ချိတ်ဆွဲရန်စာတန်း: News-COVID-Delta-Variant-Facebook-JobsInYangon
COVID-19 Delta မျိုးကွဲပြန့်ပွားမှုအခြေအနေများကြောင့် Facebook ရဲ့ရုံးခန်းများပြန်လည်ဖွင့်လှစ်မှုကို ၂၀၂၂ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့ရ
COVID-19 ရဲ့ delta မျိုးကွဲ ပြင်းထန်စွာပျံ့နှံ့လာမှုကြောင့် အမေရိကရှိ Facebook ဝန်ထမ်းများအနေနဲ့ ရုံးသို့ပြန်လည်တက်ရောက်၍ အလုပ်လုပ်ရမည့်နေ့ကို နောက်နှစ်အတွင်းသို့ ရွှေ့ဆိုင်းပေးလိုက်ပြီဖြစ်ကြောင်း Facebook မှ Bloomberg သို့ အတည်ပြုပြောကြားခဲ့ပါတယ်။
“ကျွန်ုပ်တို့အတွက် အလုပ်လုပ်နိုင်ဖို့ ဒေတာအချက်အလက်များက နေ့ရက်များထက် ပိုမို၍အရေးပါလှပါတယ်။ လက်ရှိပြသနေတဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်များအရ Delta မျိုးကွဲ COVID ရောဂါဖြစ်ပွားမှုနှုန်းများဟာ မြင့်တက်လျှက်ရှိနေတဲ့အတွက် US ရှိကျွန်ုပ်တို့ရဲ့ Team များအနေနဲ့ ဇန်နဝါရီလ ၂၀၂၂ ခုနှစ်အထိ ရုံးပြန်တက်စရာလိုဦးမှာမဟုတ်ပါဘူး။ ဒါဟာ အမေရိကပြင်ပရှိ အခြားသောနိုင်ငံများသို့လည်း မကြာမှီတွင် သက်ရောက်မှုရှိစေတော့မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ကျွမ်းကျင်သူများနှင့်တိုင်ပင်ပြီး ရုံးပြန်လည်တက်ရတဲ့အခါမှာလည်း ဝန်ထမ်းများအားလုံးလုံခြုံမှုရှိစေရေးအတွက်ကို ဦးစားပေး၍လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟူ၍ Facebook မှ ပြောကြားခဲ့ပါတယ်။
ယခုနှစ်နွေဦးရာသီအတွင်း Microsoft, Uber နဲ့ Facebook တို့ဟာ ရုံးများပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ်မှုများကိုပြုလုပ်နေခဲ့သော်လည်း ယခုအခါတွင် COVID-19 ကပ်ရောဂါရဲ့ Delta မျိုးကွဲပြန့်ပွားမှုနှုန်းဟာ အဆမတန်မြင့်မားလာနေတဲ့အတွက် ရုံးပြန်ဖွင့်မည့်ရက်များကို ကုမ္ပဏီများအားလုံးမှ ဇန်နဝါရီလ ၂၀၂၂ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။