by www.jobsinyangon.com
Tags: Knowledge-Different-Management-Types-JobsInYangon
မတူညီသော စီမံခန့်ခွဲမှု အဆင့်များနှင့် ၎င်းတို့၏လုပ်ဆောင်ချက်များ
စီမံခန့်ခွဲမှု အဆင့်များ
စီမံခန့်ခွဲမှုအဆင့်များဆိုသည်မှာ Organization တစ်ခုအတွင်း တည်ရှိနေတဲ့ များစွာသော စီမံခန့်ခွဲမှုနေရာများကို သတ်မှတ်ပိုင်းခြားပေးထားတဲ့ အသုံးအနှုန်းတစ်ခုပဲဖြစ်ပါတယ်။ ကုမ္ပဏီရဲ့အရွယ်အစားနဲ့ လုပ်သားအင်အား တိုးတက်များပြားလာသည်နှင့်အမျှ စီမံခန့်ခွဲမှုအဆင့်များဟာလည်း အပြန်အလှန်အားဖြင့် တိုးတက်များပြားလာမှာဖြစ်ပါတယ်။ မတူညီတဲ့ စီမံခန့်ခွဲမှုအဆင့်များဟာ Organization တစ်ခုအတွင်းရှိ အမိန့်ပေးခိုင်းစေမှုပုံစံများကို ဆုံးဖြတ်သတ်မှတ်ပေးနိုင်သကဲ့သို့ စီမံခန့်ခွဲမှုနေရာအလိုက် မတူညီတဲ့ အခွင့်အာဏာနှင့် ဆုံးဖြတ်ပိုင်ခွင့်များကိုလည်း သတ်မှတ်ပေးနိုင်စွမ်းရှိနေပါတယ်။
စီမံခန့်ခွဲမှုအဆင့်များကို ယျေဘူယျအားဖြင့် အခြေခံခေါင်းစဉ် (၃) ခုဖြင့် ခွဲခြားသတ်မှတ်နိုင်ပြီး ထိုအရာများဟာ မန်နေဂျာများကို မတူညီတဲ့လုပ်ဆောင်ချက်များအား လုပ်ဆောင်နိုင်ရန်အတွက် ခွဲခြားသတ်မှတ်ပေးနေတဲ့ အရာများပဲဖြစ်ကြပါတယ်။
ယခုတစ်ခေါက် ဆောင်းပါးလေးမှာတော့ www.jobsinyangon.com ကနေ မတူညီသော စီမံခန့်ခွဲမှုအဆင့်များရဲ့ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များနဲ့အတူ အဆိုပါ ခေါင်းစဉ် (၃) ခုအောက်တွင် ရှိနေတဲ့ မန်နေဂျာများရဲ့ ကွဲပြားသော တာဝန်နှင့် ဝတ္တရားများကို တင်ဆက်ဖော်ပြပေးလိုပါတယ်။
၁။ ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်း (သို့) Top Level Management (အကြီးတန်း စီမံခန့်ခွဲမှုခေါင်းဆောင်များ)
ဒီအဆင့်တွင် Organization တစ်ခုအတွင်းရှိ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ CEO ဒါမှမဟုတ် Managing Director များပါဝင်နေပါတယ်။ အဆိုပါ ရာထူးမျးဟာ ကုမ္ပဏီရည်မှန်းချက်များ၊ ပေါ်လစီစည်းမျဉ်းများနဲ့ လုပ်ထုံးလုပ်နည်းများကို ကြီးကြပ်ရတာဖြစ်တဲ့အတွက် အကြီးမားဆုံးသော အခွင့်အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်စားပြုနေပါတယ်။ ထိုသူတို့အနေနဲ့ အဓိကအားဖြင့် လုပ်ငန်းအောင်မြင်မှုအတွက် နည်းဗျူဟာစီစဉ်ချမှတ်မှုများနဲ့ လက်တွေ့အကောင်အထည်ဖော်မှုများကို ဦးစားပေးလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။
အကြီးတန်းစီမံခန့်ခွဲမှု ခေါင်းဆောင်များရဲ့ တာဝန်နဲ့ ဝတ္တရားများကိုတော့ အကျဉ်းချုပ်အနေနဲ့ အောက်ပါအတိုင်း သတ်မှတ်နိုင်ပါတယ် -
• လုပ်ငန်းစီးပွားရေးတစ်ခုလုံးရဲ့ ကျယ်ပြန့်သောပေါ်လစီစည်းမျဉ်းများနဲ့ ရည်မှန်းချက်များကို သတ်မှတ်/ ချမှတ်ခြင်း။
• သက်ဆိုင်ရာ ဌာနတစ်ခုချင်းစီအတွက် ဘတ်ဂျက်ချမှတ်ခြင်း၊ အချိန်ဇယားများ၊ လုပ်ငန်းစဉ်များ၊ အစရှိသည့် လုပ်ဆောင်ချက်များအတွက် လိုအပ်တဲ့ လမ်းညွှန်မှုများကို ပြုလုပ်ခြင်း။
• လုပ်ငန်းအဖွဲ့အစည်းတစ်ခုလုံးအတွက် နည်းဗျူဟာကျသော ကြိုတင်စီစဉ်မှုများနဲ့ ပေါ်လစီစည်းမျဉ်းများကို သတ်မှတ်ဖော်ဆောင်ခြင်း။
• အလယ်တန်း စီမံခန့်ခွဲမှုအတွက် အလုပ်အမှုဆောင်များကို သတ်မှတ်ချထားခြင်း (ဥပမာ - ဌာနဆိုင်ရာ မန်နေဂျာများ)။
• လုပ်ငန်းအဖွဲ့အစည်းအတွင်းရှိ ဌာနများအားလုံးသို့ ဩဇာသက်ရောက်၍ လွှမ်းမျိုးနိုင်ခြင်း။
• ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များလည်း ပါဝင်နေမှာဖြစ်တဲ့အတွက် အကြီးတန်းစီမံခန့်ခွဲမှု ခေါင်းဆောင်များဟာ ပြင်ပကမ္ဘာနှင့်ဆက်သွယ်မှုပြုလုပ်ခြင်းကိုလည်း တာဝန်ယူရမှာဖြစ်ပြီး ရှယ်ယာရှင်များကိုယ်စား လုပ်ငန်းစီးပွားရေးတစ်ခုလုံးရဲ့ အတက်အကျကို တာဝန်ယူဖြေရှင်းနိုင်ရမှာ ဖြစ်ပါတယ်။
• ဒါ့အပြင် လုပ်ငန်းတစ်ခုလုံးအပေါ် လမ်းညွှန်မှု၊ ညွှန်ကြားချက်များပေးရမှာဖြစ်ပြီး Organization အတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွှတ်မှုတို့ဖြစ်ပေါ်လာစေရန် ထောက်ပံ့ကူညီပေးရမှာဖြစ်ပါတယ်။
၂။ Executive (အလုပ်အမှုဆောင်) သို့မဟုတ် အလယ်တန်းစီမံခန့်ခွဲမှုခေါင်းဆောင်များ
အလယ်တန်းစီမံခန့်ခွဲမှု ခေါင်းဆောင်များဆိုသည်မှာ ရုံးခွဲမန်နေဂျာများ၊ ဌာနဆိုင်ရာမန်နေဂျာများကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့ဟာ အကြီးတန်းစီမံခန့်ခွဲမှုခေါင်းဆောင်များကိုယ်စား မိမိတို့နဲ့ သက်ဆိုင်ရာဌာနများရဲ့ လုပ်ငန်းလည်ပတ်မှုအပေါ် တာဝန်ယူထားရသူများဖြစ်ပြီး အဖွဲ့အစည်းနှင့် လမ်းညွှန်ချက်ဆိုင်ရာ လုပ်ငန်းလည်ပတ်မှုလုပ်ဆောင်ချက်များကို အချိန်ပေးထားရသူများဖြစ်ကြပါတယ်။ သေးငယ်တဲ့လုပ်ငန်းများတွင် အများအားဖြင့် အလယ်တန်းစီမံခန့်ခွဲမှုခေါင်းဆောင်မှု အဆင့် တစ်ဆင့်သာ ရှိနေတတ်သော်လည်း ပိုမိုကြီးမားတဲ့ လုပ်ငန်းကြီးများတွင် အဆိုပါအဆင့်ကိုပဲ စီနီယာနှင့် ဂျူနီယာဟူ၍ ပြန်လည်ခွဲခြားထားလေ့ရှိကြပါတယ်။
အလယ်တန်းစီမံခန့်ခွဲမှု ခေါင်းဆောင်များရဲ့ တာဝန်နဲ့ ဝတ္တရားများကိုတော့ အကျဉ်းချုပ်အနေနဲ့ အောက်ပါအတိုင်း သတ်မှတ်နိုင်ပါတယ် -
• လုပ်ငန်းရဲ့ စီမံချက်များကို အကြီးတန်းစီမံခန့်ခွဲမှု ခေါင်းဆောင်များမှ ညွှန်ကြားထားသည့် ပေါ်လစီစည်းမျဉ်းများနှင့် ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
• သူတို့ကြီးကြပ်နေရတဲ့ အဖွဲ့အစည်းတစ်ခုအတွင်းရှိ သက်ဆိုင်ရာ ဌာနခွဲများအတွက် အစီအစဉ်များရေးဆွဲခြင်း
• အငယ်တန်းစီမံခန့်ခွဲမှုအဆင့်များအား ဌားရမ်းခေါ်ယူခြင်းနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်သည့်လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ရခြင်း။
• အကြီးတန်းစီမံခန့်ခွဲမှုခေါင်းဆောင်များမှ ချမှတ်လိုက်တဲ့ ပေါ်လစီစည်းမျဉ်းများကို အဓိပ္ပါယ်ပြန်ဆိုပြီး အငယ်တန်းစီမံခန့်ခွဲမှုအဆင့်များ နားလည်သဘောပေါက်စေရန်အတွက် ပြန်လည်ရှင်းလင်းပြောဆိုခြင်း။
• ရီပို့များနှင့် ဒေတာအချက်အလက်များကို အကြီးတန်းစီမံခန့်ခွဲမှုခေါင်းဆောင်များထံသို့ လျှင်မြန်ထိရောက်စွာ အချိန်မှီပေးပို့ခြင်း။
• အငယ်တန်းစီမံခန့်ခွဲသူများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်တိုင်းတာခြင်း။
• အငယ်တန်းစီမံခန့်ခွဲသူများရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန်အတွက် ကြိုးစားလာကြစေရန် စိတ်အားထက်သန်မှုကို မြှင့်တင်ပေးခြင်း။
၃။ Supervisor, Operative (သို့မဟုတ်) အငယ်တန်းစီမံခန့်ခွဲမှုခေါင်းဆောင်များ
ဒီ စီမံခန့်ခွဲမှုအဆင့်မှာတော့ Supervisor များ၊ အလုပ်သမားခေါင်းဆောင်များ၊ အရာရှိများ၊ အကြီးတန်းအရာရှိများနဲ့ အခြားသော HR လုပ်ဆောင်ချက်များနဲ့ ပတ်သက်နေသော အလုပ်အမှုဆောင်များ ပါဝင်လျှက်ရှိနေပြီး အများအားဖြင့် ဝန်ထမ်းများအား တိုက်ရိုက်စီမံခန့်ခွဲမှုပြုနေရသူများအားလုံး ပါဝင်နေပါတယ်။ ရိုရှင်းစွာပြောရမည်ဆိုပါက အငယ်တန်းစီမံခန့်ခွဲမှုခေါင်းဆောင်များဆိုသည်မှာ အဓိကအားဖြင့် နေ့စဉ်လုပ်ဆောင်နေရသည့်လုပ်ငန်းများ၊ လုပ်ငန်းပရောဂျက်များနဲ့ လုပ်ဆောင်သင့်တဲ့အရာများကို အချိန်မှီပြီးမြောက်မှုရှိစေရန် ကြီးကြပ်ရသူများဖြစ်ကြပါတယ်။
အငယ်တန်းစီမံခန့်ခွဲမှု ခေါင်းဆောင်များရဲ့ တာဝန်နဲ့ ဝတ္တရားများကိုတော့ အကျဉ်းချုပ်အနေနဲ့ အောက်ပါအတိုင်း သတ်မှတ်နိုင်ပါတယ် -
• ဝန်ထမ်းများသို့ အလုပ်များနှင့် တာဝန်များ ခွဲဝေချမှတ်ပေးခြင်း။
• နေ့စဉ်လုပ်ဆောင်ရသောလုပ်ငန်းများတွင် ဝန်ထမ်းများကို လမ်းညွှန်ခြင်း။
• ကုန်ထုတ်လုပ်မှုလုပ်ငန်း၏ အရည်အသွေးနှင့် အရည်အတွက်တို့ကို ကြီးကြပ် စောင့်ကြည့်ခြင်း။
• လုပ်ငန်းအတွင်းရှိ လက်အောက်ငယ်သား ဝန်ထမ်းများနှင့် ကောင်းမွန်သော ဆက်ဆံရေးများကို တည်ဆောက်ခြင်း။
• ပြဿနာများပေါ်ပေါက်ခဲ့ပါက ကြားခံဖြေရှင်းပေးသူအနေဖြင့် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများရဲ့ အကြံပြုချက်များနှင့် တောင်းဆိုမှုများကို မိမိအထက်ရှိ စီမံခန့်ခွဲမှုခေါင်းဆောင်များထံ ပြန်လည်တင်ပြခြင်းနှင့် အကြီးတန်းနှင့် အလယ်တန်းစီမံခန့်ခွဲမှုခေါင်းဆောင်များမှ ပြန်လည်ချမှတ်ပေးလိုက်တဲ့ ရည်မှန်းချက်များနဲ့ ပန်းတိုင်များကို ဝန်ထမ်းများအား အသိပေးကြေငြာခြင်း။
• ဝန်ထမ်းများရဲ့ အဆင်မပြေမှုများကို ရှာဖွေဖြေရှင်းခြင်း။
• လက်အောက်ငယ်သားများကို ကြီးကြပ်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်း။
• သက်ဆိုင်ရာ ဌာနအလိုက် ဝန်ထမ်းခေါ်ယူခြင်းနှင့် လေ့ကျင့်သင်ကြားရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း။
• အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းများ အောင်မြင်စေဖို့အတွက်လိုအပ်သော ပစ္စည်းများ၊ စက်ကိရိယာများ၊ အကူကိရိယာများ အစရှိတဲ့ အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း။
• ဝန်ထမ်းများရဲ့လုပ်ငန်းစွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး အချိန်ကာလအပိုင်းအခြားအလိုက် Report များ ပေးပို့ခြင်း။
• လုပ်ငန်းခွင်အတွင်းရှိ သန့်ရှင်းရေး၊ ဝန်ထမ်းများ ညီညွှတ်ရေးနှင့် စည်းကမ်းရှိစေရေးအတွက် ထိန်းကျောင်းခြင်း။
• ဝန်ထမ်းများနှင့် တိုက်ရိုက်ထိတွေ့နေရသူများဖြစ်တဲ့အတွက် လုပ်ငန်းအဖွဲ့အစည်းတစ်ခုလုံးရဲ့ ပုံရိပ်အား ထိခိုက်မှုမရှိအောင်နေထိုင်ခြင်း။
နိဂုံး
Organization တစ်ခုအတွင်းတွင် မတူကွဲပြားသော မန်နေဂျာများကို များစွာသော ခေါင်းစဉ်များနှင့် အခွင့်အာဏာပေးအပ်မှုများအောက်တွင်တွေ့ရနိုင်သော်လည်း အများအားဖြင့်တော့ အထက်ဖော်ပြပါ စီမံခန့်ခွဲမှု အဆင့် (၃) ဆင့်တွင်းရှိ တစ်ခုခုနှင့် ကိုက်ညီမှုရှိနေမှာပဲဖြစ်ပါတယ်။ စီမံခန့်ခွဲမှုအဆင့်တိုင်းအတွက် သင့်လျော်စွာ ရာထူးသတ်မှတ်နိုင်စေရန်အတွက် အငယ်တန်း၊ အလယ်တန်းနှင့် အကြီးတန်းစီမံခန့်ခွဲမှုအဆင့်များအကြားတွင် ရှိနေတဲ့ ခြားနားတဲ့အချက်များကိုလည်း သိရှိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုသော် -
အကြီးတန်းစီမံခန့်ခွဲသူများဟာ - Organization တစ်ခုလုံးကို ထိန်းချုပ်ရန်နှင့် ကြီးကြပ်မှုများပြုလုပ်ရန် တာဝန်ရှိနေသူများဖြစ်ပါတယ်။
အလယ်တန်းစီမံခန့်ခွဲသူများဟာ - Organization ရဲ့ အစီအစဉ်များကို ကုမ္ပဏီရဲ့ ပေါ်လစီစည်းမျဉ်းများနှင့်အညီ လက်တွေ့အကောင်အထည်ဖော်ပေးရသူများဖြစ်ကြပြီး အငယ်တန်းစီမံခန့်ခွဲသူများနှင့် အကြီးတန်းစီမံခန့်ခွဲသူများအကြားတွင် ကြားခံတစ်ခုအနေဖြင့်လည်း ဆောင်ရွက်ပေးရသူများဖြစ်ပါတယ်။
အငယ်တန်းစီမံခန့်ခွဲသူများကတော့ - လုပ်ဆောင်စရာကိစ္စများနဲ့ အလုပ်များအပေါ် အာရုံစိုက်၍ မိမိတို့ဦးဆောင် ကြီးကြပ်နေရတဲ့ ဝန်ထမ်းများအတွက် စံပြဝန်ထမ်းများအဖြစ် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
လုပ်ငန်းတိုင်းတွင် မတူကွဲပြားတဲ့ စီမံခန့်ခွဲစရာကိစ္စများနှင့် ပြည့်နှက်လျှက်ရှိနေပါတယ်။ အဆိုပါ ကိစ္စများအားလုံးကို သင့်လျှော်စွာ ပူးပေါင်းဆောင်ရွက်နိုင်ပြီး ခိုင်မာတဲ့ အစဉ်အလိုက် စီမံခန့်ခွဲမှုစနစ်များကို တည်ဆောက်ထားနိုင်ပြီဖြစ်ပါက Organization ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လုပ်ငန်းလည်ပတ်မှုများကို ပိုမို၍ တိုးတက်လာစေမှာဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Diebold Nixdorf Myanmar Ltd
With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Asahi Loi Hein Co., Ltd.
.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
W.H.K Co., Ltd.
..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Smilax Global Company
The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Recyglo Co., Ltd.
Vision
To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint.
Mission
To process material in a safe, non-hazardous manner wi...
Show the postings (5)