Jobs In Myanmar
Load...

ရေရှည်တွင် Employee Engagement ကိုတည်ဆောက်နိုင်စေမည့်နည်းလမ်းများ (အပိုင်း - ၂)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Employee-Engagement-Management-JobsInYangon



ရေရှည်တွင် Employee Engagement ကိုတည်ဆောက်နိုင်စေမည့်နည်းလမ်းများ (အပိုင်း - ၂)

 

ရေရှည်အတွက် Employee Engagement (ဝန်ထမ်းများရဲ့ ပါဝင်ဆောင်ရွက်လိုစိတ်) ကို တည်ဆောက်နိုင်စေမယ့် အောက်ပါအကြံပေးချက်များကို သင့်အနေနဲ့ ထည့်သွင်းလုပ်ဆောင်ဖို့ရာ ခက်ခဲမှာမဟုတ်ပါဘူး။ လုပ်ငန်းနယ်ပယ်တစ်ခုစီ (ဧရိယာ) တစ်ခုစီတိုင်းတွင် အပေါင်းဘက်ကိုဆောင်တဲ့ အပြောင်းအလဲများ ပုံမှန်ဖြစ်ပေါ်ခြင်းအားဖြင့် သင့်ရဲ့ လုပ်ငန်းခွင်ကို engage ဖြစ်နေတဲ့လုပ်ငန်းခွင်တစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲပေးနိုင်မှာဖြစ်ပြီး ရလာဒ်အနေနဲ့ ပိုမို၍ ကုန်ထုတ်စွမ်းအားကိုတိုးတက်စေမှာပဲဖြစ်ပါတယ်။ အောက်ပါအချက် (၁၀) ချက်ကတော့ ဝန်ထမ်းများ ကို သင်နဲ့အတူအလုပ်လုပ်ရာတွင် ပျော်ရွှင်၊ တက်ကြွမှုရှိစေရန်အတွက် လုပ်ဆောင်သင့်သော Employee Engagement နည်းလမ်းများပဲဖြစ်ပါတယ်။ 

 

၆။ ကိစ္စရပ်များကို သေးငယ်သည်ဖြစ်စေ၊ ကြီးမားသည်ဖြစ်စေ ချီးမွမ်းခြင်း

အလွန်ခိုင်မာကောင်းမွန်တဲ့ management ရှိနေရင်တောင်မှ သင့်အနေနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ တစ်ဦးအကြားမှာ အသိအမှတ်ပြုလေးစားမှုများ လေးလေးနက်နက်ရှိနေစေဖို့ လိုလားမှာဖြစ်ပါတယ်။ ဒီအရာက အောင်မြင်မှုများရရှိသည့်အချိန်၊ အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့အချိန်များကိုဖော်ပြပေး တတ်ဖို့နဲ့ ကောင်းမွန်စွာဆောင်ရွက်နိုင်သူများကို အသိအမှတ်ပြုချီးမွမ်းပေးခြင်းကနေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီအရာကို လက်တွေ့ဘဝတွင် လုပ်ငန်းသဘောတူညီမှုတစ်ခုကို ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်တိုင်း အခြားသောအဖွဲ့ဝင်များက ချီးမွမ်းပေးခြင်း၊ ထောက်ခံကြောင်းပြသပေးတဲ့ GIF တစ်ခုနဲ့ Slack ပေါ်မှတဆင့် စာတိုပေးပို့ခြင်း၊ အပတ်စဉ် ဝန်ထမ်းအစည်းအဝေးများတွင် ထိုဝန်ထမ်းများကို ထုတ်ဖော်ပြောကြားခြင်း၊ သို့မဟုတ် အခြားသူများထက် ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့သူများကိုဖော်ပြပေးထားတဲ့ မှတ်စုများကို ဝေဌပေးခြင်း တို့အားဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။ 
လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးသူများကို ဘယ်လိုဖော်ထုတ်ပြသပေးရမလဲဆိုတာနဲ့ပတ်သက်ပြီး အလုပ်အမှုဆောင်များနဲ့ ဌာနခေါင်းဆောင်များ စဉ်းစားနိုင်သော နည်းလမ်းများစွာရှိနေပါတယ်။ ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့အောင်မြင်မှုများကို မျှဝေပြီး အခြားသူများထံကအသိအမှတ်ပြုခြင်းကို ရယူနိုင်ခြင်းကို အားပေးထားသင့်ပါတယ်။ 

 

၇။ ကောင်းမွန်တဲ့ ရုံးခန်းနေရာ 

တက်ကြွစွာပါဝင်လုပ်ဆောင်တတ်လုပ်ဝန်ထမ်းများရှိနေတဲ့ ကုမ္ပဏီတစ်ခုအတွက် မှန်ကန်တဲ့ ရုံးခန်းနေ ရာတစ်ခုဟာ ဘယ်လောက်အထိတန်ဖိုးရှိလဲဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ ဝန်ထမ်းအနည်းငယ် သာရှိတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ဆက်ဆံလာတာမျိုးကို ဘယ်သူကမှလိုလားမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ အိမ်မှာနေရသလိုခံစားရစေနိုင်မယ့် သက်တောင့်သက်သာရှိသော အထားအသို၊ ပတ်ဝန်းကျင်ရှိတဲ့နေရာတစ်ခုကို လိုလားကြမှာဖြစ်ပါတယ်။ 
သူတို့နှစ်သက်တဲ့ပုံစံကို ရွေးချယ်နိုင်စေရန်အတွက် ထိုင်ခုံနေရာထားသိုပုံအမျိုးမျိုးထဲက ရွေးချယ်ခွင့် ပေးလိုက်ပါ။ အားလုံးဟာတော့ ပူးပေါင်းဆောင်ရွက်မှုရှိစေမယ့် အထားအသိုမျိုးဖြစ်နေရပါမယ်။ 

 

၈။ အလုပ် - ဘဝ မျှခြေ 

လွန်ခဲ့သောနှစ်များအတွင်းက ပိုမိုကောင်းမွန်တဲ့ အလုပ်-ဘဝ မျှခြေကိုရရှိနိုင်စေဖို့အတွက် ကျွန်ုပ်တို့ ပြောကြားခဲ့သလိုပါပဲ။ စာရေးသူရဲ့အမြင်အရတော့ လုပ်ငန်းရှင်များအနေနဲ့ family – friendly ဖြစ်နေ သင့်ပြီးပေါ်လစီများ၊ စည်းမျဉ်းများကို ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အသိပညာတို့အပေါ် အခြေခံ၍ တည်ဆောက်သင့်ပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်က ဒီစနစ်ကို ကိုယ်ကျိုးအတွက် အသုံးချခဲ့ရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာကိုမူတည်၍ ရွေးချယ်ချမှတ်ခြင်းမပြုလိုက်ပါနဲ့။ ထိုအစား လိုက်လျောညီထွေစွာ၊ နားလည်မှုရှိရှိနဲ့ တည်ဆောက်ပါ။ 
ပေါ်လစီ စည်းမျဉ်းများဟာ အားလုံးအတွက် ကိုက်ညီမှုရှိစေရန် ဖန်တီးထားရပါမယ်။ ချွင်းချက်များ မထားပါနဲ့။ ဒီခေါင်းစဉ်အပေါ်ထားရှိတဲ့ ယနေ့ခေတ်ရဲ့အမြင်များဟာ ဝန်ထမ်းများဝင်ရောက်လာရန် အတွက် ဆွဲဆောင်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီက ဝန်ထမ်းများထံတွင်ဖြစ်ပေါ်လာမယ့် မည်သည့် ဘဝနေထိုင်မှုပုံစံအပြောင်းအလဲနဲ့မဆို ညှိနှိုင်းပေးနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ ဝန်ထမ်းများ ကို ကျွန်ုပ်တို့ရဲ့အလုပ်တွင် တည်မြဲနေစေလိုပါက ကျွန်ုပ်တို့အနေနဲ့ ဝန်ထမ်းများကိုလက်ခံပေးဖို့အတွက် စိတ်အားထက်သန်မှု ရှိနေရမှာပဲဖြစ်ပါတယ်။ 

 

၉။ အလုပ်ခွင်ပြင်ပ ပျော်ပွဲရွှင်ပွဲများ 

Employee Engagement အကြောင်းကိုပြောဆိုရာတွင် လုပ်ငန်းခွင်များတွင်လဲ ပျော်ရွှင်မှုကိုရရှိနိုင် တယ်ဆိုတာဟာ မေ့မထားသင့်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ဝန်ထမ်းများအနေနဲ့ ပို၍ ပို၍ကြိုးစား လုပ်ကိုင်နိုင်မှုရှိစေဖို့ကို ကျွန်ုပ်တို့က များစွာမျှော်လင့်ချက်များ ထားရှိထားပါတယ်။ ဒီအတွက် ကုမ္ပဏီ များအနေနဲ့ ထိုသို့ဖြစ်လာစေရန်အတွက် cross-functional activity များ၊ ပျော်ပွဲရွှင်ပွဲများနဲ့ ဝန်ထမ်းတစ်ဦးနဲ့ တစ်ဦး အစည်းအဝေးခန်းမများနဲ့ သာမန်လုပ်ထုံးလုပ်နည်းတွေမပါပဲ ရင်းနှီးမှုရှိလာ စေဖို့အတွက် လုပ်ဆောင်ပေးသင့်ပါတယ်။ 
လုပ်ဖော်ကိုင်ဖက်များကို အတူအလုပ်လုပ်နေကြတဲ့အတွက် သင့်မြတ်အောင်ပေါင်းသင်းရမယ့်သူများ ဖြစ်တယ်လို့ မမှတ်ယူပဲ ထိုအစား သူတို့နဲ့ဆက်ဆံရေးများတည်ဆောက်လိုက်တဲ့အတွက် အလုပ်က ပိုမိုပြီးချောမွေ့သွားစေမှာပဲဖြစ်ပါတယ်။ ဒီပျော်ပွဲရွှင်ပွဲများနဲ့ အကျိုးခံစားခွင့်များကို ဖန်တီးပြုလုပ်ပေး ရာတွင် ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ အဖွဲ့အစည်းအတွင်း ရှိနေသူများရဲ့ စိတ်ဓါတ်ရေးရာ အခြေအနေနဲ့ ယျေ ဘူယျယဉ်ကျေးမှုအမြင်တို့အပေါ် သေချာစွာထည့်သွင်းစဉ်းစားပြီး ဘယ်လိုအရာတွေက သင့်ထံတွင် ရှိနေတဲ့သူများကို ပိုမို၍နီးကပ်မှုရှိလာစေနိုင်သလဲဆိုတာကို စဉ်းစားရွေးချယ်ပေးသင့်ပါတယ်။  

 

၁၀။ အသုံးဝင်သော အကျိုးခံစားခွင့် package (benefit package) များ 

ဒီအရာက အခြေခံကျလွန်းတယ်လို့ထင်ရသော်လဲ အရေးပါတဲ့အရာတစ်ခုလဲဖြစ်နေပြန်ပါတယ်။ သင် လုပ်ပေးထားတဲ့ အာမခံကြေးများ၊ ရုံးခန်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာများ၊ သင့်ရဲ့ အားလပ်ရပ် ပေါ်လစီစည်းမျဉ်းများ၊ အစရှိတဲ့အရာတွေအားလုံးဟာ မျှတမှုရှိနေဖို့လိုအပ်ပါတယ်။ အလုပ်လျှောက် ထားလာတဲ့သူများအဖို့ ဒီဆုံးဖြတ်ချက်များဟာ သင့်အနေနဲ့ သူတို့ကို လုပ်ငန်းခွင်အတွင်း ဘယ်လို ဆက်ဆံနိုင်သလဲဆိုတာကို ပြသနေတဲ့အချက်များဖြစ်ပြီး ဒီအရာက ဝန်ထမ်းများအပေါ် ပြန်လည်ရင်းနှီး မြှပ်နှံပေးခြင်းအပေါ် သင်ထားရှိတဲ့ သဘောထားကိုလဲ ပြသနေပါတယ်။ 

အခြေခံအရာတွေအတွက်ကိုတောင်မှ ဝန်ထမ်းများအနေနဲ့ ပူပင်သောကရောက်နေရမယ်ဆိုပါက ကုမ္ပဏီအပေါ် ယုံကြည်မှုများပျောက်ဆုံးလာနိုင်ပါတယ်။ ဒီအရာများဟာ သူတို့အနေနဲ့ ရင်ဆိုင်ဖြေရှင်း ဖို့မလိုတဲ့၊ စိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေတဲ့အရာတွေဖြစ်သလို၊ ဒီအရာများဟာ သူတို့အနေနဲ့ ကြောက်နေဖို့ (သို့) သူတို့တစ်ဦးချင်းရင်ဆိုင်ဖြေရှင်းဖို့မလိုတဲ့ကိစ္စရပ်များလဲဖြစ်နေပါတယ်။ သင့်အနေနဲ့ တက်နိုင်သမျှ ရက်ရောစွာပေးကမ်းပြီး အနာဂါတ်အတွက်ကိုလည်းအမျှော်အမြင်ရှိစွာ ပြုမူနေထိုင်သင့်ပါကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ Article ကိုဖတ်ရှုပြီးနောက် လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းများကြီးပွားတိုးတက်မှုရှိစေရန် အတွက် ဝန်ထမ်းများရဲ့ engagement ကိုရရှိနိုင်ရန်အတွက် မည်သို့လုပ်ဆောင်ရမည်ကို သိရှိနိုင်မယ်လို့မျှော်လင့်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
SUPER SEVEN STARS CO., LTD

SUPER SEVEN STARS CO., LTD

We aspire to be the most successful retailer of automobiles by providing the best customer experience in every market we operate.By 2015, Super Seven Stars Co., Ltd is representing Kia, Peugeot, Ssang...
Show the postings (71)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS