Jobs In Myanmar
Load...

Video Call ဖြင့် အလုပ်အင်တာဗျူးများပြုလုပ်ရာတွင် ဆောင်ရန်/ရှောင်ရန် အချက်များ (အပိုင်း - ၂)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Video-Interviews-JobsInYangon



Video Call ဖြင့် အလုပ်အင်တာဗျူးများပြုလုပ်ရာတွင် ဆောင်ရန်/ရှောင်ရန် အချက်များ (အပိုင်း - ၂) 

 

Video Call ဖြင့် အလုပ်အင်တာဗျူးများပြုလုပ်နေစဉ်တွင် မပြုလုပ်သင့်သည့်အချက်များ (ရှောင်ရန်)


 

ကျယ်လောင်သောအသံများအကြားတွင် interview call တစ်ခုကို မပြုလုပ်ပါနဲ့ 

အဆုံးသတ်တွင် သင့်အဖြေများတွင်ပါဝင်တဲ့အရာများက သင့်အနေနဲ့ရှေ့သို့တက်လှမ်းနိုင်မှာလားဆိုတာကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်နိုင်သော်လည်း အင်တာဗျူးသူက သင့်အဖြေများကို ကြားနိုင်ခြင်းမရှိ (သို့) တစိတ်တပိုင်းမျှသာကြားနိုင်တယ်ဆိုပါက သင့်ကိုယ်သင် အပြည့်အဝ ကိုယ်စားပြုတင်ပြနိုင်မှာမဟုတ်ပါဘူး။ ထို့အပြင်နောက်ခံအသံ (background noise) များ များစွာရှိနေပါက စိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေနိုင်ပါတယ်။ ထို့ကြောင့် အင်တာဗျူးသူများအနေနဲ့ သင့်အသံကို ဆူညံသံများကြားမှ ကြားနေရနိုင်သော်လည်း သူတို့ရဲ့အာရုံစူးစိုက်မှုကို သင့်ထံတွင် အပြည့်အဝစုစည်းနိုင်မှာမဟုတ်ပါဘူး။ 

သင်ဖုန်းခေါ်ဆိုမှုပြုလုပ်မည့်နေရာကို ကြိုတင်၍လေ့လာပြီး ဒီနေရာက ဆူညံသံအရမ်းများ နေသလားဆိုတာကို ကြိုတင်၍ စဉ်းစားဆုံးဖြတ်ပါ။ နေရာအသစ်တစ်ခုကိုရှာဖွေရန် (သို့) အခြား backup နေရာများကို ကြိုတင်ရှာဖွေထားမှုတို့ကို အချိန်တစ်ခုယူ၍ ပြုလုပ်ထားပါ။ 


 

ကင်မရာကို အလွန်အမင်းလှုပ်ရှားခြင်း မဖြစ်ပါစေနဲ့

သင့်ဖုန်းနဲ့ video ရိုက်ပြီးနောက် ပြန်ဖွင့်ကြည့်တဲ့အခါတွင်မှ သင့်လက်ကအရမ်းလှုပ်နေတာ ကို သတိထားမိတာမျိုး ဖြစ်ဖူးပါသလား? အကယ်၍သင့်ဖုန်းကို interview call တစ်ခုအတွက် အသုံးပြုတော့မယ်ဆိုပါက တတ်နိုင်သရွေ့ လက်ထဲတွင်ကိုင်မထားပါနဲ့။ နောက်ခံအသံများကဲ့သို့ပင် ဒီအရာကလွန်စွာစိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေပြီး အင်တာဗျူးသူကို အနည်းငယ်ခေါင်းမူးသွားစေနိုင်ပါတယ်။ 

သင့်ရဲ့ဖုန်းပေါ်မှတဆင့် interview call ကို ပြုလုပ်ဖို့လိုအပ်ပါက ဖုန်းကိုလှုပ်မနေစေရန်အတွက် တင်ထားနိုင်မည့်နေရာတစ်ခုကို ရှာဖွေထားပါ။ အလားတူပင် ကွန်ပြူတာ (သို့) laptop ပေါ်မှတဆင့် interview call ကို ပြုလုပ်ပါက ထိုအရာကို အင်တာဗျူးပြုလုပ်ချိန်တစ်လျှောက်လုံးတွင် တည်ငြိမ်တဲ့မျက်နှာပြင်ပေါ်သို့ တင်ထားဖို့အတွက် သေချာစွာပြုလုပ်ထားပါ။ အချို့က သူတို့ရဲ့ပေါင်ပေါ်တွင် laptop များကိုတင်၍ interview call များကို ပြုလုပ်တတ်ကြပါတယ်။ ထိုသို့ပြုလုပ်ခြင်းကြောင့် အလွန်လှုပ်ရှားမှုများဖြစ်ပေါ်စေပြီး တစ်ခါတစ်ရံတွင် audio ကိုလည်း အနှောက်အယှက်ဖြစ်စေနိုင်တဲ့အတွက် ထိုသို့ပြုလုပ်ခြင်းအား လုံးဝရှောင်ကြဉ်သင့်ပါတယ်။ 

 

 

အခြားမည်သူ့ကိုမှ spotlight (သတိထားမိနိုင်စေတဲ့နေရာ) အတွင်းရောက်မနေပါစေနဲ့။ 

သင် interview တစ်ခုကို ပြုလုပ်ရာတွင် ဘယ်သူမှ သင့်အနား (သို့) သင့်အနောက်တွင် ရှိမနေဖို့အတွက် သတိထားပါ။ အကယ်၍ သင့်မိဘများ၊ ချစ်သူ/ ခင်ပွန်း (သို့) အိမ်မွေးတိရိစ္ဆာန်များ screen ပေါ်တွင် ပေါ်လာပါက ဒါက professional မဆန်သလို စိတ်အာရုံစူးစိုက်မှုကိုလည်း ပျက်ပြားစေနိုင်ပါတယ်။ ဒီကိစ္စဟာ သင့်အတွက်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက် အင်တာဗျူးသူထံမှ အာရုံစူးစိုက်မှုကို သင့်ထံတွင်သာ ရှိနေစေလိုမှာပဲဖြစ်ပါတယ်။ 


 

သင့်ရဲ့ video ကို ပိတ်ခြင်း မပြုလုပ်ပါနဲ့ 

လူအချို့က သူတို့ရဲ့ကင်မရာကို interview call တစ်ခုမပြုလုပ်မှီသော်၎င်း၊ လုပ်နေစဉ်တွင်သော်၎င်း ပြုလုပ်တတ်ကြပါတယ်။ ဒီအရာဟာ video interview တစ်ခုဖြစ်တဲ့အတွက် အင်တာဗျူးခံရသူများအနေနဲ့ ကင်မရာကိုဖွင့်ထားနိုင်ဖို့ အတွက် ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ 

အင်တာဗျူးသူတစ်ဦးတည်းကသာ သူ့ရဲ့ကင်မရာကို ဖွင့်ထားရပါက အဆင်ပြေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်ုပ်တို့ရဲ့ကုမ္ပဏီအတွင်းတွင် video call ပေါ်တွင် တစ်နေ့လုံး ရှိနေဖို့လိုအပ်ပြီး လုပ်ဖော်ကိုင်ဖက်များနဲ့ ပြောဆိုရန်၊ Client များနဲ့ပြောဆိုရန် လိုအပ်တဲ့အတွက် video call ပေါ်သို့ တက်မလာချင်သူတစ်ဦးအနေနဲ့ ဒီအလုပ်ဟာ သူတို့အတွက် ကိုက်ညီမှုရှိမှာမဟုတ်ပါဘူး။ 

 

ကင်မရာကိုကြည့်ပါ၊ screen ကို မကြည့်ပါနဲ့ 

Video interview session တစ်ခုအတွင်း သင့်ကိုယ်သင် (သို့) သင့်ကိုအင်တာဗျူးနေတဲ့ သူကိုကြည့်ရှုလိုသည်မှာ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် video camera သို့တိုက်ရိုက် ကြည့်ရှုခြင်းဟာ သင့်ကိုအင်တာဗျူးနေသည့်သူနဲ့ တိုက်ရိုက် eye contact ရရှိနိုင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းပဲဖြစ်ပါတယ်။ အခြားဖက်ကသူရဲ့မျက်နှာကို သင့်ကင်မရာအောက်တည့်တည့်တွင် ချိန်ညှိထားခြင်းဟာ ထိုသို့ပြုလုပ်နိုင်စေမယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ 

 

သင့်တင့်လျှောက်ပတ်သော ဝတ်စားဆင်ယင်ပုံ 

သင့်ဝတ်စားဆင်ယင်ပုံနဲ့ ပတ်သက်၍ သင့်ရဲ့ video interview ကို လူကိုယ်တိုင် အင်တာဗျူးဝင်ရသကဲ့သို့ သဘောထား၍ professional ဆန်ဆန် ဝတ်စားဆင်ယင် ထားသင့်ပါတယ်။ Video interview များပြုလုပ်ရာတွင် professional ဆန်ဆန် ဝတ်စားဆင်ယင်ထားသင့်ပါတယ်။ 

 


အကောင်းဆုံး၊ အသင့်တော်ဆုံး နေရာတစ်ခုကို ရွေးချယ်ထားပါ။ 

Interview ပြုလုပ်ရန်အတွက် အသေးစိတ်ပြင်ဆင်ထားစရာမလိုတဲ့နောက်ခံတစ်ခုရှိတဲ့ တိတ်ဆိတ်ငြိမ်သက်သောနေရာတစ်ခုကို ရွေးချယ်ထားပါ။ ဒါမှသာ သင်ဟာ screen ပေါ်တွင် အဓိက အာရုံစိုက်ခံရမည့်နေရာတစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။ သင့်နောက်တွင်ရှိသော စိတ်အာရုံစူးစိုက်မှုပျက်ပြားစေမည့်အရာများအားလုံးကို ဖယ်ရှားထားပြီး တတ်နိုင်သမျှရှင်းလင်းနေအောင် ပြုလုပ်ထားပါ။ 

 

လေ့ကျင့်မှုပြုပါ။ 

သူငယ်ချင်းတစ်ဦးနဲ့ အင်တာဗျူးမတိုင်မှီကြိုတင်လေ့ကျင့်ထားခြင်းဟာလည်း သင့်ကို အကူအညီပေးနိုင်ပါလိမ့်မယ်။ ပထမဦးဆုံးအကြိမ် video interview call တစ်ခုကို လက်ခံဖြေကြားရသည်မှာ အနည်းငယ်အူကြောင်ကြောင်နိုင်တယ်လို့ခံစားရနိုင်တဲ့အတွက်၊ အထူးသဖြင့် သင့်ကိုယ်သင် ကင်မရာကိုပဲကြည့်ကာ screen ကို မကြည့်မိစေဖို့ ထိန်းချုပ် နေရတဲ့အခါတွင် အနည်းငယ်အူကြောင်ကြောင်နိုင် နိုင်ပါတယ်။ (မိမိကိုယ်ကို မကြည့်မိဖို့ ထိန်းချုပ်ရခြင်းဟာ ခက်ခဲပါတယ်။) ထို့ကြောင့် အရာအားလုံးကို ကြိုတင်အသုံးပြုကြည့်ထားပြီး အင်တာဗျူးအချိန်ရောက်လာတဲ့အခါမှာ အဆင်သင့်ဖြစ်နေစေဖို့အတွက် ပြင်ဆင်ထားပါ။  

 

သင့်ကွန်ပြူတာပေါ်ရှိ အခြားသော program များကို ပိတ်ထားပါ။ 

သင် အင်တာဗျူးပြုလုပ်နေစဉ်အတွင်း Facebook notification များတက်လာခြင်းဟာ စိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေပြီး professional မဆန်ဘူးဟု ခံစားရစေနိုင်ပါတယ်။ သင့်အင်တာဗျူးမတိုင်မှီတွင် သင့်ကွန်ပြူတာပေါ်ရှိ အခြားသော window များအားလုံးကို ပိတ်ထားဖို့ သေခြာစွာလုပ်ဆောင်ထားပါ။ 

 

ဖြစ်ပေါ်လာနိုင်တဲ့ အနှောက်အယှက်များကို ဖြေရှင်းထားပါ။ 

အကယ်၍သင်က မိသားစုဝင်များ၊ အိမ်မွေးတိရစ္ဆာန်များရှိတဲ့ အိမ်ထောင်စုအတွင်းမှ interview ဖြေကြားခြင်းပြုလုပ်နေရပါက ကြိုတင်၍ အိမ်သားများအားလုံးကို interview အချိန်အား အသိပေးထားပြီး သင် အင်တာဗျူးပြုလုပ်မည့်နေရာတွင် အိမ်မွေးတိရစ္ဆာန်များ ရှိမနေစေဖို့ကိုလည်း ကြိုတင်၍ ပြုလုပ်ထားလိုက်ပါ။ 


 

သင့်ရဲ့ profile ဟာ professional ဆန်နေဖို့ သေခြာပါစေ။ 

လူကိုယ်တိုင်နှင့် ဖုန်းအင်တာဗျူးများနဲ့ မတူညီတဲ့အချက်ဟာ video interview ပြုလုပ်စဉ် အတွင်း သင့်ရဲ့ first impression ဟာ သင်နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ ပထမဦးဆုံး သင့်ကို interview မည့်သူကမြင်မည်မှာ သင့် Skype username နဲ့ ဓါတ်ပုံပဲဖြစ်ပါတယ်။ ထို့ကြောင့် ထို ၂ ခုစလုံးဟာ အင်တာဗျူးအတွက် သင့်တော်မှုရှိရဲ့လား (professional) ဆန်ရဲ့လားဆိုတာကို ပြန်လည်စစ်ဆေးကြည့်လိုက်ပါဦး။ 

 

ခန္ဓာကိုယ်အမူအယာ 

လူကိုယ်တိုင်အင်တာဗျူးခြင်းများအတွက် ကိုယ်အမူအယာများအားလုံးဟာ video interview များအတွက် ကိုက်ညီမှုရှိမှာမဟုတ်သော်လည်း၊ ကိုက်ညီမှုရှိစေတဲ့ အချို့သော အချက်များကတော့ ပို၍ အရေးကြီးပါတယ်။ သင့်ထံတွင်ကောင်းမွန်သော ကိုယ်နေဟန်ထား ရှိနေပါစေ၊ တောင့်တင်းမနေပါစေနဲ့။ သင့်ကိုယ်သင် မတ်မတ်ထားပါ၊ ဒါပေမယ့် relax လည်းဖြစ်နေပါစေ။ ရှေ့သို့ ကိုင်းမနေပါစေနဲ့။ 

 

 

အလင်းရောင်၊ ကင်မရာ၊ Action!

အဆုံးသတ်တွင်တော့ သင်တောက်ပရမယ့်အချိန်ကို ရောက်လာပါပြီ၊ အင်တာဗျူးသူများကို သူတို့တွေ့ဖူးခဲ့တဲ့ ကောင်းမွန်မှုမရှိတဲ့ video interview များကနေ အနားပေးလိုက်ပြီး သင့်ရဲ့ ကြိုတင်ပြင်ဆင်တတ်မှု၊ professional ဆန်မှုတို့နဲ့အတူ wow! ဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။ ဒီ article ကို မှီငြမ်း၍ (သို့) သင့်ကိုယ်ပိုင် checklist တစ်ခုကို တည်ဆောက်ပြီး video interview များမပြုလုပ်မှီ ထိုအရာများကို လုပ်ဆောင်ပေးခြင်း အားဖြင့် သင့်အတွက် အကျိုးရှိစေမှာဖြစ်ကာ သင်လုပ်ဆောင်နေသောအရာများဟာ ကောင်းမွန်မှု၊ သင့်တော်မှု ရှိ၊ မရှိကိုလည်း ပြန်လည်ဆန်းစစ်သွားနိုင်စေမှာပဲဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (26)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS