by www.jobsinyangon.com
Tags: Knowledge-Stress-Management-Workplace-JobsinYangon
သင့်အလုပ်ခွင်အတွင်းတွင် သင့်ရဲ့ စိတ်ခံစားမှုများကို ဘယ်လိုစီမံခန့်ခွဲနိုင်မည်နည်း?
ကျွန်ုပ်တို့သည် စိတ်ခံစားလွယ်သော သတ္တဝါများဖြစ်ကြပါသည်။ ကျွန်ုပ်တို့လူသားများအဖို့ စိတ်ခံစားမှုမဲ့နေရန်မှာ ခက်ခဲသောအရာတစ်ခုဖြစ်ပါသည်။ ယျေဘူယျအားဖြင့် ကျွန်ုပ်တို့၏ စိတ်ခံစားမှုများဖိနှိပ်ထားခြင်းမရှိပဲ ထိုအရာ များနှင့်ထိတွေ့မှုရှိခြင်းသည် အများအားဖြင့်ကောင်းမွန်သော်လည်း အချို့သောအခြေအနေများတွင် ကျွန်ုပ်တို့၏ စိတ်ခံစားမှုများကို အထူးတလည်ကောင်းမွန်စွာထိန်းချုပ်နိုင်ရန်မှာ လုပ်ကိုလုပ်ရမည့်အချက်တစ်ခုဖြစ်ပါသည်။
အလုပ်ခွင်အတွင်းစိတ်ခံစားမှုဆိုင်ရာပေါက်ကွဲမှုများသည် အလုပ်နှင့်သက်ဆိုင်သောကိစ္စရပ်များ သို့မဟုတ် ကျွန်ုပ် တို့၏ တစ်ကိုယ်ရည်ဘဝများနှင့် အလုပ်များရောထွေးမှုများကြောင့်ဖြစ်ပေါ်လာသည့် စိတ်ဖိစီးမှုဖြစ်ဖွယ်ကိစ္စများ တို့ကြောင့်ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ခံစားချက်များ (အထူးသဖြင့် အနုတ်သဘောဆောင်သော စိတ်ခံစား မှုများ) ကို အလုပ်ခွင်အတွင်းတွင်ထိန်းချုပ်ခြင်းသည် ကျွန်ုပ်တို့၏လုပ်ငန်းကျွမ်းကျင်သူဆန်သော အပြုအမူတစ် ရပ်အနေဖြင့် တိုင်းတာ၍ရနိုင်သောအရာတစ်ခုအဖြစ် မကြာခဏဆိုသလိုမြင်တတ်ကြပါသည်။
အောက်ပါအချက် ၁၀ချက်သည် အလုပ်ခွင်အတွင်း အနုတ်သဘောဆောင်သော စိတ်ခံစားမှုများကို ထိန်းချုပ်နိုင် စေရန် နည်းဗျူဟာများဖြစ်ပါသည်။
၁။ အပိုင်းကဏ္ဍများခွဲခြားမှုပြုလုပ်ထားခြင်း (အိမ်မှ အနုတ်သဘောဆန်သောစိတ်ခံစားမှုများသည် အလုပ်အပေါ် သက်ရောက်မှုရှိလာသောအခါများတွင်)
• တစ်ကိုယ်ရည်ကိစ္စရပ်များကို အိမ်တွင်ပဲကြိုးစားပီးထားခဲ့ပါ။ သင့်ရဲ့အလုပ်သို့လာရာတွင်ကုန်ဆုံးရသည့် အချိန်အားအသုံးပြုကာ သင့်ရဲ့စိတ်ကို ထိုအရာအားလွှတ်ချထားခဲ့ဖို့ရာအတွက်ပြောဆိုပါ။
• ဥပမာအားဖြင့် - အကယ်၍ သင်သည် မြေအောက်ရထား၊ ဘတ်စ်ကားသို့မဟုတ် ကိုယ်တိုင်ကားကိုမောင်းနှင် ကာအလုပ်သို့လာနေသည့်အခါတွင် ဘူတာတိုင်း၊ မှတ်တိုင်တိုင်း၊ မီးပွိုင့်မိသည့်အခါတိုင်းတွင် မိမိကိုစော်ကား ပြောဆိုမှုပြုသည့်ထိုသည်တစ်စုံတစ်ယောက်အား စိတ်ထဲမှထွက်သွားရန် သို့မဟုတ် အဆိုပါ စိတ်ဖိစီးမှုဖြစ် စေသည့်အရာကို ခေါင်းထဲမှထုတ်ပစ်နိုင်စေရန်လုပ်ဆောင်ပါ။
• သင့်အနေနဲ့ အလုပ်နှင့်ပတ်သက်သောစိတ်ဖိစီးမှုဖြစ်စေသည့်အကြောင်းအရင်းများကိုလည်း အပိုင်းကဏ္ဍများ ခွဲခြားထားကာ သင့်ရဲ့ တစ်ကိုယ်ရည်ဘဝသို့ ကူးစက်မှုမရှိစေရန်လည်းပြုလုပ်ထားနိုင်ပါတယ်။
၂။ အသက်ပြင်းပြင်းရှုခြင်းနှင့် စိတ်ပြေလျော့မှုရစေမည့်နည်းလမ်းများ
• ဒီအရာများဟာ စိတ်မငြိမ်မသက်ဖြစ်မှုများ၊ ပူပင်ရမှုများ၊ စိတ်ပျက်မှုများနှင့် ဒေါသထွက်ခြင်းများကဲ့သို့သော စိတ်ခံစားမှုများကိုကူညီမှုပေးနိုင်ပါသည်။
• အသက်ပြင်းပြင်းရှုပါ၊ သင့်စိတ်ငြိမ်သက်သွားသည့်အချိန်အထိ ဖြည်းဖြည်းခြင်း အသက်ရှူသွင်း၊ ရှူထုတ်ခြင်း ပြုလုပ်ပါ။ ၁ မှ ၁၀ အထိ ဖြည်းဖြည်းချင်းရေတွက်ပါ။
• လမ်းလျှောက်ထွက်ခြင်းကိုပြုလုပ်ခြင်းအားဖြင့်လည်း စိတ်တည်ငြိမ်မှုရရှိအောင်လုပ်ဆောင်နိုင်သလို စိတ်ပြေ လျော့မှုရစေမည့် သီချင်းအချို့အားနားထောင်ခြင်းကိုလည်းပြုလုပ်နိုင်ပါတယ်။
• သင့်အားစိတ်ငြိမ်သက်မှုရရှိစေရန်ကူညီပေးနိုင်မည့် တစ်စုံတစ်ယောက်နှင့် စကားစမြည်ပြောဆိုပါ။
၃။ ၁၀ စက္ကန့် စည်းမျဉ်း
• သင့်အနေနဲ့ ဒေါသထွက်လာတာကိုခံစားမိပါက သင့်ကိုယ်သင် ပြန်လည်၍တည်ငြိမ်မှုရရှိစေရန် ၁ မှ ၁၀ အထိ ရေတွက်ကြည့်လိုက်ပါ။
• ဖြစ်နိုင်ပါလျှင် ထိုအခြေအနေမှခဏ္ဏတာရှောင်ထွက်မှုပြုလုပ်လိုက်ပါ၊ သို့သော် အခြားသောဖက်မှသူကို သင့် အနေနဲ့ ဒီကိစ္စအားဖြေရှင်းရန် သင်ပြန်လာခဲ့မည်ကို စိတ်ချပါဟု အသိပေးပြောကြားခဲ့ပါ။
၎။ ရှင်းရှင်းလင်းလင်းဖြစ်အောင်ပြုလုပ်ပါ
အကယ်၍ ထိုအရာတစ်ခုဟာ ရိုးရှင်းသောနားလည်မှုလွဲမှုတစ်ရပ် သို့မဟုတ် မှားယွင်းစွာပြောဆိုမိမှုတစ်ရပ် ဖြစ်နိုင်တဲ့အတွက်ကြောင့် တုံ့ပြန်မှုမပြုလုပ်မှီ သေချာရှင်းရှင်းလင်းလင်းဖြစ်အောင်ပြုလုပ်ခြင်းဟာကောင်းသော အချက်ဖြစ်ပါတယ်။
၅။ သင့်ရဲ့ဒေါသတွေကို လေ့ကျင့်ခန်းများဖြင့်ပေါက်ကွဲပါ
• သင့်အနေနဲ့စိတ်တိုကာဒေါသထွက်နေမယ့်အစား ပြေးစက်ပေါ်တွင်အပြေးလေ့ကျင့်ခန်းပြုလုပ်ရန် သို့မဟုတ် ကစ်ဘောက်ဆင်သင်တန်းသို့သွားရောက်ကာ ဒေါသထွက်စရာများ သင့်ခန္ဓာကိုယ်ထဲမှ ပျောက်ကွယ်သွားစေ ရန် စီစဉ်ပြုလုပ်လိုက်ပါ။
• လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် စိတ်ခံစားချက်များကောင်းမွန်လာစေဖို့ရာအတွက် endorphin ဟော်မုန်းများ ထုတ်လုပ်ပေးနိုင်သော ကောင်းမွန်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်နေပါသေးသည်။
၆။ ဘယ်တော့မှ ဒေါသထွက်နေသည့်အချိန်တွင် ပြန်လည်ပြောဆိုမှုများ သို့မဟုတ် ဆုံးဖြတ်ချက်များကိုမပြုလုပ် လိုက်ပါနဲ့။
• သင့်ရဲ့ ဒေါသထွက်မှုတွေ ဒါမှမဟုတ် မပျော်ရွှင်မှုတွေကြောင့် သင့်ရဲ့ဆုံးဖြတ်ချက်များအပေါ်အကျိုးသက် ရောက်မှု ဘယ်တော့မှ မရှိပါစေနဲ့။
• သင်ဒေါသထွက်နေစဉ်မှာ ဆက်သွယ်ပြောဆိုဆက်ဆံမှုများကို ခေတ္တရပ်နားထားပါ။ သင့်အနေဖြင့် ထို အကြောင်းအရာများကို စာရိုက်ထားနိုင်ပါသည် သို့သော် မူကြမ်းအနေဖြင့်သာ Save ပြုလုပ်ထားပြီး ထိုနေ့အ တွက် အိပ်လိုက်ပါ။ နောက်တစ်နေ့တွင် ထိုအကြောင်းအရာများကိုပြန်လည်ဖတ်ရှုခြင်း သို့မဟုတ် သင့်အနေ နဲ့ယုံကြည်ရမည့်သူတစ်ဦးဦးကို သင်မပို့မှီ ဖတ်ရှုခိုင်းခြင်းတို့ကိုပြုလုပ်ပေးသင့်ပါသည်။
၇။ သင့်ကိုဒေါသထွက်စေသည့်အရာများကို နားလည်သိရှိပါ။
• သင့်အား ဘယ်ကိုအရာတွေက စိတ်ပျက်ဒေါသထွက်စေလဲဆိုတာကို မှတ်မိသိရှိထားပါက အကူအညီပေးနိုင် ပါသည်။
• ဒီနည်းဖြင့် ထိုကဲ့သို့ကိစ္စများဖြစ်ပေါ်လာသည့်အခါတွင် သင့်အနေနဲ့ဘယ်လိုတုံ့ပြန်ရမည်ဆိုသည်ကိုစီစဉ် သတ်မှတ်ထားနိုင်ပြီး သင့်ကိုယ်သင် ထိုကိစ္စရပ်များဖြစ်ပေါ်လာသည့်အခါတွင် စိတ်တည်ငြိမ်မှုရရှိစေမည်ဖြစ် ပါသည်။
၈။ လေးစားသမှုရှိပါ
• မိမိကိုယ်တိုင်အား ဆက်ဆံစေလိုသည့်ပုံစံမျိုးဖြင့်သာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များအပေါ်တွင်ဆက်ဆံပြုမူပါ။
• အကယ်၍ တစ်ဦးတစ်ယောက်ဟာ ရိုင်းပြမှုရှိလာပါက ထိုသူအားတုံ့ပြန်ရန်မလိုအပ်ပါဘူး။ ကျွန်ုပ်တို့ဟာ ရန် လိုခြင်းမရှိပဲ မြဲမြံခိုင်မာစွာနှင့် ယဉ်ကျေးမှုရှိစွာတုံ့ပြန်နိုင်ပါတယ်။ မကြာခဏဆိုသလိုပဲ ရိုင်းပြသောသူများ ဟာ သင့်ထံမှတုန့်ပြန်မှုကိုမရရှိသည့်အခါနှင့် သူတို့တစ်ဦးတည်းသာလျှင် အခန်းထဲတွင်အော်ဟစ်နေသောသူ ဖြစ်တယ်ဆိုတာကို သိရှိသွားတဲ့အခါတွင် ငြိမ်သက်သွားတတ်ကြပါတယ်။
၉။ စိတ်ခံစားမှုများပေါက်ကွဲထွက်မိချိန်တိုင်းတွင် တောင်းပန်မှုပြုလုပ်ပါ။
• သင့်အနေနဲ့ စိတ်ခံစားမှုများပေါက်ကွဲထွက်မိသွားပါက ထိုသို့ပေါက်ကွဲခံရသူနှင့် ထိုသူ့အနားရှိ ကြားသိသူတို့ ကိုချက်ချင်းတောင်းပန်မှုပြုလုပ်ပါ။
• သင့်အနေနဲ့ ရှင်းပြဖို့ ဒါမှမဟုတ် မိမိကိုယ်ကိုကာကွယ်ဖို့မလိုအပ်ပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ “တောင်းပန်ပါတယ်၊ ငါ့ရဲ့တုန့်ပြန်မှုဟာဆိုးရွားသွားခဲ့တယ်” လို့ ပြောဆိုရုံနဲ့ပင် ကြီးမားသောခြားနားချက်ကိုဖြစ်ပေါ်စေပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
LOTTE MGS Beverage Co.,Ltd
Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
Victory Myanmar Group Co., Ltd.
..The Victory Myanmar Group (VMG) was created in 2009 based on organic growth and the acquisition of Mandalay Rum which was established in 1886 which now sells over 1.8 million cartons per year. Our p...
Show the postings (1)
Power Light Co.,Ltd
...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (6)
MJL & AKT Petroleum Co., Ltd.
We use various channels to distribute our products depending on market size, income and buying trend. Our company has reputation for not only providing the best products but also having a great custom...
Show the postings (1)
Trust Venture Partners Co., Ltd
To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives
To provide one-stop service to international compani...
Show the postings (58)