by ခက်ခဲနေသောအချိန်ကာလများအတွင်း ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှုကို မြှင့်တင်ပေးစေနိုင်မည့် နည်းလမ်းများ
Tags: Knowledge-Employee-Engagement-Strategies-JobsInYangon
ခက်ခဲနေသောအချိန်ကာလများအတွင်း ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှုကို မြှင့်တင်ပေးစေနိုင်မည့် နည်းလမ်းများ
ကုမ္ပဏီများစွာအဖို့ Work from home ဆက်လက်ပြုလုပ်နေရပြီး ပုံမှန်အတိုင်းရုံးပြန်တက်၍မရသေးခြင်းဟာ quarantine ကာလတွင် ဝန်ထမ်းများကို စိတ်အားတက်ကြွမှုဆက်လက်၍ရှိနေစေရန်၊ Productive ဖြစ်စေရန်ပြုလုပ်ပေးဖို့ လိုအပ်နေသော ကုမ္ပဏီခေါင်းဆောင်ပိုင်းမှလူများအဖို့ အခက်အခဲအသစ်များကို ရင်ဆိုင်ဖြေရှင်းရဖို့ ဖြစ်လာခဲ့ပါတယ်။
ထို့အပြင် Mr Stefan Wissenbach မှ တွေ့ရှိခဲ့တဲ့ the COVID Trap phenomenon ဟာ ယခုအခါတွင် အပြည့်အဝ သက်ရောက်မှုများရှိလာပြီဖြစ်ကာ Work from home ပြုလုပ်နေရတဲ့ဝန်ထမ်းများ ဆက်လက်၍ စိတ်အားထက်သန်မှု (engagement) ရှိနေစေရန်မှာ ပိုမို၍အာရုံစူးစိုက်မှုထားရမယ့်အရာတစ်ခုဖြစ်လာပြီပဲ ဖြစ်ပါတယ်။
အထက်ပါအသုံးအနှုန်းနဲ့ ရင်းနှီးမှုမရှိသူများအတွက် COVDI Trap ဆိုသည်မှာ ကပ်ရောဂါကာလ အစပိုင်းတွင် စိတ်အားထက်သန်မှု, creativity နဲ့ လုပ်ငန်းစွမ်းဆောင်ရည်တို့ ယာယီမြင့်မားတိုးတက်လာခြင်းကို ဆိုလိုတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ များစွာသောလုပ်ငန်းအဖွဲ့များတွင် ထိုသို့ဖြစ်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း အချိန်ကာလကြာရှည်မှုရှိလာသည်နှင့်အမျှ employee engagement ဟာ တဖြည်းဖြည်းပြန်လည်၍ ကျဆင်းလာပါတော့တယ်။
Employee engagement နဲ့ ပတ်သက်၍ ပေါင်းစည်းရရှိလာတဲ့ဒေတာအချက်အလက်များအရ ယခုနှစ်အစောပိုင်းတွင် employee engagement ဟာ အမြင့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့တာကိုတွေ့ရှိရပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီတစ်ခုတည်းအတွက်မဟုတ်ပါဘူး လတ်တလောထုတ်ပြန်လိုက်တဲ့ Harvard Business Review မှ ဆောင်းပါးတစ်ပုဒ်တွင် အဆိုပါအကျိုးသက်ရောက်မှုအကြောင်းကို တိကျစွာအကျဉ်းချုပ်ရှင်းလင်းဖော်ပြပေးထားပါတယ်။
“ကပ်ရောဂါကာလအတွင်း မျှော်လင့်မထားတဲ့တိုးတက်မှုအခြေအနေများဟာ တဖြည်းဖြည်းပြန်လည်ဆုတ်ယုတ်မှုရှိလာတာကို ပြသလျှက်ရှိနေပါတယ် - မြန်ဆန်စွာဆုံးဖြတ်ချက်ချနိုင်မှု၊ Meeting များ၏ ထိရောက်မှုရှိခြင်း၊ ရိုးသားမှု၊ အဖွဲ့အစည်း၏ ကျစ်လစ်မှု၊ မကြာခဏဆက်သွယ်ပြောဆိုခြင်း သင့်ရဲ့တစ်နေ့တာကို သင်ကိုယ်တိုင်ကောင်းမွန်စွာစီမံခန့်ခွဲပြီး အိမ်မှတဆင့်ကောင်းမွန်စွာအလုပ်လုပ်ခြင်းများ သာမန်ပြောဆိုဆက်ဆံမှုများ၊ အဖွဲ့လိုက်ပြောဆိုဆက်ဆံမှုများ အစရှိသည်တို့ လျော့နည်းလာပြီပဲဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့အချို့ရဲ့ပြောဆိုချက်များအရ “သူတို့ဟာ lockdown ကာလ အစတုန်းကကဲ့သို့ တက်ကြွစွာအလုပ်လုပ်ခြင်းများနဲ့ အရေးပါအရာရောက်မှုရှိတယ်လို့ခံစားရခြင်းများကို ပြန်လည်တမ်းတနေမိတယ်လို့ ဆိုထားခဲ့ပါတယ်။”
ဒီတော့ ကျွန်တော်တို့အနေနဲ့ အသင်းအဖွဲ့တစ်ခုရဲ့ အစဉ်အလာများကို ဆက်လက်ထိန်းသိမ်း၍ employee engagement ကို အဝေးမှအလုပ်လုပ်နေတဲ့အဖွဲ့သားများအတွက် မည်သို့ မြှင့်တင်ပေးနိုင်မလဲ?
ဒီနေရာမှာ အဓိကကျတာကတော့ employee engagement idea များကို လုပ်ဆောင်ချက်တစ်ခုအနေနဲ့ ရှုမြင်ခြင်းထက် နည်းဗျူဟာတစ်ခုအနေနဲ့ ပြောင်းလဲရှုမြင်တတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ပထမဦးဆုံး သင်ဖြေရှင်းမှုပြုလုပ်လိုတဲ့ ပြဿနာရပ်တစ်ခု (သို့) သင့်အနေနဲ့ ပြန်လည်တည့်မတ်ပေးလိုတဲ့ လုပ်ငန်းခွင်အစဉ်အလာတစ်ခုအကြောင်းကိုစဉ်းစားပါ။ ခေါင်းဆောင်သူပိုင်းမှ ပူပင်နေရတဲ့အကြောင်းအရာများ အချို့ကို နမူနာအဖြစ် ဖော်ပြရရင်တော့ -
- အဖွဲ့ဝင်များအကြား ဆက်သွယ်ပြောဆိုမှုများယိုယွင်းလာပြီလား? အချို့သောသူများမှ လုပ်ကိုင်ပေးနေတဲ့အရာများဟာ အခြားသောလုပ်ဖော်ကိုင်ဖက်များကဲ့သို့ ထုတ်ဖော်မပြတတ်သူများဖြစ်နေတဲ့အတွက် ဖြည်းဖြည်းမှေးမှိန်သွားနေပါသလား?
- လုပ်ငန်းခွင်ပင်ပန်းမှုများဖြစ်ပေါ်နေပြီး Work from home ပြုလုပ်ရခြင်းကြောင့် နေ့ရက်များဟာ ပျင်းရိငြီးငွေ့ဖွယ်အတိဖြစ်နေပြီလား?
- မိမိတို့ရဲ့နေရာချထားမှုနဲ့ အာရုံစူးစိုက်နေတဲ့အရာများဟာ အခက်အခဲများကိုဖြစ်ပေါ်နေစေပါသလား? ဦးဆောင်ဦးရွက်ပြုနေသူများဟာ လုပ်ငန်းစွမ်းဆောင်ရည်၊ အလုပ်ကိုဦးစားပေးခြင်းနဲ့ Project များအချိန်မှီပြီးမြောက်နိုင်ဖို့ကိုသာ အာရုံစိုက်နေပါသလား?
- သင့်အနေနဲ့ လက်ရှိစွမ်းဆောင်ရည်ကောင်းမွန်တဲ့ဝန်ထမ်းများကို လုပ်ငန်းခွင်အတွင်းဆက်လက်တည်မြဲမှုရှိနေဖို့ လွှမ်းမိုးထိန်းသိမ်းနိုင်စေဖို့ရာတွင် စိတ်ပူပင်ရမှုများရှိနေပါသလား?
သင်ဖြေရှင်းလိုတဲ့အခက်အခဲများကိုဖြစ်ပေါ်စေတဲ့ အရင်းခံအကြောင်းအရင်းများအပေါ်မူတည်၍ employee engagement ကိုဖြစ်ပေါ်စေနိုင်မည့် မတူကွဲပြားသော idea များကို ထုတ်ဖော်အသုံးချမှသာ သင့်လုပ်ငန်းအတွက်တိုးတက်မှုများကို ဖြစ်ပေါ်လာစေနိုင်မှာဖြစ်ပါတယ်။
Employee engagement activity များနဲ့ ဖြေရှင်းရမည့်အခက်အခဲများ ကိုက်ညီမှုရှိစေရန် ပြုလုပ်ခြင်း
Engagement ကိုဖြစ်ပေါ်စေနိုင်မည့် activity များကို သင်စတင်ပြုလုပ်နိုင်စေဖို့ အကြံဉာဏ်အချို့ ရရှိနိုင်စေရန် ရိုးရှင်းသော employee engagement idea နမူနာအချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
ပြောဆိုဆက်သွယ်မှုများ
အစည်းအဝေးတစ်ခု စတင်သည့်အချိန်တွင် ပါဝင်နေသောဝန်ထမ်းတိုင်းကို ထိုနေ့အတွက် မည်ကဲ့သို့သောကိစ္စရပ်များတွေ့ကြုံခဲ့ရသလဲဆိုသည်အား ပြောဆိုစေခြင်းဖြင့် စတင်လိုက်ပါ။ ဒါကမိနစ်ပိုင်းမျှသာ အချိန်ကြာမြင့်မှာဖြစ်ပြီး လူတိုင်းကို အပြုံးများ၊ တူညီသောစိတ်ဝင်စားမှုများနဲ့ စကားပြောစရာ အကြောင်းအရာအသစ်များကို ရရှိသွားစေနိုင်ပါတယ်။
ပင်ပန်းမှုများ
ပျော်ရွှင်မှုများကိုဆောင်ကြဉ်း၍ လူတိုင်းကို တစ်စုံတစ်ခုအကြောင်း စကားပြောဆိုခွင့်ပေးလိုက်ပါ။ Informal interaction များ ပြုလုပ်နိုင်စေဖို့အတွက် အချိန်အချို့ပေးထားပါ။
ပြန်လည်ချိန်ညှိမှုများ
ယခုအချိန်တွင် များစွာသောဝန်ထမ်းများတွေ့ကြုံနေရတဲ့ အခက်အခဲတစ်ခုကတော့ လုပ်ငန်းတာဝန်ရဲ့ တိကျပြတ်သားမှုမရှိခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် ကုမ္ပဏီများဟာ COVID ကာလအလွန်တွင် ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပါက ဒီအချက်ကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အမှန်တကယ်အလုပ်ပြီးမြောက်မှုရှိနိုင်တဲ့အခြေအနေနဲ့ သက်ဆိုင်ရာ ရာထူးနဲ့ တာဝန်များအလိုက် ပြန်လည်အကဲဖြတ်မှုများပြုလုပ်ပေးဖို့အတွက် Leader များကို အားပေးပါ။ ဒီအချက်က ဝန်ထမ်းများရဲ့အလုပ်ဟာ ကုမ္ပဏီရဲ့ ဦးတည်ချက်နဲ့ကိုက်ညီမှုရှိစေရန်သေချာစေမှာဖြစ်ပြီး ဝန်ထမ်းများရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အသိအမှတ်ပြုပေးနိုင်ဖို့လည်း အခွင့်အရေးရလာစေမှာဖြစ်ပါတယ်။
ဝန်ထမ်းများတည်မြဲမှုရှိစေရေး
စွမ်းဆောင်ရည်မြင့်မားသူဝန်ထမ်းများအဖို့ တိုးတက်မှုရှိနေဖို့နဲ့ဟာ အရေးကြီးလှပါတယ်။ လက်ရှိအခြေအနေကို ကောင်းစွာအသုံးချပြီး လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်သူများကို ပိုမိုအရေးပါတဲ့အလုပ်တာဝန်များ ခွဲဝေသတ်မှတ်ပေးကာ ရည်မှန်းချက်ပန်းတိုက်အသစ်များချမှတ်ပေးပါ။ ဒီအချက်ဟာ သင့်ကုမ္ပဏီအနေနဲ့ ကပ်ရောဂါကာလအတွင်း အပြောင်းအလဲများပြုလုပ်ဖို့လိုအပ်နေတဲ့ ယာယီလုပ်ငန်းပရောဂျက်များတွင် အထူးသဖြင့် အသုံးဝင်လာမှာဖြစ်ပါတယ်။
သင်ယူလေ့လာမှုများ
သင့်ဝန်ထမ်းများအနေနဲ့ သင်ယူလေ့လာမှုများကို အဆက်မပြတ်ပြုလုပ်လိုစိတ်ရှိလာစေရန်အတွက် virtual learning opportunity များကို ဖန်တီးပေးကာ ယခုအချိန်အတွင်း ကျွမ်းကျင်မှုအသစ်များကို တတ်မြောက်လာစေရန် အားပေးကူညီပါ။
သင့်ရဲ့ employee engagement ဖြစ်ပေါ်စေရန် ပြုလုပ်မည့် နည်းဗျူဟာများတွင် များစွာသော activity များကို ရောစပ်အသုံးချပေးပါ။ စိတ်အားတက်ကြွမှုကိုဖြစ်ပေါ်စေသော၊ တစ်စုံတစ်ခုသင်ကြားပေးနိုင်သော ဒါမှမဟုတ် ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ဆောင်ချက်များစွာကို ရောစပ်အသုံးချပေးရမှာဖြစ်ပါတယ်။ သင့်ရဲ့ engagement strategy ကို အချိန်ပေးပြင်ဆင်တည်ဆောက်ထားခြင်းအားဖြင့် သင့်ရဲ့ team အနေနဲ့ ပိုမိုကြာရှည်စွာတည်ရှိနေနိုင်စေမည့် စိတ်အားတက်ကြွထက်သန်မှုမျိုးကိုရရှိစေမှာဖြစ်ကာ COVID-19 ကာလအလွန် ပြန်လည်ထူထောင်မှုများလုပ်ဆောင်ချိန်အထိ ဖြတ်သန်းနိုင်ဖို့ ခွန်အားများရှိလာစေမှာဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Koe Koe Tech IT Social Enterprise
Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
Mo Asia Co.,Ltd
..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
Myanmar Unilink Co., Ltd
Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (10)
Frontier Technology Partners Pte. Ltd. (FTP)
Frontier Technology Partners Pte. Ltd (FTP) is a Singapore- and Myanmar registered software development and distribution company. Our Expertise: Financial transactions, Mobile Money, Mobile Banking, I...
Show the postings (1)
Min Zar Ni Group of Companies
The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)