Jobs In Myanmar
Load...

Competency Based Assessment - Meaning and Important Concepts

by www.jobsinyangon.com


Tags: Knowledge-Employee-Management-HR-JobsinYangon



ကျွမ်းကျင်မှုအပေါ်အခြေခံ၍ အကဲဖြတ်မှု - အဓိပ္ပါယ်နှင့် အရေးကြီးသောယူဆချက်များ

 

အစဉ်အမြဲ ကွဲပြားပြောင်းလဲနေသော လုပ်ငန်းဆိုင်ရာစိန်ခေါ်မှုများနှင့်အတူ လူသားအရင်းအမြစ်များကိုစီမံခန့်ခွဲမှုအပေါ် ကိုင်တွယ်ဖြေရှင်းနည်းများသည်လည်း အပြောင်းအလဲများဖြစ်ပေါ်လျှက်ရှိနေပါသည်။ နည်းပညာ၊ ထုတ်ကုန်အသစ်များ၊ သတင်းအချက်အလက်တို့ကြောင့်ရရှိလာသည့် အပြိုင်အဆိုင်များအပေါ်အားသာချက်များသည် တဒင်္ဂသာတည်တံ့နိုင်မည် ဖြစ်ပြီး အငွေ့ပျံကာပျောက်ကွယ်သွားမည်ဖြစ်ပါသည်။ ပြိုင်ဆိုင်မှုများတွင် အဆုံးအဖြတ်ပေးနိုင်မည့် တစ်ခုတည်းသော အချက်မှာ ဝန်ထမ်းများ၏စွမ်းဆောင်ရည်များနှင့် ကြိုးပမ်းအားထုတ်လုပ်ဆောင်မှုများပင်ဖြစ်ပါသည်။ အဖွဲ့ အစည်းဆိုင်ရာ ဦးဆောင်မှုသည် အဖွဲ့အစည်းတစ်ခုအတွင်းရှိ လူသားများနှင့် သူတို့၏စွမ်းဆောင်ရည်များအပေါ် တိုက်ရိုက်သက်ရောက်မှုရှိ နေသည့်အတွက်ကြောင့် ထိုအရာသည် အရေးပါသောနေရာမှ ပါဝင်လျှက်ရှိပါသည်။ တိကျစွာသတ်မှတ်မှု ပြုလုပ်ထားသော သေသပ်ကျနသည့် ကျွမ်းကျင်မှုဆိုင်ရာအခြေခံအုတ်မြစ်သည် အဖွဲ့အစည်းတစ်ခု၏ လူသားအရင်းအမြစ် စီမံခန့်ခွဲမှုများအတွက် နည်းစနစ်ကျသောကိုင်တွယ်ဖြေရှင်းမှုဆီသို့ရောက်ရှိရန်အတွက် ပထမဦးဆုံးသောအဆင့်တစ်ခုဖြစ် ပါသည်။ 

လုပ်ဆောင်ချက်တိုင်းတွင် တိုးတက်စွာထိရောက်မှုရှိစေရန်နှင့် တန်ဖိုးများကိုတည်ဆောက်ပြီး ပေးအပ်နိုင်စေရန်အတွက် အ စဉ်အမြဲလိုအပ်ချက်ရှိနေပါသည်။ ထို့အတွက်ကြောင့် အလုပ်တစ်ခုအားထိထိရောက်ရောက်ဆောင်ရွက်နိုင်စေရန်လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှုနှင့် အပြုအမူများရှိ မရှိကို နားလည်စေရန်အတွက် သိပ္ပံနည်းကျကျကိုင်တွယ်ဖြေရှင်းနည်းအဖြစ် ကျွမ်းကျင်မှုကဲ့သို့သော အရာများကိုအသုံးပြုကာ သတ်မှတ်ချက်များပြုလုပ်ရခြင်းဖြစ်ပါသည်။ ဝန်ထမ်းတစ်ဦး၏ စွမ်းဆောင် ရည်အား အကဲဖြတ်မှုသည် ကြိုတင်သတ်မှတ်ထားသော ကျွမ်းကျင်မှုများနှင့် သူတို့၏အမူအကျင့်ပိုင်းဆိုင်ရာညွှန်းကိန်းများ အပေါ်တွင်မူတည်လျှက်ရှိပါသည်။ တစ်နည်းအားဖြင့် ထိုအရာကို ကျွမ်းကျင်မှုအပေါ်အခြေခံ၍အကဲဖြတ်မှု (compentency based assessment) ဟုခေါ်တွင်ပါသည်။ 

ကျွမ်းကျင်မှုအပေါ်မူတည်၍အကဲဖြတ်မှု၏ ပဏာမအခြေခံအချက်မှာ အဖွဲ့အစည်းတစ်ခုအတွက် ကိုက်ညီသော ကောင်းစွာ သတ်မှတ်ထားသည့်ကျွမ်းကျင်မှုဆိုင်ရာအခြေခံအုတ်မြစ်ရှိနေဖို့ဖြစ်ပါသည်။ အကောင်းဆုံးမှာ ကျွမ်းကျင်မှုဆိုင်ရာအခြေခံ အုတ်မြစ်သည် ရေရှည်အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်၊ အမြင်နှင့် ဦးတည်ချက်တို့နှင့် ကိုက်ညီမှုရှိနေဖို့ရန်အတွက်လိုအပ် ပါသည်။ ထိုလုပ်ငန်းကျွမ်းကျင်မှုများကို မတူကွဲပြားသောအဆင့်များရှိ ဝန်ထမ်းများ၏ လုပ်ငန်းလုပ်ဆောင်ချက်များအနေ နှင့် အဓိပ္ပါယ်ပြန်ဆိုရန်လိုအပ်ပါသည်။ ထို့အတွက်ကြောင့် အသင်းအဖွဲ့ဆိုင်ရာလုပ်ဆောင်ချက်များကိုအားပေးကူညီမှုဖြစ် စေနိုင်သည် ကဲ့သို့သော ကျွမ်းကျင်မှုများကို အကြီးတန်းခေါင်းဆောင်များဖြစ်သည့် COO ကဲ့သို့သော နေရာများတွင်ထက် အငယ်တန်းမန်နေဂျာကဲ့သို့သောရာထူးနေရာများတွင်ပိုမို၍ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ 

လုပ်ငန်းကျွမ်းကျင်မှုများသည် အဖွဲ့အစည်းတို့အတွက်၊ အထူးသဖြင့် အကြီးတန်းခေါင်းဆောင်များအတွက် လမ်းပြကြယ် ကဲ့သို့ဆောင်ရွက်ကာ ဝန်ထမ်းများအနေဖြင့် သူတို့၏ကြိုးပမ်းအားထုတ်မှုများကို တိကျစွာသတ်မှတ်ထားသောရလာဒ်အား ရရှိစေရန်အတွက် ဦးတည်ပေးရန်နှင့်၊ ပြန်လည်တည့်မတ်ပေးရန်အတွက် အစဉ်အမြဲ စစ်ဆေးမှုများကို ပြုလုပ်နိုင်စေပါသည်။ ကျွမ်းကျင်မှုများကို ခွဲခြမ်းစိတ်ဖြာကာ အကဲဖြတ်မှုများပြုလုပ်နိုင်သည့်အတွက် ဝန်ထမ်းတစ်ဦး၏ စွမ်းဆောင်ရည်ကို တိကျ စွာ တိုင်းတာနိုင်မည်ဖြစ်ပါသည်။ ကျွမ်းကျင်မှုများ၏ အကောင်းဆုံးအချက်မှာ တစ်ဦးတစ်ယောက်နှင့်သာသက်ဆိုင်သော တစ်ကိုယ်ရည်စရိုက်များကဲ့သို့မဟုတ်ပဲ သင်ကြား၍ရနိုင်ခြင်း ဖြစ်ပါသည်။ အကယ်၍ အဖွဲ့အစည်းတစ်ခုသည် သူတို့၏ အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သောအချက်များကို အဓိကကျသောအချက်များအနေဖြင့်သိရှိထားမည်ဆိုပါက ထိုအရာ များကို အဖွဲ့အစည်းတစ်ခုလုံးသို့ လက်ဆင့်ကမ်းသွားနိုင်မည်ဖြစ်ပါသည်။ 

ကျွမ်းကျင်မှုဆိုင်ရာအခြေခံအုတ်မြစ်များနှင့် ထိုအရာအပေါ်အခြေခံ၍ အကဲဖြတ်မှုများရှိခြင်းသည် နားလည်ရလွယ်ကူစေ သော အဖွဲ့အစည်းတစ်ခု၏ ကျွမ်းကျင်မှုဆိုငရာဇယား၊ တိုးတက်ရန်လုပ်ဆောင်ရမည့်လိုအပ်ချက်များနှင့် အလားအလာရှိ သော ခေါင်းဆောင်များကို ပေးစွမ်းနိုင်ပြီး ထိရောက်မှုရှိသော ပင်ကိုယ်စွမ်းရည်များကိုစီမံခန့်ခွဲမှု၏ လုပ်ကိုင်ဆောင်ရွက် ချက်ကို ဖော်ပြလျှက်ရှိပါသည်။ ဝန်ထမ်းများ၏အမြင်တွင်လည်း သူတို့၏သက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ၏ အလားအလာရှိသော တိုးတက်နိုင်ခြေများကို ပိုမို၍နားလည်သိရှိစေနိုင်ပြီး ထိုအရာသည် သူတို့အား အဖွဲ့အစည်းတွင်ပိုမို၍ ပါဝင်ဆောင်ရွက်မှုများရှိလာစေပါသည်။ 

ကျွမ်းကျင်မှုအပေါ်အခြေခံ၍အကဲဖြတ်မှုလုပ်ဆောင်ချက်များဆောင်ရွက်ရာတွင် အဖွဲ့အစည်းများသည်သူတို့၏ စီမံခန့်ခွဲမှု ဆိုင်ရာလုပ်ဆောင်ချက်များနှင့်ကိုက်ညီမှုရှိသည့်ပုံစံကိုလည်း တည်ဆောက်ထားပြီးသားပုံစံများထဲမှရှာဖွေကာအသုံးပြုနိုင် ပါသည်။ ထိုသို့ စနစ်တကျလုပ်ဆောင်ခြင်းအားဖြင့် ထိုအရာသည် အဖွဲ့အစည်းဆိုင်ရာ ဦးစားပေးအချက်များကို တိကျစွာ သတ်မှတ်နိုင်ပြီး လူသားအရင်းအမြစ်နည်းဗျူဟာများနှင့်ကိုက်ညီအောင်ပြုလုပ်ကာ လိုအပ်နေသော၊ အကျိုးရလာဒ်များဖြစ် ပေါ်စေမည့် အဓိကအမူအကျင့်များကို ပြုလုပ်တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ထိုအရာသည် ဝန်ထမ်းတစ်ဦးချင်းစီအား သူတို့၏လုပ်ငန်းလုပ်ဆောင်ချက်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်ပြုလုပ်ပေးကာ ထင်သာမြင်သာရှိသော အစဉ် အလာတစ်ခုကိုတည်ဆောက်ရင်း သင်ယူမှုနှင့် တိုးတက်မှုတို့ရှိစေရန်အတွက်ပြုလုပ်ပေးနိုင်သည်ဖြစ်ပါသည်။ အရေးအကြီး ဆုံးအနေဖြင့် ကျွမ်းကျင်မှုအပေါ်အခြေခံ၍ အကဲဖြတ်မှုများသည် တစ်ဦးတစ်ယောက်ခြင်းစီနှင့် အဖွဲ့အစည်းတို့ကိုက်ညီမှုရှိ၊ မရှိကို ပိုမို၍နားလည်မှုရှိလာနိုင်စေရန်အတွက် မှန်ကန်သောအလုပ်ခန့်အပ်သည့်ဆုံးဖြတ်ချက်များချမှတ်နိုင်စေရန်နှင့် အဖွဲ့အစည်းတစ်ခုအတွင်း ဝန်ထမ်းတစ်ဦး၏ ဘဝစက်ဝန်းအစကို နားလည်မှုရှိစေရန်အတွက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါ သည်။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
INNO International Development Co.,Ltd

INNO International Development Co.,Ltd

Ideal Future Co., Ltd.

Ideal Future Co., Ltd.

..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS