ချိတ်ဆွဲရန်စာတန်း: create-cv-jobless
ပထမဦးဆုံး CV ဆိုတာ ကိုရှင်းပြချင်ပါတယ်ရှင်။ CV ရဲ့ အရှည်ကတော့ Curriculum Vitae ဖြစ်ပြီး လူတစ်ဦးတစ်ယောက်၏ ပညာရေး၊ experiences history ( professional history)၊ Achievement စသည့် ဖော်ပြချက်များပါဝင်သည့်အရာတစ်ခုဖြစ်ပြီး Resume လို့လည်း ခေါ်ကြပါတယ်ရှင်။
တစ်နည်းအားဖြင့် လည်း လူကြီးမင်း၏ skill, experiences, qualification and abilities များကို လုပ်ငန်းရှင်သို့ရောင်းရန်အတွက် လိုအပ်သည့် Marketing Document တစ်ခုလည်းဖြစ်ပါတယ်။
အဲ့ဒါမို့ CV တစ်ခုပြုလုပ်တော့မယ်ဆိုရင်
၁။ Personal Details ဖြစ်တဲ့ အမည်၊ ဓာတ်ပုံ၊ မွေးနေ့၊ ဆက်သွယ်ရမည့်လိပ်စာ၊ Ph နှင့် email
၂။ ပညာရေး နှင့် အခြားသောအရည်အချင်းများ ဖြစ်သည့် ရရှိခဲ့သည့် ဘွဲ့၊ လုပ်ငန်းခွင်ဆိုင်ရာသင်တန်းအမည်နှင့် ဘာသာရပ်၊ ကွန်ပျူတာကျွမ်းကျင်မှု တို့နှင့်အတူ အောင်မြင်ခဲ့သည့် Grade or level
၃။ အလုပ်အတွေ့အကြုံ သို့ Employment History
၎င်းနှင့်ပက်သက်ပြီး ဖော်ပြသည့်အခါမှာတော့ action words များဖြစ်တဲ့ planned, developed, organized , contribute with team စသည့် အလုပ်နှင့်ပက်သက်သည့် skill ဆိုင်ရာစကားလုံးများပါဝင်အောင် ထည့်သွင်းဖော်ပြရမှာဖြစ်ပါတယ်ရှင်။
၎။ စိတ်ဝင်စားမှု ( Interest ) နှင့် အောင်မြင်မှုများ ( Achievement)
၎င်းနှင့်ပက်သက်၍ အလုပ်နှင့်ပက်သက်သည့် စိတ်ဝင်စားမှုနှင့်တကွ personal life ၏ hobby နှင့် interest ကို ပါ ဖော်ပြနိုင်ပြီး အလုပ်တွင် လူကြီးမင်းလုပ်ဆောင်ပေးခဲ့သည့် project တွင် ရရှိခဲ့သော အောင်မြင်မှုများ၊ Leardership နှင့် ပက်သက်သည့် skill နှင့် အလုပ်နှင့်ပက်သက်ပြီး details လုပ်တတ်မှု စသည့် main point တို့ကို ဖော်ပြပေးရပါမည်။
၅။ Language Skills
၆။ Salary ။ ၄င်းနှင့်ပက်သက်၍ လူကြီးမင်း၏ current salary နှင့်အတူ minimum expected salary ကို ဖော်ပြရမည်ဖြစ်ပါသည်။
၇။ Reference (လူကြီးမင်း၏ ဖော်ပျြချက်များမှန်ကန်မှုကို ထောက်ခံပေးနိုင်သည့် လွန်ခဲ့သောအလုပ်မှ လူကြီးမင်း၏ Manager တို့၏ contact တို့ကို ဖော်ပြနိုင်လျှင် ပိုမိုကောင်းမွန်ပါသည်။)
ဒီ အချက် ၇ ချက်ကို ခြေခံ၍ လူကြီးမင်း၏ CV ကို အကောင်းဆုံးဖန်တီး၍ အလုပ်ကောင်းများကို အမြန်ဆုံးရရှိနိုင်ပါစေ။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။