ချိတ်ဆွဲရန်စာတန်း: News-Investigators-Hacked-Tesla-JobsInYangon
Dutch လူမျိုး စုံစမ်းစစ်ဆေးမှုအဖွဲ့မှ Tesla ရဲ့ driving data storage system သို့ hack ပြုလုပ်၍ ဝင်ရောက်ခဲ့
Dutch လူမျိုး ရာဇဝတ်မှုဖော်ထုတ်ရေးသုသေသနပညာရှင်များမှ Tesla ရဲ့ Data storage စနစ်ကို decrypt ပြုလုပ်ခဲ့ပြီး ကားတိုက်မှုဖြစ်စဉ်တစ်ခုအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရန် လွန်စွာအသုံးဝင်မှုရှိလာနိုင်တဲ့ အချက်အလက်များကို ဖော်ပြခဲ့ကြောင်း Reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
အဆိုပါအဖွဲ့ဟာ Autopilot အသုံးပြုထားသည့် Tesla ကားတစ်စီးမှ ထင်မှတ်မထားပဲ ရုတ်တရက် ဘရိတ်အုပ်လိုက်ပြီးနောက် အခြားသောယာဉ်တစ်စီးကို အနောက်မှတိုက်မိခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေတာဖြစ်ပြီး Tesla မှ အချက်အလက်များကို တောင်းခံမည့်အစား အဆိုပါ Dutch လူမျိုး စုံစမ်းစစ်ဆေးမှုအဖွဲ့မှ ကုမ္ပဏီရဲ့ data log များကို reverse engineer ပြုလုပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ရန် ပြုလုပ်နိုင်ခဲ့ကြပါတယ်။
“ဒီဒေတာများတွင် အမှုစစ်ဆေးသူများနှင့် ယာဉ်မတော်တဆဖြစ်ပွားမှုလေ့လာသူများအတွက် လွန်စွာအသုံးဝင်တဲ့ အချက်အလက်များပါဝင်နေပြီး လူသေစေနိုင်တဲ့ မတော်တဆဖြစ်ပွားမှုများ (သို့) ထိခိုက်အနာတရဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်စေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်” ဟူ၍ Netherlands Forensic Institute (NFI) တွင် Digital Investigator အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိသူ Francis Hoogendijk မှ ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။