Tags: News-Alibaba-Security-Flaw-JobsInYangon
တရုတ်အာဏာပိုင်အဖွဲ့အစည်းမှ Alibaba နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ရပ်ဆိုင်းခဲ့
BBC မှ သတင်းတစ်ပုဒ်အရ - တရုတ်နိုင်ငံ Telecommunication အာဏာပိုင်အဖွဲ့အစည်းမှ Alibaba Cloud လို့ အမည်ပေးထားတဲ့ Alibaba ရဲ့ ကုမ္ပဏီခွဲတစ်ခုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ကုမ္ပဏီရဲ့ အင်ဂျင်နီယာများမှ Log4shell security flaw ကို တွေ့ရှိခဲ့ပြီးနောက်တွင် ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
Alibaba ဟာ အဆိုပါ security flaw ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းကိုပြင်ဆင်နိုင်ရန်အတွက် Apache Software Foundation သို့ အကြောင်းကြားမှုပြုလုပ်ခဲ့ပါတယ်။ သို့သော်လည်း တရုတ်အာဏာပိုင်များရဲ့ ထောက်ပံ့မှုကို ရရှိနေတဲ့ တရုတ်နိုင်ငံအခြေစိုက် သတင်းမီဒီယာတစ်ခုရဲ့အဆိုအရတော့ Alibaba ဟာ Ministry of Industry and Information Technology (MIIT) သို့ အချိန်မှီအကြောင်းကြားမှုပြုလုပ်ခဲ့ခြင်းမရှိတဲ့အတွက် ဒီကဲ့သို့ အကျိုးတူပူးပေါင်းမှုများကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်တယ်လို့ ကြေငြာထားကြောင်း သိရှိရပါတယ်။
တရုတ်နိုင်ငံအခြေစိုက် Alibaba Group ရဲ့ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်တဲ့ Alibaba Cloud ဘက်ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.