by www.jobsinyangon.com
ချိတ်ဆွဲရန်စာတန်း: News-Company-Culture-Engagement-JobsInYangon
ကုမ္ပဏီတစ်ခုရဲ့ ထုံးတမ်းစဉ်လာများဟာ ဝန်ထမ်းများရဲ့ အလုပ်အပေါ် စိတ်အားထက်သန်မှုကို အကျိုးသက်ရောက်မှုရှိစေနိုင်ပုံများ
များစွာသောခေါင်းဆောင်သူများဟာ သူတို့ရဲ့လုပ်ငန်းအဖွဲ့အစည်းများကို တိုးတက်အောင်ပြုလုပ်နိုင်ဖို့အတွက် Employee Engagement အကြောင်း စစ်တမ်းကောက်ယူမှုများပြုလုပ်ပေးရုံနဲ့ လုံလောက်ပြီဟု ထင်နေတတ်ကြပါတယ်။ CultureIQ ရဲ့ နှစ်ပေါင်းများစွာသုသေသနပြုလုပ်ထားချက်များအရတော့ လုပ်ငန်းစီးပွားရေးရလာဒ်များကို ပိုမိုကောင်းမွန်လာစေပြီး ကြီးပွားတိုးတက်မှုများကိုဖြစ်ပေါ်လာစေရန်အတွက် အထိရောက်ဆုံးနည်းလမ်းဟာ မိမိတို့ကုမ္ပဏီရဲ့ အစဉ်အလာများကိုပြန်လည်ပြင်ဆင်၍ တိုးတက်မှုရှိလာစေရန် ပြုလုပ်ခြင်းပေးခြင်းပဲဖြစ်ပါတယ်။
ဝန်ထမ်းများအနေနဲ့ စိတ်အားထက်သန်တက်ကြွမှုရှိနေဖို့ဟာ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပြီး ဒါဟာ ခိုင်မာကောင်းမွန်တဲ့ ကုမ္ပဏီအစဉ်အလာများနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။
Employee Engagement ဆိုသည်မှာအဘယ်နည်း?
Employee Engagement ဆိုသည်မှာ ဝန်ထမ်းများအနေနဲ့ သူတို့အလုပ်လုပ်နေတဲ့ အလုပ်ခွင်တစ်ခုအတွင်းရှိ အစဉ်အလာများနဲ့ သူတို့ရဲ့ အလုပ်အပေါ် မည်သို့ထင်မြင်ယူဆချက်ရှိနေသလဲဆိုတာကို ကိုယ်စားပြုနေပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ အစဉ်အလာများဟာ ကောင်းမွန်မှုရှိလေလေ၊ ဝန်ထမ်းများဟာ သူတို့ထံမှ ဘာတွေကိုမျှော်လင့်ထားသလဲဆိုတာနဲ့ ဘယ်လိုအရာတွေကို ဦးစားပေးလုပ်ဆောင်ရမလဲဆိုသည်အား ပိုမို၍ကောင်းမွန်စွာ သိရှိနားလည်မှုရှိလေလေပဲဖြစ်ပါတယ်။
Engage ဖြစ်နေတဲ့ (တစ်နည်းအားဖြင့် စိတ်အားထက်သန်မှုရှိနေတဲ့) ဝန်ထမ်းများဟာ သင့်ကုမ္ပဏီတွင်အလုပ်လုပ်ကိုင်ရာ၌ ပျော်ရွှင်၍၊ တက်ကြွနေမှာဖြစ်ပြီး ကုမ္ပဏီအပေါ် သစ္စာရှိစွာဖြင့် အလုပ်လုပ်ကိုင်ပေးလိုကြမှာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် . . . Engage ဖြစ်နေတဲ့ ဝန်ထမ်းတစ်ဦးဟာ အခြားသူများထက်ပို၍ -
• ကုမ္ပဏီရဲ့ ရည်မှန်းချက်ပန်းတိုင်များကို သိရှိနေမှာဖြစ်ပါတယ်။
• သူတို့ကိုချမှတ်ပေးထားတဲ့ ရည်မှန်းချက်ပန်းတိုင်များထက်လည်း ပိုမို၍ကောင်းမွန်အောင် ဆောင်ရွက်လိုကြမှာဖြစ်ပါတယ်။
• ကျွမ်းကျင်မှုအသစ်များကို မိမိဖက်မှကြိုတင်သင်ယူလေ့ရှိပြီး လုပ်ငန်းပရောဂျက်အသစ်များကို စတင်လိုကြမှာဖြစ်ပါတယ်။
• အလုပ်တစ်ခုကိုလုပ်ကိုင်ရာတွင်လည်း ပိုမို၍အကောင်းမြင်စွာဖြင့် နားလည်သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။
• ပြဿနာများကိုဖြေရှင်းရာတွင်လည်း ပိုမို၍တီထွင်ဆန်းသစ်မှုများရှိလာမှာဖြစ်ပါတယ်။
• နောက်ပြီး သင့်ရဲ့ကုမ္ပဏီတွင်ပဲ ရာထူးများတိုးတက်မှုရှိစေရန်ပြုလုပ်၍ သူတို့ရဲ့ သက်မွေးမှုလမ်းကြောင်းများကို တိုးတက်အောင် ဆောင်ရွက်လိုလာကြမှာပဲဖြစ်ပါတယ်။
ဒီအချက်ကို ကြည့်ရှုခြင်းအားဖြင့် Engage ဖြစ်နေတဲ့ ဝန်ထမ်းများဟာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအဖွဲ့အစည်းအတွက် များစွာသောအကျိုးရလာဒ်များကို ဆောင်ကြဉ်းပေးလာနိုင်မှာဖြစ်ပြီး မြင့်မားတဲ့လုပ်ငန်းစွမ်းဆောင်ရည်၊ သုံးစွဲသူ Customer များနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လာခြင်းတို့အပြင် အလုပ်ထွက်နှုန်းလျော့နည်းလာခြင်းများကိုလည်း လူကြီးမင်းတို့ရဲ့ကုမ္ပဏီအတွင်း တွေ့မြင်လာရနိုင်ပါတယ်။
Organizational Culture (လုပ်ငန်းအဖွဲ့အစည်းတစ်ခုအတွင်းရှိ ထုံးတမ်းစဉ်လာများ) ဆိုသည်မှာ အဘယ်နည်း?
Organizational culture ဟာ လူကြီးမင်းတို့ရဲ့ Organization အတွင်း အလုပ်ကိုမည်သို့ပြုလုပ်ပြီး ဘာကြောင့် ထိုသို့ပြုလုပ်ရသည်ဆိုသည်အား အဆုံးအဖြတ်ပေးနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ လူကြီးမင်းတို့ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုရဲ့ အစဉ်အလာများဟာ ပတ်ဝန်းကျင်၊ အမူအကျင့်များ၊ Value များ၊ ရုံးခန်းအတွင်း ပုံမှန်ပြုလုပ်နေကျအရာများနှင့် လုပ်ငန်းခွင်တစ်ခုအတွင်း အတူတကွအလုပ်လုပ်နေသောသူများရဲ့ ပြောဆိုဆက်ဆံမှုပုံစံများကို ထင်ဟပ်ပြသနေမှာဖြစ်ပါတယ်။
High-performance Company Culture တစ်ခုဆိုသည်မှာ အဘယ်နည်း?
Organizational Culture များဟာ တစ်ခုနဲ့တစ်ခုတူညီနေမှာတော့မဟုတ်ပါဘူး။ လူကြီးမင်းတို့ကုမ္ပဏီအတွင်းရှိ အမူအကျင့်များနှင့် ပုံမှန်ပြုလုပ်နေကျအရာများဟာ တစ်ခါတစ်ရံတွင် ကောင်းမွန်မှုမရှိပဲ လုပ်ငန်းအတွက် အထောက်အကူမဖြစ်စေနိုင်တာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ သို့သော် . . . လူကြီးမင်းတို့ရဲ့ လုပ်ငန်းအဖွဲ့အစည်းတိုင်းဟာ မြင့်မားသောစွမ်းဆောင်ရည်ရှိတဲ့ အစဉ်အလာများကိုတည်ဆောက်မွေးမြူပေးနိုင်စွမ်းတော့ ရှိနေကြပါတယ်။ မြင့်မားသောစွမ်းဆောင်ရည်ရှိတဲ့ ကုမ္ပဏီအစဉ်အလာများတွင်တော့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအဖွဲ့အစည်းကို ပိုမိုကောင်းမွန်တဲ့ရလာဒ်များသို့ ရောက်ရှိလာစေနိုင်တဲ့ အမူအကျင့်များနှင့် ပုံမှန်ပြုလုပ်နေကျအရာများရှိနေဖို့အတွက် ရှင်းလင်းတဲ့လုပ်ငန်းရည်မှန်းချက်များချမှတ်ခြင်း၊ ဝန်ထမ်းများရဲ့တာဝန်များကို ခွဲဝေသတ်မှတ်ခြင်း၊ ယုံကြည်ရတဲ့/ ယုံကြည်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကိုတည်ဆောက်ခြင်းအပြင် ဝန်ထမ်းများအား မိမိကိုယ်ကိုတိုးတက်မှုရှိစေရန်နှင့် ပြန်လည်ဆန်းစစ်မှုများကို အမြဲမပြတ်ပြုလုပ်နေရန်အတွက် အားပေးခြင်းတို့ကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
High-performance culture များတွင်ရှိနေသင့်တဲ့အရည်အသွေးများကတော့ အထောက်အကူပြုခြင်း၊ အကောင်းမြင်ခြင်းနှင့် ကြိုတင်စီမံမှုရှိခြင်းတို့ဖြစ်ပါတယ်။ ထိုအရာများဟာ ဝန်ထမ်းများကိုနေ့စဉ် Engage ဖြစ်နေစေရန်အတွက် ပြုလုပ်ပေးနိုင်တဲ့အရည်အသွေးများဖြစ်ကြပြီး High-performance culture ရှိနေတဲ့ ကုမ္ပဏီများဟာ သူတို့ရဲ့လုပ်ငန်းနယ်ပယ်အတွင်း ထိပ်ဆုံးကရပ်တည်နေနိုင်မှာဖြစ်ပြီး အကောင်းဆုံးသော အရည်အချင်းရှိသူများကို ခေါ်ယူခန့်အပ်လာနိုင်မှာလည်းဖြစ်ပါတယ်။ ဥပမာ - Google ကဲ့သို့သောကုမ္ပဏီများတွင် တိကျစွာသတ်မှတ်ထားတဲ့ လုပ်ငန်းခွင်အစဉ်အလာများရှိနေသောကြောင့် အလုပ်ရှင်ဈေးကွက်နှင့် ငွေကြေးအရ ယှဉ်ပြိုင်မှုများကိုပြုလုပ်နိုင်စွမ်းရှိနေပါတယ်။
ကုမ္ပဏီတစ်ခုရဲ့ ထုံးတမ်းစဉ်လာများဟာ Employee Engagement အပေါ် မည်သို့အကျိုးသက်ရောက်မှုများ ရှိလာစေနိုင်ပါသလဲ?
Employee Engagement ဆိုသည်မှာ High-performance company culture တစ်ခုနှင့် တိုက်ရိုက်အချိုးကျနေတဲ့အရာတစ်ခုဖြစ်သည်ကို အထက်တွင်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့ High-performance culture များဟာ ကောင်းမွန်ပြီး အထောက်အကူဖြစ်စေနိုင်တဲ့ အမူအကျင့်များနှင့် ပုံမှန်ပြုလုပ်နေကျအရာများကို တိကျစွာသတ်မှတ်ပေးနိုင်လို့ပါပဲ။ ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ ထုံးတမ်းစဉ်လာများနှင့် သူတို့ထံမှဘာတွေကိုမျှော်လင့်ထားသလဲဆိုသည်အား ရှင်းရှင်းလင်းလင်းသဘောပေါက်နားလည်မှုရှိနေတဲ့အခါတွင် သူတို့အနေနဲ့ကုမ္ပဏီနဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ ခံစားလာရမှာဖြစ်ပြီး သူတို့ကိုအထောက်အကူပြုပေးနေတယ်လို့လည်း ခံစားလာရမှာဖြစ်ပြီး ဝန်ထမ်းများဟာလည်း Engage ဖြစ်လာမှာဖြစ်ပါတယ်။ ထို့ကြောင့်လုပ်ငန်းခွင်အစဉ်အလာများနှင့် Employee Engagment တို့ဟာ နီးကပ်စွာဆက်နွယ်ပတ်သက်မှုရှိနေတယ်လို့လည်း ဆိုနိုင်ပါတယ်။
Employee Engagement နှုန်း တိုးပွားလာစေဖို့အတွက် လူကြီးမင်းတို့ရဲ့ကုမ္ပဏီအစဉ်အလာများကို ပိုမို၍ကောင်းမွန်တိုးတက်မှုရှိလာစေရန် ပြင်ဆင်ပေးဖို့လည်းလိုအပ်မှာဖြစ်တဲ့အတွက် ထိုသို့ဖြစ်လာစေရန်အတွက် ပြုလုပ်နိုင်ပေးနိုင်မည့် နည်းလမ်းအချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ် -
၁။ ကုမ္ပဏီအစဉ်အလာများကို တိကျရှင်းလင်းစွာသတ်မှတ်ထားပါ။
ခိုင်မာကောင်းမွန်တဲ့ company culture တစ်ခုကိုရရှိနိုင်ဖို့အတွက် ပထမဆုံးအဆင့်ဖြစ်ပြီး ကောင်းမွန်တဲ့
Employee Engagement ကိုရရှိနိုင်စေမည့်နည်းလမ်းတစ်ခုကတော့ မိမိတို့ရဲ့ company culture ကို စာရွက်စာတမ်းဖြင့် မှတ်တမ်းတင်ထားဖို့ပဲဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့ company culture ဟာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအဖွဲ့အစည်းအတွက် DNA နှင့် နောက်ခံကျောရိုးဖြစ်လာမှာဖြစ်တဲ့အတွက် အလွန်အရေးကြီးလှပါတယ်။ ဒီအတွက် စီးပွားရေးနည်းဗျူဟာများ (သို့) လုပ်ငန်းရည်မှန်းချက်များကို ဖန်တီးပြုလုပ်သကဲ့သို့ပင် ထိုအရာကိုတိကျရှင်းလင်းစွာသတ်မှတ်ထားရမှာဖြစ်ပါတယ်။ သင့်ရဲ့ Leadership Team နှင့်အတူတိုင်ပင်၍ ကုမ္ပဏီတစ်ခုရဲ့ Mission, Vision, Value များ၊ ဝန်ထမ်းများထံတွင်ရှိနေသင့်သော အမူအကျင့်များ အစရှိသည်တို့ကို သတ်မှတ်ဖော်ပြထားခြင်းဖြင့် စတင်ပြုလုပ်ကြည့်နိုင်ပါတယ်။
၂။ သတ်မှတ်ထားတဲ့ အစဉ်အလာများကို မှတ်တမ်းတင်ထားပါ။
ဒီအရာကို presentation များပုံစံဖြင့်သော်၎င်း၊ ဝန်ထမ်းလက်စွဲလမ်းညွှန်စာအုပ်တွင်၎င်း၊ ကုမ္ပဏီရဲ့ intranet စနစ်အတွင်းတွင်၎င်း သိမ်းဆည်းပေးထားနိုင်ပါတယ်။ ထိုသို့ပြုလုပ်ပြီးနောက်တွင်တော့ လူကြီးမင်းတို့မှတ်တမ်းတင်ထားတဲ့ ကုမ္ပဏီအစဉ်အလာများကို ဖြန့်ဝေပေး၍ သတ်မှတ်ထားတဲ့အတိုင်း လိုက်နာလုပ်ဆောင်ကြရန် တိုက်တွန်းခြင်းနှင့်အတူ မိမိတို့ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးပြရမှာဖြစ်ပါတယ်။
၃။ စစ်တမ်းကောက်ယူမှုများ/ လေ့လာမှုများကိုပြုလုပ်ပါ။
လူကြီးမင်းတို့ရဲ့ Organization Culture ကို ပုံမှန်စစ်ဆေးတိုင်းတာမှုများကိုပြုလုပ်ရမှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် လူကြီးမင်းတို့ချမှတ်ပေးလိုက်တဲ့ company culture တွင် ဘယ်အရာတွေက အသုံးဝင်နိုင်သလဲဆိုတာကို နားလည်သဘောပေါက်လာမှာဖြစ်သလို မည်သည့်နေရာများတွင်တော့ ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်မလဲဆိုသည်ကိုလည်း သိရှိလာမှာဖြစ်ပါတယ်။
၎။ ဝန်ထမ်းများရဲ့ အကြံပြုချက်များကို နားထောင်ပါ။
သင့်မစဉ်းစားမိနိုင်တဲ့ အတွေးအခေါ်များကို သင့်ဝန်ထမ်းများထံမှ ရရှိနိုင်ပါသေးတယ်။ ဒီအတွက် ဝန်ထမ်းများထံမှထွက်ပေါ်လာမည့်အကြံဉာဏ်များကို Organization ရဲ့ အစဉ်အလာများတွင် ထည့်သွင်းဖော်ဆောင်ပေးခြင်းအားဖြင့် ကုမ္ပဏီရဲ့အစဉ်အလာများကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပြီး ရလာဒ်အနေနဲ့ Employee Engagement ကိုလည်း ပိုမို၍မြင့်မားလာစေမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
URC (Myanmar) Co., Ltd.
URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
RHENUS LOGISTICS
..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
Nilar Group Of Companies
VISION
Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions.
• To provide our b...
Show the postings (24)
Diebold Nixdorf Myanmar Ltd
With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)