Tags: News-Amazon-Wage-Theft-Lawsuit-JobsInYangon
Amazon အား လုပ်အားခခေါင်းပုံဖြတ်မှုကြောင့် Delivery Driver များမှ တရားစွဲဆိုထားပြီး Amazon မှ $8.2 သန်းကို ပေးဆောင်သွားရန်ရှိနေ
ဖေဖော်ဝါရီလအတွင်းတွင် Washington ပြည်နယ်အတွင်း လုပ်အားခခေါင်းပုံဖြတ်မှုကြောင့် တရားစွဲဆိုခံထားရသော Amazon ဟာ အဆိုပါစွဲဆိုချက်ကို ဖြေရှင်းနိုင်ရန်အတွက် $8.2 သန်းကို ပေးဆောင်သွားဖို့ သဘောတူခဲ့ကြောင်း မတ်လ ၁၉ ရက်နေ့တွင် Vice News မှ ရေးသားခဲ့သော သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။
အဆိုပါ တရားစွဲဆိုမှုကိုတော့ Amazon ရဲ့ delivery driver ၂ ဦးမှ ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါစွဲဆိုချက်တွင် Amazon ဟာ driver များကိုပေးရမည့် အနည်းဆုံးလုပ်ခလစာကိုတောင်မှ ပေးခြေနိုင်ဖို့ ပျက်ကွက်ခဲ့ခြင်းတွင် တစ်စိတ်တစ်ပိုင်းတာဝန်ရှိပြီး သူတို့အား အချိန်ပိုကြေးနှင့် အနားယူချိန်များကိုလည်း ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း ဆိုထားခဲ့ပါတယ်။
Driver များဖြစ်ကြတဲ့ Gus Ortiz နှင့် Mark Fredley တို့ဟာ Amazon Delivery ဝန်ဆောင်မှု၏ လုပ်ငန်းပါတနာဖြစ်သော Jungle Trux တွင်အလုပ်လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး Amazon မှ တစ်နေ့လျှင် ပစ္စည်းအထုပ်ပေါင်း ၁၅၀ မှ ၂၀၀ အထိကို ပို့ပေးရန်အတွက်ခိုင်းစေခဲ့ပြီး Driver များကို အလုပ်သမားဥပဒေအရ ရရှိရမည့် အလုပ်ချိန်အတွင်း အနားယူချိန် (rest break) များတွင်လည်း အနားမရစေရန်အတွက် အတင်းအကြပ်ခိုင်းစေခဲ့ကြောင်းနှင့် အဆိုပါတောင်းဆိုချက်ပြည့်မှီရန်အတွက် တစ်နေ့ ၁၀ နာရီအလုပ်လုပ်ချိန်ထက်ပို၍ အလုပ်လုပ်ခဲ့ရပြီး Jungle Trux မှလည်း သူတို့အား အဆိုပါ အချိန်ပိုကြေးများကို ပေးရန် ပျက်ကွက်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.