Jobs In Myanmar
Load...

သင်၏ ကိုယ်ရေးအကျဉ်းချုပ်တွင် မပါသင့်သည့် အချက်များ

by Jobless


Tags: CV Resume dos and don'ts facts



ဒါကြောင့် အချိန် ၆ စက္ကန့်အတွင်း မိမိ၏ ကိုယ်ရေးအကျဉ်းချုပ်တွင် ဖော်ပြထားမှုများသည် ထိုက်တန်မှုရှိကြောင်း ပြသနိုင်ရန် စကားလုံးစာသားတိုင်းကို သေချာစွာ ပြင်ဆင်ထားရပေမည်။ ဒါကြောင့် မိမိ၏ ကိုယ်ရေးအကျဉ်းချုပ်ကို သိသာထင်ရှားစွာ ပြသနိုင်ရန်အတွက် ရေးသားရာတွင် ရှောင်ကျဉ်ရမည့် အချက်များကို ယခုတစ်ပတ်မှာ ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

သင်၏ ကိုယ်ရေးအကျဉ်းချုပ်တွင် မပါသင့်သည့် အချက်များ" ဆိုတဲ့ ဒီခေါင်းစဉ်အောက်မှာ -

ပထမဆုံး ဆွေးနွေးလိုတာက -

နာမည်ပြောင် e mail လိပ်စာပါ။ ကိုယ်ကျောင်းသားဘဝက အပျော်ဖွင့်ထားတာပဲ ဖြစ်ဖြစ်၊ ဒါမှာမဟုတ် လူသိမခံလိုတဲ့ ရည်ရွယ်ချက်နဲ့ အမည်လွှဲဖွင့်ထားတာပဲဖြစ်ဖြစ်ပေါ့။ ဒီလိုရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့ mail လိပ်စာတွေကိုမထည့်သင့်ပါဘူး။ တစ်ချို့ဆို Mail လိပ်စာတစ်ခုတည်းကို မိသားစုလိုက်သုံးတာမျိုးတွေရှိသလို အများပိုင်သုံးတာတွေလည်း ရှိပါတယ်။ ဒါမျိုးတွေဆို မထည့်ရပါဘူး။ mail ဆိုတာ တစ်ယောက်တည်း သုံးတာ ပိုကောင်းပါတယ်။ ပြီးတော့ အလုပ်လျှောက်တာ ဆိုတော့ နာမည်ပြောင် mail တွေ မသုံးပဲ အတည်အတံ့ဖွင့်ထားတဲ့ mail လိပ်စာကိုပဲ သုံးသင့်တာပါ။

နောက်တစ်ခုကတော့ ဖုန်းနံပါတ်တွေ အများကြီး ထည့်ထားတာမျိုးကိုလည်း ရှောင်ရပါ့မယ်။ တစ်ချို့က အဆက်အသွယ်မရမှာစိုးလို့ လက်လှမ်းမီသမျှ အကုန်ထည့်ထားပါတယ်။  တကယ် ဆက်သွယ်လိုက်တဲ့အခါမှာ ကိုယ်ကမရှိတာမျိုး၊ ခေါ်လို့မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အလုပ် အင်တာဗျူးခေါ်တဲ့သူတွေ အများစုက ဆက်သွယ်ရခက်တဲ့ ဖုန်းနံပါတ်တွေကို ၂ ခါပြန်ခေါ်တာမျိုး လုပ်လေ့လုပ်ထ အရမ်းနည်းပါတယ်။ ဒါကြောင့် ဆက်သွယ်ဖို့အတွက် အသေချာဆုံး ဖုန်းနံပါတ်ကို ပေးရပါ့မယ်။

ဒီတစ်ခုက ပိုလို့တောင်ဂရုစိုက်ရမှာပါ။ ဒါက ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေပါ။ Personal Details လို့ ဆိုပေမယ့် မလိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ ထည့်မရေး သင့်ပါဘူး။ အဲ့ဒီအချက်တွေက စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု (ဥပမာ။    ။ ခံစားလွယ်သည်။ နတ်ကိုးကွယ်သည်။ တစ်ယောက်တည်းနေရတာ သဘောကျသည်။) စသဖြင့်ပေါ့။ နောက် ကိုယ့်ရဲ့ လူမှုဖူလုံရေးနံပါတ်၊ ဝါသနာ၊ လူမျိုး၊ အိမ်ထောင်ရေး အခြေအနေ စတာတွေလည်းပါတယ်။ ဒါတွေက မလိုအပ်ရင် ထည့်မရေးတာ ပိုကောင်းပါတယ်။ ဒီကိုယ့်ရဲ့ အချက်အလက်တွေက အားနည်းစရာတွေ ရှိခဲ့ရင် ကိုယ့်ရဲ့ အလုပ်ကို ထိခိုက် နိုင်တာပေါ့။

နောက်ပြီး တစ်ချို့ဆို ကိုယ့်ရဲ့ personal အကောင့်တွေဖြစ်တဲ့ FB၊ We Chat၊ Line စတာတွေပေါ့။ ဒါတွေကို ထည့်ရေးကြတယ်။ အမှန်တကယ် အလုပ်ဖြစ်နိုင်တာထက် ကိုယ့်ရဲ့လူမှု ဘဝကို ဒီအကောင့်တွေကတဆင့် ထင်ဟတ်စေနိုင်ပါတယ်။ ဒါကြောင့် ထည့်မရေးသင့်ပါဘူး။ အမှန်တကယ် အလုပ်ဖြစ်နိုင်တဲ့ linkedin လို အကောင့်ဆိုရင်တောင် သေချာစဉ်းစားပြီးမှ ထည့်သင့်တယ်။

 ပြီးတော့ ကိုယ့်ရဲ့ လက်ရှိအလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အဆက်အသွယ် တစ်ခုခုပေါ့။ ဥပမာ။ ရုံးလုပ်ငန်းသုံး mail လိပ်စာ၊ ဖုန်းနံပါတ် စတာတွေကို ထည့်မရေး သင့်ပါဘူး။ ဒါမှလည်း ကိုယ်လောလေဆယ်လုပ်နေတဲ့ လုပ်ငန်းက သူဌေးက ကိုယ့်ကို သံသယ မဝင်နိုင်မှာဖြစ်ပါတယ်။ တစ်ဘက်က အလုပ်ခေါ်တာကို လက်ရှိအလုပ်က လုပ်ငန်းရှင်တွေ အထက်အရာရှိတွေက ကြိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်အချိန်မဆို အလုပ်လျှောက်ရင် ကိုယ်ပိုင် mail နဲ့ ဖုန်းနံပါတ်တွေကိုပဲ ထည့်ရေးသင့်ပါတယ်။

အခု ကျွန်တော်ရှင်းပြခဲ့တာတွေက သင်၏ ကိုယ်ရေးအကျဉ်းချုပ်တွင် မပါသင့်သည့် အချက်များ" ဆိုတဲ့ အချက်တွေပါ။ နောက်မှာလည်း ဒီခေါင်းစဉ်နဲ့သက်ဆိုင်တဲ့ အခြားအချက်အလက် တွေကို ဆက်လက်တင်ဆက်ပေးပါ့မယ်။ ပြီးတော့ အခုဒီအချက်တွေကို မှတ်သာထားပြီး အလုပ်များ ကို အဆင်ပြေစွာ လျှောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


General Arr Mhan Thit Co., Ltd (Hyundai Truck & Bus)

General Arr Mhan Thit Co., Ltd (Hyundai Truck & Bus)

Our company’s mission is to provide people with a unique and simple experience of making better logistic decisions for their businesses, one that focuses on customer satisfaction first by being the ...
Show the postings (26)
Diamond Class Co., Ltd.

Diamond Class Co., Ltd.

Diamond Class Co.,Ltd သည် Tajima ပန်းထိုးစက်များဖြင့် အကျီများ၊ ဦးထုပ်များ၊ ပိတ်စအထည်အလ...
Show the postings (11)
Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (51)
Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (6)
GMO-Z.comACE Co.,Ltd.

GMO-Z.comACE Co.,Ltd.

..GMO-Z.comACE, jointly established by GMO Internet Group from Japan and ACE Data Systems in Myanmar, specializes in Domain, Hosting and SSL with its sale purpose to provide the needs of various resel...
Show the postings (3)


Spa

Category

Recruitment Advice
Career Advice
JobsInYangon Tips

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No.806, 8th floor, SOHO Bo Myat Htun Tower (street), between Mahabandoola Rd.& Merchant Rd.
Botahtaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS