Jobs In Myanmar
Load...

Dos and Don’ts of Video Interviews (Part – 1)

by www.jobsinyangon.com


Tags: Knowledge-Video-Interviews-JobsInYangon



Video Call ဖြင့် အလုပ်အင်တာဗျူးများပြုလုပ်ရာတွင် ဆောင်ရန်/ရှောင်ရန် အချက်များ (အပိုင်း - ၁) 

 

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကတည်းက Video interview များ ပြုလုပ်ခြင်းဟာ ပိုမို၍ရေပန်းစားလာကြပါတယ်။ Talent Hub ရဲ့အဆိုအရ Video Interview လုပ်ဆောင်ခြင်းဟာ 2011 ခုနှစ်တွင် ၄၉% ခန့် တိုးပွားလာခဲ့ပါတယ်။ 

Video မှတဆင့် အင်တာဗျူးများပြုလုပ်ခြင်းဟာ ရေပန်းစားသော platform တစ်ခုဖြစ်လာသည်နှင့်အမျှ candidate (အလုပ်လျှောက်ထားသူ) များအနေနဲ့ မှန်ကန်တဲ့အရာများကို video interview မတိုင်မှီ၊ အင်တာဗျူးနေစဉ်အတွင်းနဲ့ အင်တာဗျူးပြီးနောက်အချိန်များတွင် ပြုလုပ်နိုင်စေပြီး အခြားသူများထက်ပို၍ ထင်ပေါ်မှုရှိစေဖို့ ပြုလုပ်ရန်မှာ အရေးကြီးလာပါတယ်။ 

ယခုအခါတွင် Coronavirus ကပ်ရောဂါကြောင့် အဝေးမှအလုပ်လုပ်ကိုင်ခြင်းနှင့် social distancing တို့ဟာ ပုံမှန်လုပ်ကိုင်ရမည့်အရာများဖြစ်လာသည်နှင့်အမျှ recruiter များ၊ Hiring Manager များ အနေနဲ့လည်း candidate များကို interview ပြုလုပ်နိုင်ရန်အတွက် video conferencing platform များကို အမှီသဟဲပြုရန်၊ အားထားရန်အတွက် လိုအပ်လာပါတယ်။ 

“များစွာသော organization များအနေနဲ့ ဝန်ထမ်းအသစ်များကို စီစစ်ခြင်း၊ အင်တာဗျူးခြင်း၊ ဌားရမ်းခေါ်ယူခြင်းကိုကို ပြုလုပ်ဖို့လိုအပ်နေဆဲပင်ဖြစ်သည့်အပြင် video interviewing ပြုလုပ်ခြင်းဟာ သူတို့အနေနဲ့ သူတို့ရဲ့ candidate များကို ပိုမိုကောင်းမွန်စွာ မြင်တွေ့နိုင်မှာဖြစ်သလို အလုပ်ရှင်အတွက်ရော၊ candidate များအတွက်ပါ ကပ်ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 

ဈေးကွက်အတွင်း ထိပ်ဆုံးကရပ်တည်နေသော video conference tool များဖြစ်ကြတဲ့ (SKYPE, GoToMeeting, Zoom နဲ့ အခြားသော app များ) ဟာ ဝန်ထမ်းခေါ်ယူဌားရမ်းမှု ပြုလုပ်ရန်အတွက် နေရာတိုင်းတွင်ရရှိနိုင်တဲ့ tool များဖြစ်၍လာနေပြီပဲဖြစ်ပါတယ်။ သင့်အနေနဲ့ video နဲ့ audio call များလုပ်ဆောင်ခြင်း၊ chat message များကို (Skype ရဲ့ software ကိုအသုံးပြု၍) ဖလှယ်ခြင်းတို့ကို သင့်ကွန်ပြူတာ (သို့) mobile device များပေါ်၌ လုပ်ဆောင်နိုင်နေပြီဖြစ်ကာ အခြားသောလုပ်ဆောင်ချက်များအတွက်ကိုလည်း ငွေပေးချေ၍ ဝယ်ယူအသုံးပြုနိုင်နေပြီပဲဖြစ်ပါတယ်။ ဒီ tool များအားလုံးဟာ quick video call များပြုလုပ်ရန်အတွက် သင့်ကွန်ပြူတာရဲ့ webcam (သို့) external web cam ကို အသုံးပြုရမှာဖြစ်ပါတယ်။ 

ပိုမို၍များပြားသောကုမ္ပဏီများဟာ ဒီ tool များကို မကြာသေးမီကာလအတွင်း စတင်အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။ Video interview တစ်ခုပြုလုပ်ရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များဟာ ကိုယ်တိုင်နှင့် ဖုန်းအင်တာဗျူးများ နှစ်ခုလုံးနှင့် ကွဲလွဲမှုများရှိနေပါတယ်။ အကယ်၍သင်ဟာ video interview တစ်ခုအတွက် ပြင်ဆင်နေသူတစ်ဦးဆိုပါက ဒီအချက်များကို စတင်လေ့လာထားခြင်းအားဖြင့် သင့်အတွက် အကျိုးဖြစ်ထွန်းစေမှာပဲဖြစ်ပါတယ်။ 

 

Video Call ဖြင့် အလုပ်အင်တာဗျူးများပြုလုပ်နေစဉ်တွင် ပြုလုပ်သင့်သည့်အချက်များ (ဆောင်ရန်) 


သင့်လျှော်စွာဝတ်စားဆင်ယင်မှုပြုပါ။ 

သင်ဟာ video call ပေါ်ကသာ အင်တာဗျူးပြုလုပ်နေသည့်အတွက်၊ အိမ်တွင်နေထိုင်နေသည့်အတွက် video interview များပြုလုပ်ရာတွင် သင့်ရဲ့စိတ်ကြိုက် အိမ်နေရင်းဝတ်စုံနဲ့ အင်တာဗျူးမပြုလုပ်သင့်ပါဘူး။ သင့်အနေနဲ့ video interview များကို လူကိုယ်တိုင် interview ပြုလုပ်သကဲ့သို့ပင် သေချာစွာပြင်ဆင်ထားသင့်ပြီး သင့်အနေနဲ့ ကုမ္ပဏီရုံးခန်းအတွင်းသို့ဝင်ရောက်မည့်ပုံစံအတိုင်း သေချာစွာဝတ်စားဆင်ယင်ထားသင့်ပါတယ်။ 


Professional ဆန်သော နောက်ခံပုံရိပ်ရှိနေပါစေ။ 

အင်တာဗျူးသူက သင့်ကိုကြည့်ရှုခြင်းအပြင် သတိထားကြည့်ရှုနိုင်တဲ့နောက်ထပ်အရာ တစ်ခုကတော့ သင့်ရဲ့ နောက်ခံပုံရိပ်ပဲဖြစ်ပါတယ်။ သင့်ရဲ့ ပတ်ပတ်လည်ကအရာများဟာ ရှုပ်ပွမနေပဲ စိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေမည့်အရာများရှိမနေဖို့ သေချာစွာဂရုစိုက်ပါ။ အကယ်၍သင်ကအဆိုပါ video call ခေါ်ဆိုမှုကို သင့်အိပ်ခန်းအတွင်းက ခေါ်ဆိုမှုပြုနေပါက ဒီအရာကို အရမ်းကြီးသိသာမှုမရှိစေရန်အတွက် ကြိုးစားလုပ်ဆောင်ထားပါ။ 

အချို့သောအရာများတွင် နောက်ခံပုံရိပ်၌ သင့်အိပ်ယာပေါ်နေခြင်း (သို့) အိပ်ယာပေါ်တွင် video interview ပြုလုပ်မည့် call ကို ခေါ်ဆိုခြင်း (တစ်ချို့သောသူများက ထိုသို့ အမှန်တကယ်ပဲ ပြုလုပ်ဖူးပါတယ်။) ထိုသို့ပြုလုပ်ခြင်းအားဖြင့် video interview call တစ်ခုပြုလုပ်ရာတွင် professional မဆန်သော အမူအယာမျိုးဖြစ်၍သွားစေပါတယ်။ သင့်ရဲ့ နောက်ခံပုံရိပ်ကြောင့် သင့်ရဲ့အရည်အချင်းတွေကိုဖုံးကွယ်သွားရမှာကို သင်လိုလားမှာ မဟုတ်ပါဘူး။ 


Video Platform ကိုအရင်ဆုံး စမ်းသပ်အသုံးပြုကြည့်ပါ။ 

သင့်ရဲ့အင်တာဗျူးအချိန်ကို သတ်မှတ်၊ သိရှိပြီးသည်နှင့် ထို interview call အတွက် အသုံးပြုမည့် platform ကို ကြည့်ရှုကြည့်ပါ။ သင် download (သို့) install ပြုလုပ်ရန် လိုအပ်သည့်အရာများရှိပါက ထိုအရာများကို ဖုန်းခေါ်ဆိုမည့်အချိန်မတိုင်မှီ ပြုလုပ်ထားသင့်ပါတယ်။ 

သင့်အနေနဲ့ အင်တာဗျူး call တစ်ခုပြုလုပ်ရန်အတွက် နောက်ကျလိုမှာမဟုတ်ပါဘူး။ ပိုဆိုးတာတစ်ခုက သင့်ဖုန်းထဲသို့ app ကို ကြိုတင်သွင်းထားခြင်းမပြုလုပ်မိတဲ့အတွက် အင်တာဗျူး call တစ်ခုကို အချိန်မှီဝင်ရောက်နိုင်ခြင်းမရှိတာဖြစ်ပြီး ဒီအရာကိုလည်း သင့် အနေနဲ့ ဖြစ်လိုမှာမဟုတ်ပါဘူး။ သင်အသုံးပြုရနိုင်တဲ့ ရေပန်းစားနေသော video platform အချို့ကတော့ Zoom, GoToMeeting နဲ့ Google Hangouts တို့ပဲဖြစ်ပါတယ်။ 


သင့်ရဲ့ Audio အသံနဲ့ Video တို့ကို စမ်းသပ်ကြည့်ပါ။ 

သင့်အနေနဲ့ အသုံးပြုရမယ့် Video platform ကို ကြိုတင်၍စမ်းသပ်ကြည့်လိုရုံသာမက audio နဲ့ video ဟာလည်း အဆင်သင့်ဖြစ်နေသလားဆိုတာကို စမ်းသပ်ကြည့်လိုမှာပဲဖြစ်ပါတယ်။ သင့်ရဲ့ audio နဲ့ video တို့ကို စမ်းသပ်ကြည့်ရှုပြီး နှစ်ခုစလုံးဟာ ကောင်းမွန်စွာအလုပ်လုပ်မှုရှိနေဖို့အတွက် သေခြာစွာစစ်ဆေးပါ။ ထိုသို့ပြုလုပ်ထားခြင်းအားဖြင့် ပေါ်ပေါက်လာမည့်ပြဿနာများကို ကြိုတင်ဖြေရှင်းထားနိုင်မှာဖြစ်ပြီး interview call တစ်ခုပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်မှာပဲဖြစ်ပါတယ်။


ကောင်းမွန်တည်ငြိမ်တဲ့ internet connection ကိုရှာဖွေထားပါ။ 

မှန်ကန်တဲ့အရာများအားလုံးကို သင်ပြုမူပြောဆိုခြင်းပြုလုပ်နိုင်ခဲ့တယ်ဆိုရင်တောင်မှ lag နေတဲ့ internet connection တစ်ခုကို အသုံးပြုနေပါက သင့်ကိုအင်တာဗျူးမယ့်သူကို စိတ်တို၊ စိတ်ရှုပ်မှုတွေဖြစ်ပွားစေနိုင်ပါတယ်။ ဖြစ်လာနိုင်တာက သူတို့ဟာ သင်ဖြေကြားတဲ့ အဖြေများရဲ့ အလုံးစုံကိုလည်း နားလည်နိုင်မှာမဟုတ်တဲ့အတွက် သင့်အိမ်တွင် အင်တာနက် လိုင်းဟာ ကောင်းမွန်ခြင်းမရှိပါက ကောင်းမွန်တဲ့ internet connection ကို ရှာဖွေထားသင့် ပါတယ်။ 


ကျေးဇူးတင်လွှာတစ်စောင်ကို ပေးပို့ပါ။ 

Video interview များဟာ လူကိုယ်တိုင်အင်တာဗျူးရသလို တူညီသော ခံစားချက်ရှိမှာမဟုတ်သော်လည်း သင့်ကိုအလုပ်ခန့်အပ်ဖို့ အခွင့်အရေးပေးနိုင်ဖို့ အတွက် အင်တာဗျူးသူများအနေနဲ့ အချိန်ယူ၍ သင်နဲ့ အင်တာဗျူးပြုလုပ်ရတာဖြစ်တဲ့အတွက် ထိုသူများအနေနဲ့ သင့်အပေါ်ကောင်းမွန်တဲ့ အထင်အမြင်ကောင်းများရရှိဖို့မှာ အရေးကြီးလှတဲ့အတွက် သူတို့ရဲ့လုပ်ငန်းစဉ်များ လုပ်ဆောင်နေရာတွင် သင်ပါဝင်နိုင်ဖို့အတွက် အခွင့်အရေးရရှိနိုင်ဖို့ရာအတွက် ကျေးဇူးတင်လွှာတစ်စောင်ကိုလည်း ရေးသားပေးပို့ပေးသင့်ပါတယ်။

ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါတယ်။ Video Call ဖြင့် အလုပ်အင်တာဗျူးပြုလုပ်ရာတွင် ရှောင်ကြဉ်သင့်သည့်အရာများကိုလည်း အပိုင်း - ၂ အနေနဲ့ မနက်ဖြန်တွင် ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူ ပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (14)
Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)
LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS