Jobs In Myanmar
Load...

5 Types of Problem Coworkers and How to Deal With Them

by www.jobsinyangon.com


Tags: Knowledge-Dealing-With-Problem-Coworkers-JobsInYangon



ပြဿနာရှာတတ်တဲ့ လုပ်ဖော်ကိုင်ဖက် (၅) မျိုးနှင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများ 

 

ရုံးခန်းတိုင်း၊ ဌာနတိုင်းမှာ ပြဿနာရှာတတ်တဲ့ လုပ်ဖော်ကိုင်ဖက်များကတော့ ရှိနေမှာပဲဖြစ်ပါတယ်။ ထို သူ/ သူမဟာ အဆိုးမြင်ဝါဒီတစ်ဦး၊ မိမိရဲ့အလုပ်ကို ကောင်းမွန်စွာမလုပ်တတ်သူတစ်ဦး၊ ပြန်မပြော နားမထောင်လုပ်တတ်သူတစ်ဦး ဖြစ်နေပြီး သင့်အနေနဲ့ ထိုသူများကို မနှစ်သက်သော်လည်း အလုပ်မှထွက်ခွာရန်လည်း မဖြစ်နိုင်တဲ့အခြေအနေမျိုးဆိုပါက ယနေ့ဖော်ပြသွားမယ့် အကြံပြုချက်များဟာ သင့်ရဲ့လုပ်ငန်းခွင်အတွင်းတွင် ဒီကဲ့သို့သော စိတ်ညစ်စရာကောင်းတဲ့အပြုအမူများကို နည်းပါးသွားစေရန်အတွက် အထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါတယ်။ 

လုပ်ငန်းခွင်တိုင်းတွင် ထိုသို့သော ပြဿနာရှာတတ်တဲ့ Problem Coworker များဟာ အမျိုးမျိုးရှိနေနိုင်ပြီး ဒီလိုလူမျိုးတွေထဲကမှ အချို့ကတော့ - အဆိုးမြင်ဝါဒီများ၊ ပြိုင်ဆိုင်လိုစိတ်လွန်ကဲလျှက်ရှိသောသူများ၊ အတင်းအဖျင်းစိတ်ဝင်စားသူများ၊ အနိုင်ကျင့်တတ်သူများနဲ့ အလုပ်ကို ရှောင်လွှဲတတ်သူများပဲဖြစ်ပါတယ်။ 

 

အဆိုးမြင်တတ်သူများ 

ဒီကဲ့သို့သောလူမျိုးကတော့ မည်သို့သောအခြေအနေမျိုးတွင်မဆို အဆိုးမြင်တတ်သူများ၊ အဆိုးဆုံးအခြေအနေမျိုးကိုသာ ရွေးချယ်၍ ပြောဆိုတတ်သူများပဲဖြစ်ပါတယ်။ အဆိုးဆုံးအခြေအနေများကို ကြိုတင်တွေးတောထားနိုင်ပြီး ထုတ်ဖော်ပြောဆိုရဲတဲ့သူတစ်ဦး မိမိတို့ရဲ့ team အတွင်းမှာ ရှိနေခြင်းဟာ အထောက်အကူဖြစ်စေနိုင်သော်လည်း ဒီလူကတော့ အမြဲတမ်းလိုလို ပြဿနာဖြေရှင်းနိုင်မယ့်နည်းလမ်းများကို ရှာဖွေခြင်းမပြုပဲ ဆောလျှင်စွာ ပြစ်တင်ဝေဖန်မှုပြုလုပ်တတ်သူတစ်ဦးပဲဖြစ်ပါတယ်။ 

အဆိုးမြင်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဆိုသည်မှာ အမြဲတမ်း ဖြေရှင်းနိုင်မည့်နည်းလမ်းများကို စဉ်းစားခြင်းမရှိပဲ အဆိုးဖက်ကသာ ရှုမြင်တတ်သူတစ်ဦးပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ဟာ အမြဲတမ်း “ဒီ client ကတော့ ငါတို့နဲ့ စာချုပ်ချုပ်မှာမဟုတ်လောက်ဘူးလို့ ငါထင်တယ်” သို့မဟုတ် “ဒီ client ကို ငါတို့ဆုံးရှုံးရတော့မယ်ထင်တယ်” အစရှိတဲ့ စကားများကိုသာပြောကြားလေ့ရှိပြီး ကျန်ဝန်ထမ်းများကိုပါ စိတ်ဓါတ်ကျဆင်းလာစေတဲ့ သူမျိုးဖြစ်နေပါက ထိုသူကို အဆိုးမြင်တတ်သူတစ်ဦးအဖြစ် ကောက်ချက်ချ၍ ရနိုင်ပါတယ်။ 

 

ထိုကဲ့သို့သော သူများကို ကိုင်တွယ်ဖြေရှင်းပုံကတော့ . . . 

ထိုသူက ပြဿနာရှိလာနိုင်တဲ့ အကြောင်းတစ်စုံတစ်ရာကို ထုတ်ဖော်ဆွေးနွေးလာခဲ့ပါက သူ့ကို အသေးစိတ်ကျကျ ပြန်လည်မေးခွန်းထုတ်လိုက်ပါ။ ဘာကြောင့် ဒီ client က ငါတို့နဲ့ စာချုပ်မချုပ်လောက်ဘူးလို့ ထင်ရတာလဲ? ဘာတွေဖြစ်ပျက်ခဲ့လို့လဲ? ပြဿနာရှိနေတဲ့အပိုင်းကို သေချာစွာရှင်းလင်းဖော်ပြဖို့အတွက် သူ့ကို ဖိအားပေးပြီး ထိုအရာကိုဖြေရှင်းနိုင်မည့်နည်းလမ်းကို မေးမြန်းကြည့်လိုက်ပါ။ သူ/ သူမ ဟာ အမှန်တကယ် လက်တွေ့တွင်ဖြစ်ပျက်နေတဲ့ အကြောင်းအရာများနဲ့ သက်ဆိုင်တဲ့အရာများကို ပြောကြားနေတာဖြစ်တဲ့အတွက် ထိုသူတို့က တင်ပြလာတဲ့အရာများကို အရေးမပါဘူးဟုယူဆပြီး ဥပေက္ခာပြုထားခြင်းကို ရှောင်ရှားသင့်ပါတယ်။ 

 

ပြိုင်ဆိုင်လိုစိတ်လွန်ကဲလျှက်ရှိသောသူများ

ကျောင်းတုန်းက အတန်းထဲတွင် သင့်ရဲ့မှတ်စုစာအုပ်ကို ထပ်ဖန်တလဲလဲ တောင်းယူလေ့ရှိပြီး သင်အကူအညီလိုတဲ့အခါတွင်တော့ ပြန်လည်၍ အကူအညီမပေးတတ်သောသူများကို သင်ကြုံဖူးပါသလား? ဒါဟာ ထိုကဲ့သို့သောသူများရဲ့ အရွယ်ရောက်ပြီးတဲ့ပုံစံပဲဖြစ်ပါတယ်။ ပြိုင်ဆိုင်လိုစိတ်လွန်ကဲနေသူတစ်ဦးဟာ အခြားသူများရဲ့အလုပ်များကို ဖျက်လိုဖျက်စီးပြုလုပ်၍ မျက်နှာကောင်းမရနိုင်စေရန်အတွက် ပြုလုပ်တတ်လေ့ရှိပါတယ်။ အထက်သို့လွယ်လွယ်နဲ့ရောက်နိုင်မယ်ဆိုပါက သင့်ကိုချနင်းသွားဖို့လည်း ဝန်လေးမှာ မဟုတ်သလို သင်လုပ်ခဲ့တဲ့အလုပ်များကို သူကိုယ်တိုင်လုပ်ခဲ့သကဲ့သို့ မျက်နှာကောင်းယူတတ်သူများလည်းဖြစ်ကြပါတယ်။ 

ပြိုင်ဆိုင်လိုစိတ်ရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး အလုပ်အတွင်းမှာရှိနေခြင်းဟာ သူ/ သူမက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များဖြစ်တဲ့ ဥပဒေ၊ PR ပိုင်း၊ အရောင်းပိုင်း အစရှိတဲ့နေရာများတွင် ကောင်းမွန်စွာ ပြိုင်ဆိုင်တတ်သူတစ်ဦးဆိုပါက အဆိုပါလုပ်ငန်းအတွက် အားသာချက်တစ်ခုဖြစ်လာမှာဖြစ်ပြီး လုပ်ငန်းခွင်အတွင်းတွင် ထိုကဲ့သို့သော ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုများရှိနေခြင်းအားဖြင့် ဝန်ထမ်းများအားလုံးဟာ အလုပ်လုပ်ရာတွင် ပိုမို၍ကြိုးစားမှုရှိလာကြမှာဖြစ်ပါတယ်။ သို့သော်လည်း ထိုသူဟာ ပြိုင်ဆိုင်လိုစိတ်လွန်ကဲလျှက်ရှိနေသူတစ်ဦးဖြစ်နေခဲ့ရင်တော့ အခြားသူများဟာလည်း ထိုသူကဲ့သို့ပင် မိမိတို့ရဲ့အလုပ်ကိုသာ အာရုံစိုက်၍လုပ်ကိုင်ပြီး အခြားသူများကိုအကူအညီပေးလိုစိတ် ရှိတော့မှာမဟုတ်တဲ့အတွက် ပြဿနာရှိလာနိုင်ပါတယ်။ လုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုအတွက် ကုမ္ပဏီတစ်ခုအတွင်းရှိ ဝန်ထမ်းများအားလုံးဟာ အဖွဲ့တစ်ခုအနေနဲ့ တစ်ဦးနဲ့တစ်ဦး အကူအညီပေးတတ်တဲ့ အလေ့အကျင့်ရှိနေဖို့က အရေးကြီးလှပါတယ်။ 

 

ထိုကဲ့သို့သော သူများကို ကိုင်တွယ်ဖြေရှင်းပုံကတော့ . . . 

ပြိုင်ဆိုင်လိုစိတ်လွန်ကဲနေတဲ့ လုပ်ဖော်ကိုင်ဖက်များဟာ သူတို့ရဲ့စိတ်ထဲမှာ သိမ်ငယ်မှုရှိနေတဲ့အတွက် သင့်ရဲ့အောင်မြင်မှုက သူတို့ရဲ့ဖြစ်တည်မှုကို ခြိမ်းခြောက်လျှက်ရှိနေတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ ဒါကြောင့် ထိုကဲ့သို့သောသူများနဲ့ ဆက်ဆံရာတွင် သင့်ဖက်က သူတို့နဲ့အတူတကွ လက်တွဲ၍လုပ်ကိုင်လိုစိတ်ရှိပြီး အတိုက်အခံပြုလုပ်လိုစိတ်မရှိကြောင်း ဖော်ပြရမှာဖြစ်ပါတယ်။ သူတို့နဲ့အတူတကွပူးပေါင်းလုပ်ဆောင်ပါ။ သို့သော် ထိုသို့ပြုလုပ်ရာတွင် သင်ဟာ အဆိုပါလုပ်ငန်းပရောဂျက်တစ်ခုအတွက် အလုပ်လုပ်ပေးခဲ့ကြောင်း သက်သေပြနိုင်ရန် မိတ္တူများနဲ့ မူရင်းဖိုင်များကို သိမ်းဆည်းထားပါ။ ထိုသူများက သင်နဲ့ အတူတကွပြုလုပ်ခဲ့တဲ့အရာများကို အပိုင်စီးသွားခြင်းအား သင့်အနေနဲ့ လိုလားမှာမဟုတ်ပါဘူး။ 

တစ်ချိန်တည်းမှာ သင့်ကိုယ်သင်အာရုံစိုက်ပြီး လုပ်ငန်းခွင်အတွင်းတွင်လည်း အကောင်းဆုံးစွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသနိုင်ဖို့ကိုသာ ကြိုးစားပါ။ သူတို့ရဲ့ ပြိုင်ဆိုင်လိုစိတ်လွန်ကဲနေခြင်းကြောင့် သင့်အလုပ်နဲ့ သင့်ကိုယ်သင်ထိခိုက်မှုမရှိပါစေနဲ့။ ထိုသူများနဲ့တုပ၍ ပြိုင်ဆိုင်ခြင်းကို ရှောင်ရှားပါ။ အကယ်၍ သင်အလုပ်လုပ်ကိုင်နေတဲ့ကုမ္ပဏီအတွင်းက လူအများစုဟာ ထိုသို့ပြိုင်ဆိုင်လိုစိတ်ပြင်းပြသောသူများဖြစ်နေပါက သင့်အနေနဲ့ ဒီလိုပတ်ဝန်းကျင်အတွင်းမှာ မိမိရဲ့ အစွမ်းအစများကို ထုတ်ဖော်ပြသနိုင်မှာလားဆိုတာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အချို့ကတော့ ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် စွမ်းဆောင်ရည်များတိုးတက်လာလေ့ရှိပြီး အချို့ကတော့ စွမ်းဆောင်ရည်များ ကျဆင်းသွားလေ့ရှိပါတယ်။ 

 

အတင်းအဖျင်းစိတ်ဝင်စားသူများ

အလုပ်ခွင်အတွင်းတွင် နေရာစုံမှ လူပေါင်းစုံ စုဝေးနေတဲ့အတွက် အတင်းအဖျင်းပြောစရာကိစ္စများလည်း များစွာရှိနေတတ်ပါတယ်။ သူတစ်ပါးရဲ့အကြောင်း အတင်းအဖျင်းကို စိတ်ဝင်စားတဲ့သူများဟာ ကုမ္ပဏီအတွင်းဖြစ်ပျက်နေတဲ့ အရာတွေအားလုံးကို သိချင်နေပြီး သင်က ထိုသူများကိုပြောပြလိုက်တဲ့ လျှို့ဝှက်အပ်တဲ့အရာများကို အခြားသူများသို့ ပြန်လည်၍ ဖောက်သည်ချဖို့လည်း ဝန်မလေးတတ်သူများပဲဖြစ်ပါတယ်။ ထိုသူဟာ အမြဲတမ်း အရာအားလုံးကို သိချင်နေမှာဖြစ်ပြီး အခြားသူများကို ပြန်လည်ဖောက်သည်ချလိုတဲ့စိတ်ရှိနေတဲ့အတွက် သင်အပါအဝင် အခြားသောသူများကို စိတ်ပူတဲ့အတွက် (သို့မဟုတ်) သင်တို့ဖက်ကမခံမရပ်နိုင်ဖြစ်တဲ့အတွက်ဟုဆိုကာ ကိုယ်ရေးကိုယ်တာမေးခွန်းများကို မေးမြန်းလာနိုင်ပါတယ်။ ဒါပေမယ့် တစ်ကယ်တန်းမှာတော့ သင်ဖြေကြားလိုက်တဲ့အရာများကို အသုံးချ၍ သင့်ကို အပုပ်ချဖို့အတွက် ကြံစည်နေမှာဖြစ်ပါတယ်။ 

 

ထိုကဲ့သို့သော သူများကို ကိုင်တွယ်ဖြေရှင်းပုံကတော့ . . . 

ထိုသူများမှ ကိုယ်ရေးကိုယ်တာနဲ့ဆိုင်တဲ့ မေးခွန်းများကို မေးမြန်းလာတဲ့အခါမှာဖြေကြားခြင်းမပြုပါနဲ့။ ထိုသူက သင့်ရဲ့မန်နေဂျာအကြောင်း သို့မဟုတ် အခြားသော လုပ်ဖော်ကိုင်ဖက်များရဲ့အကြောင်း သင့်ကိုပြောပြဖို့ ကြိုးစားလာပါက စကားဝိုင်းကနေ ယဉ်ကျေးလိမ္မာစွာ ထွက်ခွာခဲ့လိုက်ပါ။ ဒါမှမဟုတ် သင့်အနေနဲ့ ဒီအကြောင်းတွေကို မပြောလိုဘူးဟု ပြောလိုက်ခြင်း (သို့မဟုတ်) ပြောကြားနေတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး မည်သို့သောထင်မြင်ချက်မှမရှိသယောင် ဟန်ဆောင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ မိမိကိုယ်တိုင်ကပါ အတင်းအဖျင်းပြောဆိုခြင်းကို မပြုလုပ်မိဖို့က အရေးကြီးပါတယ်။   

 

အနိုင်ကျင့်တတ်သူများ 

လုပ်ငန်းခွင်အတွင်းတွင် သင့်ကို ငိုချင်လာအောင် ဒါမှမဟုတ် အလုပ်ကထွက်ချင်စိတ်ပေါက်လာစေတဲ့အထိ ဆိုးရွားစွာ ပြောဆိုဆက်ဆံမှုများနဲ့ တွေ့ကြုံခဲ့ရဖူးပါသလား? ဒါဆိုရင်တော့ သင်ဟာအလုပ်ခွင်အတွင်းတွင် အနိုင်ကျင့်တတ်တဲ့ Bully တစ်ယောက်နဲ့ ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။ အနိုင်ကျင့်မှုများဟာ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများတွင်မှသာ ရှိတာမဟုတ်ပါဘူး။ အနိုင်ကျင့်တတ်သူများကို လုပ်ငန်းခွင်များအတွင်းတွင်လည်း တွေ့ရလေ့ရှိပါတယ်။ ဒီသို့ပြုလုပ်တတ်သူများကတော့ တစ်ကယ်ကို စိတ်ထားပုတ်တဲ့သူများပဲဖြစ်ပါတယ်။ သူ/ သူမတို့ဟာ လုပ်ဖော်ကိုင်ဖက်များကိုအနိုင်ကျင့်ခြင်း၊ အခြားသူများကို အပြစ်တင်ခြင်း (သို့မဟုတ်) အထက်သို့တိုင်ကြားဖို့ မလိုအပ်သောအရာများကို တိုင်ကြားခြင်းတို့ကို ပြုလုပ်တတ်ကြပါတယ်။ ဒါ့အပြင် ထိုသူများဟာ ဆွေးနွေးငြင်းခုန်မှုများကို ပြုလုပ်ရာတွင် ရိုင်းစိုင်းသောစကားများကို သုံးနှုန်းခြင်းနှင့် အော်ငေါက်ခြင်းတို့ကိုလည်း ပြုလုပ်တတ်ကြသူများပဲဖြစ်ပါတယ်။ 

 

ထိုကဲ့သို့သော သူများကို ကိုင်တွယ်ဖြေရှင်းပုံကတော့ . . . 

သူတို့ကို ဥပေက္ခာပြုထားဖို့ပဲဖြစ်ပါတယ်။ ဖြစ်နိုင်ပါက ထိုကဲ့သို့သောသူများနဲ့ အရောတဝင်မနေပါနဲ့ အကယ်၍ ထိုသူများနဲ့ ထိပ်တိုက်တွေ့ခဲ့ရပြီဆိုပါကလည်း သူတို့ပေးပို့ခဲ့တဲ့ e-mail များ၊ စာများနဲ့ စကားများကိုမှတ်သား၊ သိမ်းဆည်းထားပြီးနောက် ထိုအခြေအနေများကို HR သို့ တိုက်ရိုက်တင်ပြ၍ ဆွေးနွေးလိုက်ပါ။ 

အနိုင်ကျင့်သူဘက်မှ သင်က သူ့ကို HR နဲ့ တိုင်ကြားလိုက်ကြောင်း သိရှိသွားခဲ့ရင်တော့ သင့်ကို ပြန်လည်တုန့်ပြန်မှုများပြုလုပ်လာနိုင်တာကိုလည်းသတိထားရပါမယ်။ အကယ်၍ သင်အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်အတွင်းမှာ ထိုကဲ့သို့ အနိုင်ကျင့်တတ်သူများ များစွာရှိနေရင်တော့ အခြားသင့်လျှော်တဲ့ အလုပ်တစ်ခုသို့ ပြောင်းရွှေ့ခြင်းဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။ အနိုင်ကျင့်တတ်တဲ့သူများနဲ့ နေ့စဉ်ဆက်ဆံနေရခြင်းဟာ သင့်ရဲ့စိတ်ကျန်းမာရေးကို ထိခိုက်လာစေနိုင်သလို လုပ်ငန်းစွမ်းဆောင်ရည်များကိုလည်း ကျဆင်းလာစေနိုင်ပါတယ်။  

 

အလုပ်ကို ရှောင်လွှဲတတ်သူများ 

ကျောင်းတုန်းက အဖွဲ့လိုက်ပြုလုပ်ရတဲ့ group project များကို ပြုလုပ်ခဲ့ရဖူးပါက ရံဖန်ရံခါဆိုသလို သူတို့လုပ်စရာရှိတဲ့ ကိစ္စများကို ပြီးစီးအောင်မပြုလုပ်ပဲ ရှောင်နေတတ်သောသူများနဲ့ သင်တွေ့ကြုံဖူးပါလိမ့်မယ်။ ဒီသို့သောအမူအကျင့်ရှိသူများဟာ အလုပ်ခွင်အတွင်းမှာလည်းရှိနေတတ်ပါတယ်။ 

ထိုကဲ့သို့သောသူများဟာ သူတို့ရဲ့ လုပ်ငန်းပရောဂျက်များကို အပြီးသတ်နိုင်ဖို့အတွက် သင့်အားအကူအညီတောင်းခြင်း၊ အဖွဲ့လိုက်လုပ်ကိုင်ရမယ့်အလုပ်များကို လုပ်ကိုင်ကြရာတွင် ပြီးစီးမှုမရှိခင် အိမ်ပြန်သွားခြင်းတို့ကို ပြုလုပ်လေ့ရှိတတ်ကြပါတယ်။ အားလုံးဟာ အဖွဲ့အစည်းတစ်ခုအတွင်းတွင် အတူတကွအလုပ်လုပ်ကိုင်နေကြသူများဖြစ်တဲ့အတွက် အမှန်တကယ်အကူအညီလိုအပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်များကို ကူညီပေးသင့်သည်မှာ မှန်သော်လည်း ဒီလိုလူမျိုးကတော့ သင့်ကိုအမြဲတမ်းအကူအညီတောင်းနေပြီး သူတို့ရဲ့အလုပ်များအားလုံးနီးပါးကို သင့်အားခိုင်းစေလေ့ရှိတတ်ကြသူများဖြစ်တဲ့အတွက် ထိုသူများကိုတော့ ကူညီလုပ်ကိုင်ပေးဖို့ ငြင်းဆိုသင့်ပါတယ်။ 

 

ထိုကဲ့သို့သော သူများကို ကိုင်တွယ်ဖြေရှင်းပုံကတော့ . . . 

ထိုသူနဲ့ တစ်ဦးချင်းတွေ့ဆုံပြီး သင်လုပ်ပေးနေရတဲ့ လုပ်ငန်းပရောဂျက်များလည်း ရှိနေသေးကြောင်း အသိပေးပါ။ သင့်အနေနဲ့ သူ့ကို ကူညီမပေးနိုင်မှီတွင် သင်လုပ်ကိုင်ရမယ့်ကိစ္စများကို အရင်ဆုံး လက်စသတ်ရန်လိုအပ်ကြောင်းအသိပေးပါ။ ရုံးဆင်းချိန်တွင် သင်လုပ်ကိုင်ရမယ့်အလုပ်များ ပြီးမြောက်မှု မရှိသေးပါက သင့်အတွက်ရော သင်တာဝန်ယူထားရတဲ့ အလုပ်အတွက်ပါ ထိခိုက်မှုများရှိလာနိုင်တဲ့အတွက် ထိုသူများကို အထက်ပါအတိုင်း အသိပေးပြောဆိုပြီး ယဉ်ကျေးစွာငြင်းဆိုနိုင်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူတို့အတွက် အသုံးဝင်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


KND Corporation Co., Ltd

KND Corporation Co., Ltd

Creative Fox Co.,Ltd

Creative Fox Co.,Ltd

Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS