by Admin
ချိတ်ဆွဲရန်စာတန်း: cover letter How to create What is cover letter
Cover Letter ကို ဘယ်လို ရေးရမလဲ ဆိုတာကို မပြောခင်မှာ ပထမဆုံး cover letter ဆိုတာ ဘာလဲဆိုတာကို ရှင်းချင်ပါတယ်။
ဘယ်လို ရာထူးမျိုးကိုပဲလျှောက်လျှောက် အလုပ်တစ်ခုလျှောက်တော့မယ်ဆိုရင် ကိုယ်က (Cover Letter) အလုပ်လျှောက်စာ တစ်စောင်ကို ရေးဖို့လိုပါတယ်။ အဲ့ဒီစာထဲမှာ ကိုယ့်ကိုယ်ကို မိတ်ဆက်တဲ့ စာသားတွေရယ်၊ ဒီစာကိုဘာကြောင့်ရေးရသလဲဆိုတာကို ရှင်းပြထားတဲ့ စာသားတွေ မဖြစ်မနေပါဝင်ရပါမယ်။ ကိုယ့်ရဲ့အတွေ့အကြုံ ဒါမှမဟုတ် စွမ်းရည်တစ်ချို့ကို ဖော်ပြပြီး ကိုယ်လျှောက်တဲ့ အလုပ်ရှင်နဲ့ လူချင်းတွေ့ဖို့အခွင့်အလမ်းကို တောင်းဆိုတဲ့ အချက်တွေကို ဖော်ပြရမှာဖြစ်ပါတယ်။
Cover Letter တစ်စောင်ကို ရေးသားတဲ့အခါမှာတော့
ပထမဆုံးစာပိုဒ်မှာ ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး ဒီစာကို ကုမ္ပဏီက ခေါ်ဆိုတဲ့ ဘယ်ရာထူးအတွက် လျှောက်ထားတယ်ဆိုတာကို ဖော်ပြရပါ့မယ်။
ဥပမာ - ကျွန်တော်နာမည်က ကကြီး ဖြစ်ပါတယ်။ ဘယ်ဘွဲ့ရထားပါတယ်။ အခု ဘယ်ကုမ္ပဏီမှာ ဘာတာဝန်ုတွေကို ထမ်းဆောင်နေပါတယ်။ စတဲ့ အချက်တွေပါဝင်သင့်ပါတယ်။
ဒုတိယ စာပိုဒ်မှာတော့ ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေက အခုလျှောက်ထားလိုတဲ့ အလုပ်နဲ့ ဘယ်လောက်ကိုက်ညီကြောင်း၊ ကိုယ်က ဘာတွေ လုပ်ပေးနိုင်ကြောင်း အလုပ်နှင့်ပက်သက်ပြီး ဘယ်လိုယုံကြည့်မှုရှိကြောင်းတို့ကို ဖော်ပြပြီး အဖွဲ့အစည်းအတွက် (organization) အကျိုးအမြတ် များရရှိအောင် ဘယ်လိုလုပ်ပေးနိုင်ကြောင်း စတာတွေကို ဖော်ပြပေးရမှာပါ။
နောက်ဆုံးစာပိုဒ်မှာတော့ ရေးသားမှုကို အချိန်ပေးပြီး ဖတ်တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းပြောပြီး သတင်းကောင်းကို စောင့်မျှော်နေပါတယ်လို့ ရေးသားရင်း နိဂုံးချုပ်သင့်ပါတယ်။
ဒါတွေကတော့ cover letter ဆိုတာ ဘယ်လိုရေးရမလဲဆိုတာကို ဖော်ပြပေးခဲ့တာပါ။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။