာရင်းတွင် ပါဝင်လာခဲ့တဲ့ app များဟာ cyber-law ၃ ခုအနက်မှ အနည်းဆုံးတစ်ခုကို ချိုးဖောက်ထားလျှက်ရှိတယ်ဟူ၍ဆိုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုတော့ ပြောကြားလာခြင်းမရှိခဲ့တဲ့အတွက် ဘာကြောင့် TripAdvisor ဟာ အဆိုပါစာရင်းထဲတွင် ပါဝင်လာခဲ့သလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။
လက်တလောဖြစ်ပွားနေတဲ့ အဖြစ်အပျက်များအရ အမေရိကန်နဲ့ တရုတ်အကြားရှိ တင်းမာမှုများဟာ cyber-space ပေါ်တွင် ဖြစ်ပွားလျှက်ရှိနေခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းတွင် အင်တာနက်အသုံးပြုမှုများကို လွန်စွာတင်းကြပ်မှုများရှိနေပြီး အမေရိကန်ကုမ္ပဏီများဖြစ်တဲ့ Google, Facebook နဲ့ Twitter တို့ကိုလည်း အသုံးပြုမှု ပိတ်ပင်ထားဆဲပဲဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
An Iranian man has broken the world record for the number of years spent without bathing.
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။