by www.jobsinyangon.com
Tags: Knowledge-Manager-Management-HR-JobsinYangon
လုပ်ငန်းခွင်အတွင်းရှိအတ္တများ
လုပ်ဖော်ကိုင်ဖက်တစ်ယောက်၏ ဘဝင်မြင့်စိတ်ကို စီမံကိုင်တွယ်ခြင်း
ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်စီ အတ္တရှိကြပါတယ်။ အတ္တဟာ ကျွန်တော်တို့ကို လုပ်ပိုင်ခွင့်အာဏာနဲ့ ရာထူးဂုဏ်ဒြပ်တွေကို ပိုင်ဆိုင်စေချင်တဲ့အရာ ၊ ကျွန်တော်တို့ကို မိမိကိုယ်ကိုယုံကြည်မှု ရှိစေတဲ့အရာဘဲဖြစ်ပါတယ်။ အတ္တဟာ ကျွန်တော်တို့ရဲ့ ပြီးမြောက်အောင်မြင်မှုတွေအတွက် အသိအမှတ်ပြုခြင်းခံရလိုတဲ့ လိုအင်ဆန္ဒကိုဖြစ် စေပါတယ်။ ဒါက လုံးဝကို ပုံမှန်ဘဲဖြစ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်အရမ်း အတ္တ ကြီးလာတဲ့အခါမှာတော့ ဘာတွေဖြစ်နိုင်ပါလဲ။
သင်အနေနဲ့ အဲဒီလို လူအမျိုးအစားတွေကို သိထားပြီးသားဖြစ်ပါတယ်။ အသိအမှတ်ပြုခံရဖို့နဲ့ အာဏာရရှိဖို့အတွက် ဘာကိုမဆိုလုပ်မယ့် လုပ်ဖော်ကိုင်ဖက်တွေ၊ ဆွေးနွေးမှုတိုင်းမှာ ငါ့စကားနွားရပြောဆိုတတ်ပြီး လူအများအားရုံစိုက်မှုကို ရချင်သူတွေ၊ အခြားသူတွေရဲ့ အိုင်ဒီယာတွေကို အမြဲတမ်းဝေဖန်တတ်တဲ့ အဖွဲ့ဝင်တွေ တွေဟာ အတ္တကြီးသူတွေဘဲ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ သူတို့ရဲ့အပြုအမူတွေကြောင့် အဖွဲ့တစ်ခုလုံးရဲ့ ရည်မှန်းချက်ကို ဆုတ်ယုတ်စေနိုင်သူတွေဖြစ်ပါတယ်။
အတ္တဟာ လုပ်ငန်းခွင်ဆိုင်ရာပြဿနာတွေ အများကြီးရဲ့ အခြေခံအုတ်မြစ်ဘဲ ဖြစ်ပါ တယ်။ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းမှုမှအစ မအောင်မြင်တဲ့ ညှိနှိုင်းမှုတွေ၊ ဆုံးဖြတ် ချက်အမှားတွေ အထိ အတ္တဟာ ပျက်စီးခြင်းလမ်းကြောင်းကို အုတ်မြစ်ချပေးတတ်ပါ တယ်။ အတ္တကြောင့်ဖြစ်ပေါ်လာတဲ့ စက်ဆုပ်စရာ ဗိုလ်ကျချင်တဲ့ အပြုအမူဆိုးတွေဟာ ဖန်တီးနိုင်စွမ်းကို ဖျက်စီးပစ်တတ်ရုံသာမက ထိရောက်တဲ့ ပြဿနာဖြေရှင်းနည်းတွေ ကို ဆုတ်ယုတ်စေပြီး စိတ်ဖိစီးမှုတွေဖြစ်စေကာ စိတ်ဓါတ်ကိုပါထိခိုက် ပျက်ပြားစေနိုင် ပါတယ်။
အတ္တကြီးတဲ့သူတွေနဲ့ အလုပ်အတူတူလုပ်ရတာ သို့ အတ္တကြီးတဲ့အလုပ်ရှင်တွေအ တွက် အလုပ်လုပ်ပေးရတာက ဘယ်လောက်အထိခက်ခဲပင်ပန်းတယ်ဆိုတာကို ကျွန်တော်တို့အများစု သိကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ Career တစ်လျှောက် တစ်ချိန်ချိန်မှာတော့ ဒီလို ကိုယ်ရည်ကိုယ်သွေးရှိတဲ့ (အတ္တကြီးတဲ့) လုပ်ဖော်ကိုင်ဖက်၊ အလုပ်ရှင် သို့ သုံးစွဲသူတစ်ယောက်ယောက်ကို တွေ့ကြုံလာရနိုင်ချေရှိပါတယ်။ ပြောရရင်တော့ လုပ်ငန်းခွင်တွေရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ သဘာဝက လူတွေကို မိမိတို့ရဲ့ ပတ်ဝန်းကျင်ကို အလေးထားကြည့်ရှု့တတ်လာစေပါတယ်။ သင့်ကိုယ်သင်ကာကွယ်နိုင်ဖို့အတွက် သင့်အနေနဲ့ အတ္တမိုးထိုးတတ်တဲ့ မိမိသာလျှင်အရေးအပါဆုံးဖြစ်တယ်လို့ ထင်စေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို စီမံထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် ပထမဆုံးအနေနဲ့ သင့်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေနဲ့ ဆက်ဆံ နေရတာမျိုးမဟုတ်ဘဲ အတ္တကြီးသူတွေနဲ့ ဆက်ဆံနေရတယ်ဆိုတာကို ဘယ်လိုသိနိုင်ပါသလဲ။ အတွေ့ရများတဲ့ အောက်ဖော်ပြပါ အတ္တကြီးသူတွေပြုလုပ် တတ်တဲ့ အမူအကျင့်တွေကို စောင့်ကြည့်လေ့လာပါ။
• အကြံဉာဏ်တိုင်းအတွက် အသိအမှတ်ပြုခံရမှု၊ ချီးကျုးမှုကိုလိုချင်ခြင်း။
• (“ကျွန်တော်တို့” နှင့် “ကျွန်တော်တို့ကို” ဆိုတဲ့ စကားလုံးတွေအစား) “ငါ” နှင့် “ငါ့ကို” ဆိုတဲ့စကားတွေကို အချိန်တိုင်းနီးပါး မူပိုင်အသုံးပြုခြင်း။
• စကားပြောဆိုမှုတွေနဲ့ ဆွေးနွေးပွဲတွေမှာ လွှမ်းမိုးချုပ်ကိုင်ခြင်း။
• သူတို့ရဲ့ ပိုတော်၊ပိုတတ်မှုနဲ့ ကျွမ်းကျင်မှုတွေ (အမှန်အကန်ပင်ဖြစ်စေ၊သူတို့ဘာသာ ထင်နေတာဘဲဖြစ်စေ) တွေကို အခြားသူတွေကို အသိ(သတိ)ပေးခြင်း။
• အခြားသူတွေ သူတို့ရဲ့ ကိုယ်ပိုင်အိုင်ဒီယာတွေကိုဖော်ထုတ်ပြောဆိုတဲ့အခါမှာ တားမြစ်ပိတ်ပင်ခြင်း။
• သူတို့ကို ထောက်ခံအားပေးသူတွေကို ချီးမြှင့်မြှောက်စားခြင်း (မထောက်ခံသူတွေကိုတော့ အပြစ်ပေးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။)
• အနိုင်ကျင့်ခြင်း သို့မဟုတ် သူတို့အမှန်ကတယ်ပိုင်ဆိုင်ထားခြင်း မရှိတဲ့ အာဏာကို အသုံးချဖို့ ကြိုးစားခြင်း - တို့ဘဲဖြစ်ပါတယ်။
အကြံပြုချက် ၁
သင့်အနေနဲ့ သင်ကိုယ်တိုင်မှာ အဲ့ဒီလို အမူအကျင့်တွေရှိနေတယ်ဆိုပြီး သတိပြုမိပါသလား။ သင့်ရဲ့ ထိုက်တန်မှုကို အချိန်ပြည့်သက်သေပြနေဖို့ လိုအပ်တယ် လို့ခံစားပါသလား။ သင့်တော်တဲ့ အတ္တကတော့ ကောင်းမွန်တဲ့ မိမိကိုယ်ကို ယုံကြည်မှုရဲ့အစိတ်အပိုင်း တစ်ခုဘဲဖြစ်ပါတယ်။ဒါပေမယ့် သင့်ရဲ့ အောင်မြင်ပြီးမြောက်မှု တွေက မလုံလောက်ဘူးလို့ထင်မြင်ယူဆလာတဲ့အခါမှာ အတ္တကြီးမှုတွေ ဖြစ်လာပါတယ်။ သင့်အနေနဲ့ အခြားသူတွေရဲ့ အသိအမှတ်ပြုထောက်ခံမှုကို ရှာဖွေတတ်တဲ့ အကျင့်ရှိရင် သို့မဟုတ် အရာအားလုံးကို ထိန်းချုပ်ဖို့အတွက် ကြိုးစားနေတယ်ဆိုရင်တော့ သင်ဟာ အများကြီးထိန်းချုပ် ထားနိုင်တယ်လို့ သင်ကိုယ်တိုင်မယုံကြည်သေးဖူးဆို တဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ မိမိကိုယ်ကို လေးစားမှုနဲ့ ယုံကြည်မှုတည်ဆောက် ဖို့အတွက် အကြံပြုချက်တွေကို လေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်း ဆိုတဲ့ ဆောင်းပါး ကိုလေ့လာဖတ်ရှု့လိုက်ပါ။
အကြံပြုချက် ၂။
ရွှေဥ ဥပေးတဲ့ ဘဲငန်းကို သတ်ပစ်သလိုမဖြစ်ဖို့ ဂရုစိုက်ပါ။ သင့်ရဲ့ အကောင်းဆုံး အရောင်းဝန်ထမ်းက အနည်းငယ်အတ္တကြီးတယ်ဆိုရင်တော့ သင့်အနေနဲ့ အံ့သြမိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ CEO ကလည်း သူ/သူမရဲ့ အတွေးအခေါ်တွေရဲ့ အမျှော်အမြင်ရှိမှု(ပညာပြည့်ဝမှု) နဲ့ ပတ်သက်ပြီး ယုံကြည်ချက်ပြင်းထန်နိုင်ပါတယ်။
အတ္တကြီးမှုရဲ့ အကျိုးသက်ရောက်မှုတွေကို အနည်းဆုံးဖြစ်အောင် လုပ်ဖို့အတွက် သင့်ချင့်ချိန်လုပ်ဆောင်လို့ ရနိုင်တဲ့အရာတွေကို လုပ်ပါ။ ဒါပေမယ့် သင့်ရဲ့ လုပ်ဆောင်ချက်တွေဟာ သင့်အဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ကိုက်ညီမှုရှိကြောင်း သေချာပါစေ။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
V Net - Mandalay Internet Service Provider
Vision and Mission
Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (37)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD
Translator
-Female
-Chinese language (4 Skills)
-Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group
Our HQ at Taipei, Taiwan.
The Myanmar factory i...
Show the postings (4)
Blue Ribbon Trading Company Limited
Our Mission
-To provide marketing and distribution services for our principals’ brands through a dictated sales and marking team.
-To offer quality health care and personal care products enhancin...
Show the postings (4)
Tharaphu Soe Myint Company Limited
Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)