Jobs In Myanmar
Load...

ကောင်းမွန်တဲ့ (တော်တဲ့) မန်နေဂျာတစ်ဦး ဟုတ်/မဟုတ်ကို အဆုံးအဖြတ်ပေးနိုင်သော အရာများ (အပိုင်း - ၂)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Deciding-Factors-Good-Bad-Manager-JobsInYangon



ကောင်းမွန်တဲ့ (တော်တဲ့) မန်နေဂျာတစ်ဦး ဟုတ်/မဟုတ်ကို အဆုံးအဖြတ်ပေးနိုင်သော အရာများ (အပိုင်း - ၂) 

 

မန်နေဂျာတစ်ဦးဖြစ်လာစေနိုင်မယ့် အခွင့်အလမ်းများကို ရရှိနိုင်ဖို့ဟာ ဝန်ထမ်းတိုင်းရဲ့ အိမ်မက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီရာထူးကို လိုချင်ကြတာလဲ? အဓိက နောက်ခံအကြောင်းအရင်းများက ဘာတွေဖြစ်မလဲ? 

ဒီရာထူးကို လိုချင်နေခြင်းဟာ ရာထူးနောက်မှာ ကပ်ပါလာမယ့် လူအများရဲ့ လေးစားမှုကို ခံချင်လို့လား? ဒါမှမဟုတ် မိမိတို့ရဲ့ career လမ်းကြောင်းပေါ်မှာ မှတ်တိုင်တစ်ခုအနေနဲ့ မှတ်ကျောက်တင်နိုင်ဖို့လား? ဒါမှမဟုတ် ပိုမိုတိုးမြင့်လာမယ့် လစာငွေကို မက်မောကြလို့လား? 

ဖြစ်နိုင်တာကတော့ ဒီအချက်တွေထဲကတစ်ခု ဒါမှမဟုတ် အားလုံးကို လိုလားကြတဲ့အတွက် မန်နေဂျာဆိုတဲ့ ရာထူးတစ်ခုကို ဝန်ထမ်းများက လိုချင်စိတ်ပြင်းပျနေတာပဲဖြစ်ပါလိမ့်မယ်။ မန်နေဂျာဆိုတဲ့ ရာထူးတစ်ခုဟာ လုပ်ငန်းတစ်ခုအတွင်းတွင် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ဒီနေရာမှာတာဝန်ထမ်းဆောင်နိုင်ဖို့ သင့်ဖက်က လိုအပ်တဲ့အသိပညာနဲ့ အတတ်ပညာများလည်းရှိနေပြီး ရာထူးလည်း တိုးခြင်းခံရပြီဆိုရင်တော့ သင့်တော်ကောင်းမွန်တဲ့ မန်နေဂျာတစ်ဦးကဲ့သို့ ပြုမူနေထိုင်ဖို့ အချိန်ရောက်လာပါပြီ။ ဒါကြောင့် ယခုတစ်ပတ်မှာတော့ www.jobsinyangon.com ကနေ မန်နေဂျာများအနေနဲ့ ပြုလုပ်သင့်တဲ့အရာများနဲ့ မပြုလုပ်သင့်တဲ့အရာများရဲ့ အပိုင်း (၂) ကို ဆက်လက်၍တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ 

 

ကောင်းမွန်တဲ့ (တော်တဲ့) မန်နေဂျာတစ်ဦးတွင် ရှိနေရမည့် အရည်အချင်းများ - 

 

၁။ အဖွဲ့အစည်းဆိုင်ရာရည်မှန်းချက်များကို မိမိတို့ဦးဆောင်နေသော team များရဲ့ ရည်မှန်းချက်များနှင့် ချိန်ညှိဆောင်ရွက်နိုင်ခြင်း 

စီးပွားရေးလုပ်ငန်းများအတွင်းတွင် နိုင်ငံရေးနှင့် တရားဥပဒေများပြောင်းလဲခြင်း၊ အပြိုင်အဆိုင်များနှင့် ပြိုင်ဆိုင်ခြင်းနှင့် နည်းပညာဆိုင်ရာအရ တီထွင်ဆန်းသစ်မှုများကြောင့် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေလေ့ရှိပြီး ဦးစားပေးဆောင်ရွက်ရမယ့်အရာများဟာလည်း အချိန်နဲ့အမျှ ပြောင်းလဲလျှက်ရှိနေပါတယ်။ ယနေ့ခေတ် လုပ်ငန်းများဟာ ဒီလိုပြောင်းလဲမှုတွေနဲ့ လျှင်မြန်စွာရင်းနှီးပြီး လိုအပ်သလို ချိန်ညှိပြောင်းလဲမှုများကို မြန်ဆန်စွာပြုလုပ်နိုင်ဖို့ လိုအပ်တဲ့အတွက် ကောင်းမွန်တဲ့မန်နေဂျာတစ်ဦးဟာ သူ့ရဲ့ဝန်ထမ်းများကို အလုပ်များစေခိုင်းရုံသာမက၊ သူတို့ဘာကြောင့် ဒီအလုပ်ကိုလုပ်ကိုင်ပေးဖို့လိုအပ်သလဲဆိုတာကိုပါ ရှင်းပြထားလေ့ရှိတတ်ပါတယ်။ 

ဒီလိုရှင်းပြထားတဲ့အတွက်လည်း ဝန်ထမ်းများက မိမိတို့ရဲ့အလုပ်က လုပ်ငန်းအတွက်မည်သည့်နေရာက အရေးပါလျှက်ရှိနေသလဲဆိုတာကို သိရှိလာကြမှာဖြစ်ပြီး အခက်အခဲတစ်စုံတစ်ရာ (သို့) ပြောင်းလဲမှုတစ်စုံတစ်ရာကို ပြုလုပ်ရန်လိုအပ်လာခဲ့ပါက အထက်သို့ပြန်လည်၍တင်ပြပေးခြင်းအားဖြင့် လိုအပ်တဲ့ ပြောင်းလဲမှုနဲ့ ချိန်ညှိမှုများကို အခြားသောအပြိုင်အဆိုင်ကုမ္ပဏီများထက်ဦးစွာ ပြုလုပ်ထားနိုင်မှာ ဖြစ်တဲ့အတွက် ဈေးကွက်ဝေစုရယူရာတွင် အားသာမှုများကို ရရှိလာစေနိုင်ပါတယ်။ 

 

၂။ မိမိတို့ဦးဆောင်နေရတဲ့ အဖွဲ့ဝင်များကို ကိုယ်ချင်းစာနာ နားလည်မှုရှိခြင်း 

လေ့လာမှုများအရ Empathy (ကိုယ်ချင်းစာတရား) ကို ပြသလေ့ရှိတဲ့မန်နေဂျာများဟာ ထိုသို့ပြုလုပ်လေ့မရှိတဲ့ မန်နေဂျာများထက်ကို ပိုမို၍စွမ်းဆောင်ရည်ကောင်းမွန်မှုရှိတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် နောက်ထပ်ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုတွင်လည်း မိမိတို့ရဲ့ အဖွဲ့ဝင်များအပေါ် စာနာနားလည်မှုရှိတဲ့ မန်နေဂျာများကို သူတို့ရဲ့သူဌေးများက စွမ်းဆောင်ရည်ကောင်းမွန်သောသောသူများအဖြစ် ပိုမိုထင်မြင်လာကြတာကို တွေ့ရှိရပါတယ်။ 

မိမိတို့ဦးဆောင်နေရတဲ့ အဖွဲ့ဝင်များကို စာနာနားလည်မှုရှိပြီး သူတို့ရဲ့စိတ်ခံစားချက်များကို နားလည်ထားပါက အဖွဲ့ဝင်များအနေနဲ့ ဘာတွေကိုတွေ့ကြုံခံစားနေရသလဲဆိုတာကိုနားလည်နိုင်မှာဖြစ်ပြီး ထိရောက်စွာ communicate ပြုလုပ်နိုင်မှာဖြစ်ကာ ပြဿနာများအစပျိုးခြင်းမရှိမှီကပင် ကြိုတင်၍ဖြေရှင်းထားနိုင်မှာဖြစ်ပါတယ်။ ဒီအခါမှာ ရလာဒ်အနေနဲ့ ဝန်ထမ်းများဟာ သူတို့ရဲ့မန်နေဂျာများကို ပိုမိုယုံကြည်မှုရှိလာမှာဖြစ်ပြီး ရင်းနှီးမှုနဲ့ လေးစားမှုများကိုလည်း အပြန်အလှန်အနေနဲ့ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီအရာက တစ်ဖန်ပြန်လည်၍ Team ရဲ့ success ဖြစ်မှုကို အထောက်အကူဖြစ်လာစေပါတယ်။ 

 

၃။ အလုပ်တာဝန်များကို ထိရောက်စွာ ခွဲဝေသတ်မှတ်ပေးနိုင်ခြင်း 

ကောင်းမွန်တဲ့မန်နေဂျာများဟာ လုပ်ငန်းများနဲ့ လုပ်ဆောင်စရာကိစ္စများကို ထိရောက်စွာတာဝန်ခွဲဝေသတ်မှတ်ပေးနိုင်စွမ်းလည်း ရှိနေရမှာဖြစ်ပါတယ်။ မိမိတို့အုပ်ချုပ်နေတဲ့ team member များရဲ့ သတ်မှတ်ပေးလိုက်တဲ့အလုပ်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်စွမ်းအပေါ် ယုံကြည်မှုထားဖို့လဲလိုအပ်ပြီး ၎င်းတို့အနေနဲ့ အခြားသောကျွမ်းကျင်မှုအသစ်များကိုသင်ယူနိုင်ရန်နဲ့ အခြားသော အားသာချက်များကို ရရှိလာစေရန်အတွက် လိုအပ်တဲ့ကူညီထောက်ပံ့မှုများကို တတ်နိုင်တဲ့ဖက်က ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ 

ကောင်းမွန်သောမန်နေဂျာတစ်ဦးဟာ အလုပ်တာဝန်များကို တွေ့ရာလူအားခိုင်းစေခြင်းကို ပြုလုပ်လေ့မရှိပဲ အဆိုပါအလုပ်အတွက် သင့်တော်သောကျွမ်းကျင်မှုနဲ့ သင်ယူနိုင်စွမ်းရှိတဲ့ ဝန်ထမ်းများကို စနစ်တကျရွေးချယ်၍ တာဝန်ပေးလေ့ရှိပါတယ်။ ဒါဟာ လုပ်ငန်းရဲ့ထိရောက်မှုကို ပိုမိုမြှင့်တင်ပေးနိုင်သလို အချိန်စီမံခန့်ခွဲမှုကိုလည်း ပိုမို၍ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ အရေးကြီးတဲ့အလုပ်ကိစ္စများကို ခိုင်းစေပေးခြင်းအားဖြင့်လဲ မိမိတို့ဦးဆောင်နေတဲ့ အဖွဲ့အတွင်းရှိ team member များရဲ့ မိမိကိုယ်ကိုယုံကြည်မှုကိုလည်း မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး ဒီအတွက်သူတို့ကလည်း အကောင်းဆုံးပြန်လည်၍လုပ်ကိုင်ပေးလိုစိတ်ရှိလာကြမှာဖြစ်ပါတယ်။ 


၎။ ရှင်းလင်းတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်များနဲ့ မျှော်မှန်းချက်များကို ထုတ်ဖော်ပြောကြားထားခြင်း

ပွင့်လင်းမြင်သာမှုရှိခြင်းဟာ တိကျတဲ့ရလာဒ်များကို ရရှိနိုင်ရန်အတွက် တစ်ခုတည်းသောလမ်းစပဲဖြစ်ပါတယ်။ ကောင်းမွန်သောမန်နေဂျာများဟာ ဝန်ထမ်းများဘက်မှ သူတို့ဘာတွေကိုပြန်လည်မျှော်လင့်ထားသလဲဆိုတာနဲ့ ပတ်သက်ပြီး တိုက်ရိုက်ကျကျနဲ့ တိတိကျကျပြောဆိုထားလေ့ရှိတတ်ကြပါတယ်။ ဝေဝါးပြီး အဓိပ္ပါယ်များစွာပေါက်စေနိုင်တဲ့ ညွှန်ကြားချက်များကို ပြုလုပ်လေ့မရှိတဲ့အတွက် ဆင်ခြေဆင်လက်ပေးနိုင်ဖို့ အခွင့်အလမ်းများလည်း မရှိတော့ပါဘူး။ 

နေ့စဉ်လုပ်ဆောင်နေရတဲ့ လွယ်ကူတဲ့အလုပ်များဖြစ်စေ၊ ရေရှည်လုပ်ဆောင်ရမယ့် လုပ်ငန်း project များတွင်ဖြစ်စေ ကောင်းမွန်သောမန်နေဂျာများဟာ သူတို့အုပ်ချုပ်နေရတဲ့ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်နဲ့ capacity များအပေါ်မူတည်၍ ထိုသူများထံမှ ဘယ်လိုအရည်အသွေးများကို ပြန်လည်မျှော်လင့်၍ရနိုင်မလဲဆိုတာကို တိကျစွာ သိရှိထားလေ့ရှိကြပြီး ပိုမိုကောင်းမွန်တဲ့ ရလာဒ်များကို ရရှိနိုင်ရန်နှင့် မိမိတို့ဦးဆောင်နေတဲ့ team member များရဲ့ ကျွမ်းကျင်မှုများကိုတိုးမြှင့်ပေးနိုင်ရန်အတွက် မည်သို့လုပ်ဆောင်ရမလဲဆိုသည်ကိုလည်း သိရှိထားလေ့ရှိတတ်ကြပါတယ်။  

 

၅။ ကောင်းမွန်စွာပြောဆိုဆက်ဆံမှုများရှိရေး (communication) ကို ဦးစားပေးဆောင်ရွက်ခြင်း 

အဖွဲ့ဝင်များအကြား ကောင်းမွန်ထိရောက်စွာ ပြောဆိုဆက်သွယ်မှုရှိနေခြင်းဟာ လုပ်ငန်းခွင်အတွင်းတွင် ကောင်းမွန်တဲ့ဆက်ဆံရေးများကို ဖြစ်ထွန်းစေနိုင်သည်သာမက အလုပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ဖို့အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ မန်နေဂျာများဟာ ဒီအချက်ကိုသိထားတဲ့အတွက် ဒီလိုချောမွေ့စွာ communicate ပြုလုပ်နိုင်ကြဖို့ကို အဓိကထားဆောင်ရွက်လေ့ရှိကြပြီး လုပ်ငန်းပရောဂျက်များလုပ်ကိုင်နေစဉ်အတွင်း အချက်အလက်များချောမွေ့စွာစီးဆင်းမှုရှိစေရေးအတွက် ဂရုတစိုက်အချိန်ယူ၍ စစ်ဆေးလေ့ရှိတတ်ကြပါတယ်။ 

 

၆။ မိမိတို့အုပ်ချုပ်နေတဲ့ ဝန်ထမ်းများထံမှ အကောင်းဆုံးအရည်အချင်းများကို ထုတ်ယူအသုံးပြုနိုင်ခြင်း 

ကောင်းမွန်မှုမရှိတဲ့ မန်နေဂျာများထံတွင် ဘက်လိုက်တတ်တဲ့အမြင်များရှိနေသော်လည်း ကောင်းမွန်တဲ့မန်နေဂျာများကတော့ အဖွဲ့ဝင် တစ်ဦးနဲ့တစ်ဦးအကြားရှိ ကွဲပြားခြားနားမှုများကို ရှာဖွေတွေ့ရှိပြီး နားလည်ပေးနိုင်စွမ်းလည်းရှိတတ်ကြကာ ဘက်လိုက်မှုမရှိပဲ လုပ်ငန်းစွမ်းဆောင်ရည်များကို မျှတစွာအကဲဖြတ်မှုပြုလုပ်နိုင်ကြပါတယ်။ ကောင်းမွန်တဲ့မန်နေဂျာများဟာ ကောင်းမွန်စွာဆောင်ရွက်နိုင်မှုများကို အမြဲတမ်းအသိအမှတ်ပြုပြီး ထုတ်ဖော်ချီးကျူးရမည့်ကိစ္စများရှိလာခဲ့ရင်လည်း အချိန်မဆိုင်းပဲထုတ်ဖော်ချီးမွမ်းမှုများကို ပြုလုပ်ပေးတတ်ကြပါတယ်။

အားနည်းချက်များနဲ့ ပြစ်ချက်များရှိလာခဲ့ရင်တောင်မှ ထိုသူ့အတွက်လည်းအကျိုးရှိစေမည့် အပြုသဘောဆောင်သောပုံစံနဲ့ ဝေဖန်မှုများကိုသာ ပြုလုပ်ပေးရပါမယ်။ ဒါမှသာ အဆိုပါဝန်ထမ်းအနေနဲ့ မိမိမှားယွင်းသွားသောအချက်ကို သဘောပေါက်နားလည်မှုရှိလာမှာဖြစ်ပြီး အဆိုပါအမှားများနဲ့ အမူအကျင့်များကို ပြင်ဆင်နိုင်ရန်အတွက် ပိုမို၍ ကြိုးစားလာကြမှာဖြစ်ပါတယ်။ 

 

၇။ နည်းပညာများကို အကျိုးရှိရှိအသုံးချခြင်း 

ကောင်းမွန်တဲ့မန်နေဂျာများဟာ Project Management Software နှင့် Online Collaboration Tool ကဲ့သို့သော နောက်ဆုံးပေါ်နည်းပညာများဟာ သူတို့ရဲ့ team များကို ကိုင်တွယ်မှုပြုလုပ်ရခြင်းကို ပိုမိုရိုးရှင်းမှုရှိလာစေပြီး သူတို့ရဲ့ team များအနေနဲ့လည်း မိမိတို့လုပ်ကိုင်ရမယ့်အလုပ်များကို စီမံခန့်ခွဲရာတွင် ပိုမို၍လွယ်ကူလာစေနိုင်တာကို သိရှိကြတဲ့အတွက် ဒီကဲ့သို့သောနည်းပညာများကို အလျှင်းသင့်သလို ထုတ်ဖော်သုံးစွဲလေ့ရှိတတ်ကြပါတယ်။ 

ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် စိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေတဲ့အခြားသောကိစ္စများကို အနည်းဆုံးဖြစ်အောင်ပြုလုပ်ပေးနိုင်တဲ့အပြင် အဖွဲ့ဝင်တိုင်းထံမှ အကောင်းဆုံးစွမ်းဆောင်ရည်များကိုလည်း ထွက်ပေါ်လာစေပြီး အလုပ်လုပ်ရာတွင်လည်း ပိုမို၍လျှင်မြန်ချောမွေ့၍ အလုပ်ပိုတွင်လာစေပါတယ်။ ဒီလိုအရည်အချင်းများကြောင့်လဲ ကောင်းမွန်တဲ့ (တော်တဲ့) မန်နေဂျာများကို ဝန်ထမ်းတိုင်းက လိုလားမှုရှိပြီး လေးစားနှစ်သက်ကြတာဖြစ်ပါတယ်။  

 

၈။ Team တစ်ခုအနေနဲ့ အောင်မြင်မှုများရရှိလာစေရန် ပြုလုပ်ဆောင်ရွက်ပေးတတ်ခြင်း 

ကောင်းမွန်သောမန်နေဂျာများဟာ သူတို့ရဲ့ team များကို အတူတကွပူးပေါင်းလုပ်ဆောင်၍ ထိရောက်စွာ အလုပ်လုပ်တတ်လာကြစေရန်သာမက သူတို့ရဲ့ team များဟာ အောင်မြင်မှုရဲ့ အထွဋ်အထိပ်ကို ရောက်ရှိနိုင်ကြရန်အတွက် ကြိုးစားအားထုတ်ပေးလေ့ရှိတတ်ကြပါတယ်။ ဒီလိုဖြစ်လာစေရန်အတွက် သူတို့ဟာ တစ်ဦးချင်းစီရဲ့ လုပ်ငန်းစွမ်းဆောင်ရည်များကို ဂရုတစိုက်စောင့်ကြည့်လေ့ရှိပြီး Team ရဲ့ ရည်မှန်းချက်များနဲ့ သူတို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်များကို လိုအပ်သလို ချိန်ညှိမှုများပြုလုပ်ပေးနိုင်စွမ်းရှိကြပါတယ်။ 

 

၉။ အလွှာစုံမှ ဝန်ထမ်းများအတွက် စံနမူနာယူစရာသူတစ်ဦးအဖြစ်နေထိုင်ခြင်း 

အရေးအကြီးဆုံးအချက်ကတော့ ကောင်းမွန်တဲ့ (တော်တဲ့) မန်နေဂျာတစ်ဦးဟာ အခြားသူများအတွက် အမြဲတမ်းစံပြဖြစ်အောင် နေထိုင်နိုင်ရမယ့်အချက်ပဲဖြစ်ပါတယ်။ ဒီလိုစံပြဖြစ်အောင်နေထိုင်ရာမှာ အလွှာစုံမှ ဝန်ထမ်းများအနေနဲ့ စံနမူနာယူကြမှာဖြစ်တဲ့အတွက် အဖွဲ့အစည်းတစ်ခုလုံးရဲ့ စိတ်ဓါတ်ခွန်အားကို မြှင့်တင်ပေးနိုင်ပြီး အခက်အခဲများနဲ့ စိန်ခေါ်မှုများရှိလာတဲ့အခါတွင်တောင်မှ အကောင်းဆုံးစွမ်းဆောင်ရည်များကို ပြသနိုင်စေရန်အတွက် အထောက်အကူဖြစ်စေပါတယ်။ 

 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ . . . 

မန်နေဂျာတစ်ဦးဟာ မိမိလုပ်စရာရှိတဲ့အလုပ်များကိုသာမက မိမိတို့အုပ်ချုပ်နေတဲ့ team အတွင်းက အဖွဲ့ဝင်များကိုလဲ စီမံခန့်ခွဲရတာဖြစ်တဲ့အတွက် တာဝန်ကြီးလှတဲ့ ရာထူးနေရာတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို ကောင်းမွန်စွာရောင်းချနိုင်ရန်နှင့် အရည်အသွေးပိုင်းကျဆင်းမသွားစေရေးအတွက် ကြီးကြပ်စောင့်ကြည့်မှုများကိုပြုလုပ်ရမှာဖြစ်သလို မိမိတို့စီမံအုပ်ချုပ်နေတဲ့ အဖွဲ့ဝင်များရဲ့ ချစ်ခင်လေးစားမှုကိုရယူပြီး သူတို့ကို အလုပ်တာဝန်များစေခိုင်းနိုင်ရန်အတွက်တွင်လည်း တာဝန်ရှိနေပါတယ်။ ကောင်းမွန်တဲ့ (တော်တဲ့) မန်နေဂျာများကတော့ ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာကို သိရှိထားကြပြီး အလုပ်ခွင်အတွင်း ပျော်ရွှင်မှုများရှိစေရန်နဲ့ ဝန်ထမ်းများကို တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်တိုးတက်မှုရှိလာစေရန် လမ်းညွှန်ပြသနိုင်သူများပဲဖြစ်ကြပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Sumitomo Mitsui Construction Co,.Ltd.

Sumitomo Mitsui Construction Co,.Ltd.

..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)
IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)
Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS