Jobs In Myanmar
Load...

အလုပ်ဝင်ခါစ ဝန်ထမ်းများအတွက် ဆောင်ရန် အချက်များ

by JOBLESS


ချိတ်ဆွဲရန်စာတန်း: Dos and Don'ts rules new comers Job work.



အလုပ်ဝင်ခါစ ဝန်ထမ်းများအတွက် ဆောင်ရန် အချက်များ

          အလုပ်ဝင်ခါစ ဝန်ထမ်းများအတွက် လုပ်ငန်းခွင်ထဲမှာ လူချစ်လူခင်ပေါစေရန် ဒါမှမဟုတ် အသိအမှတ်ပြုခံရစေဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို www.jobless.com.mm က စုစောင်းတင်ပြလိုက်ပါတယ်။

(၁) လုပ်ချင်စိတ်ကို မွေးမြူပါ။

        အလုပ်ဝင်တဲ့ ဝန်ထမ်းတွေအများစုက လုပ်ငန်းခွင်နဲ့ ကျင့်သားရအောင် မွေးမြူရပါတယ်။ ဒီလိုမွေးမြူဖို့အတွက်လည်း အချိန်လိုပါတယ်။ ဒါပေမယ့် အချို့တွေက လုပ်ငန်းခွင် အသစ်နဲ့အတူ အလျှင်အမြန်အထိုင်ကျလေ့ရှိပါတယ်။ ဒီလိုစွမ်းဆောင်နိုင်မှုရဲ့ အဓိက သော့ချက်ကတော့ ဘယ်အလုပ်ကိုမဆို၊ ဘယ်သူနှင့်မဆို လုပ်ချင် ကိုင်ချင် စိတ်ရှိအောင်မွေးမြူ တာပဲဖြစ်ပါတယ်။

          ဒီစိတ်တစ်ခုတည်းကြောင့်ပဲ ကိုယ့်ကို အကဲစမ်းချင်တဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဘက်တွေ၊ အထက်အရာရှိတွေရဲ့ အသိအမှတ်ပြုတာကို ခံရမှာ မလွဲပါဘူး။

(၂) လုပ်အားကို မလျှော့ပါနှင့်။

လုပ်ငန်းခွင်မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို အလုပ်ခန့်ကတည်းက သဘောတူညီချက်ယူ ထားခဲ့ပြီးဖြစ်ပါတယ်။ ဒီ လုပ်ငန်းတာဝန်တွေကို ကိုယ်ကစတင် လုပ်ဆောင်ချိန် ကစပြီး တာဝန်တစ်ခုခြင်းစီကို ပြီးဆုံးအောင် ထမ်းဆောင်ပြီးချိန်အထိ လုပ်အားကို လုံးဝ မလျှော့ချ လိုက်ပါနဲ့။ ဒါမှ ကိုယ်က လုပ်ငန်းခွင် ဝင်ခါစ၊ လုပ်ငန်းတာဝန်တွေကို စတင်ထမ်းဆောင်ခါစ စိတ်သစ်၊ လူသစ်နဲ့ ဝန်ထမ်းအသစ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီမှာပဲ ဖြစ်ပါတယ်။

ဒီလို ကိုက်ညီမှုကို ကိုယ့်မှာရှိတဲ့ စွမ်းရည်၊ အရည်အချင်း၊ ကျွမ်းကျင်မှု စတာတွေကို ပေါင်းစပ်လိုက်ပါက ထူးချွန်ဝန်ထမ်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိပိုင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ်။

(၃) လုပ်ငန်း လိုအပ်ချက်ကို နားလည်ပါ။

အလုပ်ဝင်ခါစ ထမ်းဆောင်ရတဲ့ လုပ်ငန်းတာဝန်တွေမှာ ကိုယ်က အမှန်တကယ် သက်ဆိုင်တဲ့ လုပ်ငန်းတွေ ပါသလို မသက်ဆိုင်တဲ့ လုပ်ငန်းတာဝန်တွေလည်း ပါလာတတ်ပါတယ်။ ဒီလိုမျိုး ကြုံတွေ့လာရင် အရင်ဆုံးကိုယ်က လုပ်ငန်းလိုအပ်ချက်ကို နားလည်ရပါမယ်။ ဒါမှ ကိုယ်ထမ်း ဆောင်ရမယ့် တာဝန်နဲ့ ပတ်သက်ပြီး စိတ်ရှင်းရှင်းနဲ့ လုပ်နိုင်မှာပါ။ လုပ်ငန်းလိုအပ်ချက်ဆိုတာ ကိုယ့် ရဲ့ တိုးတက်မှု အခွင့်အလမ်းဖြစ်လာနိုင်တယ်ဆိုတာ မမေ့ရင် အောင်မြင်မှုကို မလွဲမသွေ ရရှိလာနိုင်မှာပါ။

(၄) ရင်းနှီး ဖော်ရွေစွာနေပါ။

ပေါင်းသင်း ဆက်ဆံရေးကောင်းတာကလည်း ကိုယ့်ကို နယ်ပယ်အသစ်မှာ အလျှင် အမြန် အထိုင်ကျစေပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်အတွင်း မည်သူ့ကိုမဆို ရင်နှီးဖော်ရွေစွာ ဆက်ဆံစေလိုပါတယ်။ ရင်နှီးဖော်ရွေမှုဆိုတာ လူချစ်လူခင်ပေါများမှုရဲ့ အခြေခံ အရင်းအမြစ်တစ်ခုပါ။ သင်ကိုယ်တိုင်က ဖော်ရွေနေရင် သင့်ကိုလည်း ခင်ခင်မင်မင် ဆက်ဆံမယ့်သူ မရှားပါဘူး။

(၅) အလျှင်မလိုပါနဲ့။

နှေးနှေးမှန်မှန် အောင်ပွဲခံ ဆိုတဲ့အတိုင်း လုပ်စရှိတာကို လုပ်ပြီး၊ မှန်မှန်ကန်ကန် ပြောဆိုပြုမူ နေထိုင်ခြင်းက အောင်မြင်မှုလမ်းစကို ရရှိမှာ မလွဲပါ။ အလုပ်ဝင်ခါစ လုပ်ငန်းကျွမ်းကျင်မှု မရှိပဲ ဖြတ်လမ်းနည်းကို သုံးပါက လွဲချော်မှုတွေကို အနည်းနဲ့အများ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က သင်ယူစရာရှိတာကို သင်ယူပြီး ကျွမ်းကျင်အောင် လေ့ကျင့်ထားခြင်းက လုပ်ငန်းခွင် ဝင်ခါစ ဝန်ထမ်းများအတွက် အကောင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ယခုတင်ပြသွားတဲ့ အချက်တွေကို လိုက်နာကျင့်သုံးပြီး အောင်မြင်တဲ့ ဝန်ထမ်းများဖြစ်ပါစေလို့ www.jobless.com.mm က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Polyconcept Hong Kong Ltd

Polyconcept Hong Kong Ltd

Skills training related with job; 2. International working environment; 3. Career development in different domain and places; 4. Opportunities to work in different cities and countries; 5. 15 annu...
Show the postings (1)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
Camusat Myanmar Co., Ltd

Camusat Myanmar Co., Ltd

OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
ABC Convenience Store

ABC Convenience Store

With over 70 stores giving access to our customers and suppliers the opportunity to leverage their product on our network. We stress on providing and maintaining highest standard in product quality an...
Show the postings (6)
PMJ Company Limited

PMJ Company Limited


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS