Jobs In Myanmar
Load...

CV တစ်စောင်ကို မည့်သည့် အချက်အလက်တွေနဲ့အတူ ဖန်တီးမလဲ

by Jobless.com


Tags: CV Resume dos and don'ts facts How to creat



ပထမဦးဆုံး CV ဆိုတာ ကိုရှင်းပြချင်ပါတယ်။ CV ရဲ့ အရှည်ကတော့ Curriculum Vitae ပေါ့။ ဒီအထဲမှာ လူတစ်ဦးတစ်ယောက်ရဲ့ ပညာရေး၊ လုပ်ငန်းအတွေ့အကြုံ၊ ရရှိခဲ့တဲ့ အောင်မြင်မှုများစတဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။ ဒါကို Resume လို့လည်း ခေါ်ကြပါတယ်။   တစ်နည်းအားဖြင့် ကိုယ်ဘာတွေတတ်ထားတယ်။ ဘယ်လောက်လုပ်နိုင်တယ်။ ဘယ်လိုအရည်အချင်းတွေ ရှိတယ်ဆိုတာတွေကို ဖော်ပြထားတဲ့ လုပ်ငန်းရှင်တွေကိုရောင်းမယ့် ကုန်ပစ္စည်း ညွှန်းတမ်းတစ်ခုလည်း ဖြစ်ပါတယ်။

အဲ့ဒါကြောင့် CV တစ်ခုပြုလုပ်တော့မယ်ဆိုရင်-

၁။ Personal Details (ကိုယ်ရေးအချက်အလက် အသေးစိတ်) ဖြစ်တဲ့ အမည်၊ ဓာတ်ပုံ၊ မွေးနေ့၊ ဆက်သွယ်ရမည့်လိပ်စာ၊ Ph နှင့် email

၂။ ပညာရေး နှင့် အခြားသောအရည်အချင်းများ ဖြစ်တဲ့

ရရှိခဲ့သည့် ဘွဲ့၊  လုပ်ငန်းခွင်ဆိုင်ရာသင်တန်းအမည်နှင့် ဘာသာရပ်၊ ကွန်ပျူတာကျွမ်းကျင်မှုတို့နှင့်အတူ အောင်မြင်ခဲ့တဲ့ ကျောင်းပြင်ပ ပညာရေးတွေနဲ့

၃။ အလုပ်အတွေ့အကြုံ စတာတွေကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။

ဒါမှလည်း ပြည့်စုံတဲ့ CV တစ်စောင် ဖြစ်လာမှာပေါ့။

ဒီလို ဖော်ပြတဲ့ အခါမှာလည်း ထိရောက်မယ့်စကားလုံးတွေ (action words) ဖြစ်တဲ့ လုပ်ငန်းအစီအစဉ်ရေးဆွဲမှု (planned), ဖွံ့ဖြိုးတိုးတက်မှု စွမ်းဆောင်ရည် (developed), စည်းရုံးမှု အရည်အသွေး (organized), အသင်းအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်နိုင်မှု (contribute with team) စတဲ့ အလုပ်နဲ့ပက်သက်တဲ့ skill ဆိုင်ရာစကားလုံးများပါဝင်အောင် ထည့်သွင်းဖော်ပြပေးရမှာဖြစ်ပါတယ်။

၎။ စိတ်ဝင်စားမှု (Interest) နှင့် အောင်မြင်မှုများ (Achievement)

ဒါကတော့ အလုပ်နဲ့ပက်သက်တဲ့ စိတ်ဝင်စားမှုတွေ (interest) ကို ဖော်ပြနိုင်ပြီး အလုပ်မှာ ကိုယ်လုပ်ဆောင်ပေးခဲ့တဲ့ လုပ်ငန်းအစီအစဉ်တွေမှာ ဘယ်လုပ်ငန်းက ဘယ်လိုအောင်မြင်မှုတွေ ရခဲ့တယ်ဆိုတာကို ဖော်ပြရမှာပါ။ ဒီလို ဖော်ပြတဲ့အခါမှာ ခေါင်းဆောင်မှု စွမ်းရည် (Leardership) နဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ၊ အလုပ်နဲ့ပက်သက်တဲ့ အသေးစိတ် အစီအစဉ်ရေးဆွဲနိုင်မှုတွေကို အဓိကထား ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

ဒါမှလည်း ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ ပေါ်လွင်မှာပါ။

 

နံပါတ် (၅) အချက်ကတော့ ဘာသာစကားတတ်ကျွမ်းမှုပါ။

အခုလုပ်ငန်းလိုအပ်ချက်တွေအရ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတဲ့အခါမှာ ကိုယ့်ရဲ့မိခင်ဘာသာစကားအပြင်၊ နိုင်ငံတကာရုံးသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကားကိုတော့ တတ်ထားသင့်ပါတယ်။ တစ်ခုထက်ပိုတဲ့ ဘာသာစကားကို သင်ယူတတ်မြောက်ထားရင်လည်း ပိုပြီး အဆင်ပြေနိုင်ပါတယ်။ အခုဆိုရင် ဘာသာစကားတတ်ကျွမ်းမှုကလည်း အလုပ်တစ်ခု ရဖို့အတွက် တကယ်ကို အရေးပါလာပါတယ်။

နောက်တစ်ခုက ၆။ လစာ အနေအထားပါ။

လစာကတော့ ကိုယ်လျှောက်ထားတဲ့ ရာထူးနေရာနဲ့ကိုက်ညီမယ့် မျှော်မှန်းလစာကို ထည့်သွင်းဖော်ပြရမှာပါ။ ဒီလို ဖော်ပြတဲ့အခါမှာလည်း ကိုယ့်အတွက်အဆင်ပြေမယ့် လစာအနေအထားကို ဖော်ပြပေးရမှာပါ။ တစ်ချို့ဆိုရင် အလုပ်ရှင်က အရည်အချင်းကို ကြိုက်ပြီး လစာ အဆင်မပြေလို့ အလုပ်မရတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် တောင်းတဲ့လစာနည်းသွားလို့ တကယ်လုပ်ငန်းခွင်ဝင်တဲ့ အခါမှာ အဆင်မပြေဖြစ်တာတွေလည်း ရှိသေးတယ်။

အခုပြောမယ့်တစ်ခုက အရင်အပတ်တွေကလည်း ပြောပြခဲ့ဘူးပါတယ်။ ဒါက-

၇။ Recommendation ပေါ့.။ ထောက်ခံစာပါ။ တစ်ချို့က ဒါကို တစ်လွှဲသုံးပြီး ကိုယ်လျှောက်တဲ့ ကုမ္ပဏီအပေါ် သြဇာလွှမ်းနိုင်မယ့် သူတွေကို အကူအညီတောင်းပြီး ထည့်သွင်းဖော်ပြတတ်ကြပါတယ်။ အမှန်တကယ် ဖော်ပြသင့်တာက ကိုယ့်အရင်လုပ်ခဲ့တဲ့ အလုပ်တွေက ပေးတဲ့ထောက်ခံချက်တွေ၊ ပြီးတော့ အဲ့ဒီအလုပ်တွေမှာ လက်ရှိလုပ်နေပြီး ကိုယ့်ရဲ့အရည်အချင်းကို ထောက်ခံပေးနိုင်မယ့် သူတွေရဲ့ အမည်နဲ့ အဆက်အသွယ်တွေကို ထည့်ပေးတာ ပိုသင့်လျော်ပါတယ်။

အခု ရှင်းပြခဲ့တာတွေကတော့ CV တစ်စောင်မှာ မဖြစ်မနေ ထည့်သွင်းပေးရမယ့် အချက်အလက်တွေပါ။

www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
Sea Rain Co.,Ltd

Sea Rain Co.,Ltd

Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS