ချိတ်ဆွဲရန်စာတန်း: News-eBay-Cryptocurrency-JobsInYangon
eBay မှ cryptocurrency များကို ပေးချေ၍ရနိုင်သော payment option တစ်ခုအဖြစ် လက်ခံသွားရန် စီစဉ်လျှက်ရှိကြောင်း ကြေငြာခဲ့
၂၀၂၁ ခုနှစ်၊ မတ်လတွင် Bitcoin ဈေးနှုန်းများဟာ အမြင့်ဆုံး ကန်ဒေါ်လာ ၆၀,၀၀၀ အထိသို့ ရောက်ရှိခဲ့ပြီးနောက် Warren Buffet အပါအဝင် များစွာသောရင်းနှီးမြှုပ်နှံသူများမှ Bitcoin နှင့် အခြားသော cryptocurrency များကို “အန္တရာယ်များပြီး” “တန်ဖိုးမရှိဘူး” ဟူ၍ သတိပေးမှုများ၊ ဝေဖန်မှုများအကြားတွင်တောင်မှ များစွာသောကုမ္ပဏီများဟာ cryptocurrency များကို တရားဝင်ငွေပေးချေ၍ရနိုင်သည့် option တစ်ခုအနေဖြင့် ပို၍ပို၍ လက်ခံလာကြပြီပဲဖြစ်ပါတယ်။
ထိုသို့လက်ခံခဲ့ကြသည့် ကုမ္ပဏီများတွင် - Burger King, KFC, Pizza Hut နှင့် Xbox အပြင်အခြားသော ကုမ္ပဏီများစွာလည်း ပါဝင်နေခဲ့ပြီး မကြသေးမှီက eBay မှလည်း cryptocurrency များကို တရားဝင်ငွေပေးချေ၍ရနိုင်သည့် option တစ်ခုအဖြစ် အနာဂါတ်တွင် လက်ခံသွား၍ရနိုင်မလား ဆိုတာကို စဉ်းစားလျှက်ရှိကြောင်း ကြေငြာချက်တစ်ရပ်ကိုထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။
“ကျွန်ုပ်တို့အနေဖြင့် သင့်တော်တဲ့ payment အမျိုးအစားများကို အမြဲတမ်းရှာဖွေလျှက်ရှိနေပြီး ဆက်လက်၍ ထိုအရာကို အကဲဖြတ်မှုများပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုအတွက်အစီအစဉ်တစ်ခုခု မရှိသေးပေမယ့်လည်း Cryptocurrency များဟာ ကျွန်ုပ်တို့အမြဲတမ်းစောင့်ကြည့်လျှက်ရှိနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။” ဟူ၍ eBay မှ Reuter သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။