by www.jobsinyangon.com
Tags: Knowledge-Recruitment-Talent-Organizations-JobsInYangon
Employee Experience: Talent များကို ထိန်းသိမ်းထားခြင်း/ Organization များအနေနဲ့ ကျော်ဖြတ်ရမည့် အခက်အခဲတစ်ခု
ယခုအချိန်တွင် နည်းပညာများကိုအသုံးပြု၍ ကုမ္ပဏီများတွင် Employee Experience ကို တိုင်းတာခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်လာကြပြီပဲဖြစ်ပါတယ်။ Infoempleo နဲ့ Adecco တို့မှ စပိန်နိုင်ငံရှိ အလုပ်ဈေးကွက်အတွင်း အလုပ်ရရှိနိုင်မှုနှင့် အလုပ်လိုအပ်မှုတို့အပေါ် စစ်တမ်းကောက်ယူခဲ့မှုများအရ ဝန်ထမ်းများအလုပ်မှထွက်ခွာခြင်း (Turnover) နှုန်းဟာ ၂၁% မှ ၃၈% အထိရှိခဲ့ကြပြီး အများစုမှာ လက်ရှိကုမ္ပဏီတွင် သက်မွေးဝမ်းကျောင်းမှုလမ်းကြောင်း တိုးတက်မှုရှိနိုင်ဖို့လမ်းမမြင်တဲ့အတွက်၊ ပိုမိုမြင့်မားတဲ့လစာငွေကို လိုချင်ကြတဲ့အတွက် အစရှိတဲ့အကြောင်းအမျိုးမျိုးကြောင့် အလုပ်မှ မိမိသဘောဆန္ဒအလျှောက် Resign ပြုလုပ်ခဲ့ကြတာကိုတွေ့ရှိခဲ့ရပါတယ်။ စပိန်နိုင်ငံရှိ Corporate Culture ဟာ လတ်တလောနှစ်များအတွင်း ပြောင်းလဲမှုများရှိလာခဲ့ပြီး Organization များအနေနဲ့ talent များကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ကုမ္ပဏီများဟာ ပိုမို၍ဆွဲဆောင်မှုရှိပြီး ပြောင်းလဲရလွယ်ကူကာ ဒေတာအချက်အလက်များပြည့်စုံစွာဖြင့်တည်ဆောက်ထားတဲ့ HR platform များပေါ်တွင် ယခင်ကထက်ပို၍ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လာကြရပါတော့တယ်။
နောက်ဆုံးရရှိထားတဲ့ ကိန်းဂဏ္ဍန်းများအရ စစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့တဲ့ ကုမ္ပဏီများအနက်မှ ၄၀% မှာ ဝန်ထမ်းများရဲ့ စိတ်ကျေနပ်မှုရရှိခြင်းကိုတိုင်းတာနိုင်မယ့်အကူကိရိယာများမရှိကြတာကို တွေ့ရှိခဲ့ရပါတယ်။ သို့သော် အများစုသောကုမ္ပဏီများက ဒီသို့သော Tool များကို သူတို့ရဲ့ Talent Management Solution တစ်ခုအနေနဲ့ ရယူလိုစိတ်ရှိကြတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ယနေ့ခေတ်တွင် စပိန်နဲ့ အခြားသော ဥရောပနိုင်ငံများတွင် လူသားအရင်းအမြစ်များကို စီမံခန့်ခွဲမှုပြုလုပ်ရာ၌ ရှေ့ဆုံးမှရပ်တည်နေလိုသောကုမ္ပဏီတိုင်းဟာ BI ဟုခေါ်ဆိုသည့် မန်နေဂျာများကို အချိန်နဲ့တပြေးညီ အချက်အလက်များပြသပေးနိုင်ပြီး up-to-date ဖြစ်နေတဲ့အချက်အလက်များကိုအသုံးပြု၍ ဆုံးဖြတ်ချက်များချမှတ်နိုင်စေမယ့် Tool တစ်ခုကို လိုအပ်မှာဖြစ်ပါတယ်။
Digital transformation project များကို အောင်မြင်စွာထည့်သွင်းတည်ဆောက်လိုစိတ်ရှိတဲ့ကုမ္ပဏီတိုင်းဟာ သူတို့ရဲ့ အတွေးအမြင်များကို ပြောင်းလဲပစ်ဖို့လိုအပ်နေပါပြီ။ ဒီကဲ့သို့သော solution မျိုးဟာ ကျွန်ုပ်တို့ ထည့်သွင်းတည်ဆောက်ထားခဲ့တဲ့၊ ထားနေဆဲဖြစ်တဲ့နည်းလမ်းများမှ များစွာကွဲထွက်နေပါတယ်။ ယခုအခါမှာ ဝန်ထမ်းများကို မိမိတို့ရဲ့ Customer များကဲ့သို့ပင် မှတ်ယူထားရမှာဖြစ်ပြီး သူတို့ဟာ ကုမ္ပဏီရဲ့ မဟာဗျူဟာများတွင် အဓိကအာရုံစိုက်ခံရတဲ့ အချက်တစ်ချက်ဖြစ်၍လာပြီပဲဖြစ်ပါတယ်။
HR professional များ၏ လက်ခံခြင်း
Digital transformation project များကို HR professional များမှ အထောက်အကူပြု၍ကူညီပေးမှသာ အောင်မြင်မှုများကိုရရှိနိုင်မည်ကို မှတ်သားထားဖို့ အရေးကြီးပါတယ်။ ဒီကဲ့သို့ ထပ်တလဲလဲ လုပ်ဆောင်ရတဲ့ ကိစ္စရပ်များကို အလိုအလျှောက်လုပ်ဆောင်စေခြင်း (automated) ပြုလုပ်ပေးလိုက်တဲ့အခါမှာ HR professional များအနေနဲ့လည်း ပိုမို၍စဉ်းစားတွေးခေါ်ဖို့လိုအပ်တဲ့အလုပ်များအပေါ် အာရုံစူးစိုက်၍ လုပ်ဆောင်လာကြစေနိုင်မှာပဲဖြစ်ပါတယ်။
လက်ရှိဈေးကွက်အတွင်းတွင် Provide ပြုလုပ်ပေးနေတဲ့ အဆိုပါ solution များတွင် အားသာချက်များစွာလည်း ရှိနေပြီး အဓိကအားဖြင့် ဧရိယာ (၃) ခုတွင် အကျိုးဖြစ်ထွန်းမှုများကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
- Productivity (ကုန်ထုတ်လုပ်မှုစွမ်းရည်) မြင့်မားမှုရှိလာခြင်း။ ဥပမာ - သာမန်ထပ်တလဲလဲပြုလုပ်ရတဲ့ အလုပ်များနဲ့ လုပ်ငန်းစဉ်များကို Software များအကူအညီဖြင့် အလိုအလျှောက်ပြုလုပ်သွားစေခြင်း။
- ပိုမိုနည်းပါးလာမည့် ကုန်ကျစားရိတ်များ။ ဥပမာ - အသုံးပြုရမည့် ပစ္စည်းများလျော့နည်းလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ လျော့နည်းလာခြင်း။
- အမြတ်ငွေရရှိမှုများ မြင့်မားလာခြင်း။ အထက်ပါ အချက် (၂) ချက်၏ ရလာဒ်အနေဖြင့် ဒီအရာဟာ အလိုအလျှောက်ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။
ဒီအရာဟာ ကွင်းဆက်အနေနဲ့ဖြစ်ပေါ်လာမယ့်လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီကဲ့သို့သော နည်းပညာဆိုင်ရာ Solution များကို ထည့်သွင်းအသုံးပြုဖို့ ကြိုးပမ်းတဲ့အခါမှာ HR professional များကိုသာမက ဝန်ထမ်းများ အားလုံးကို အကျိုးဖြစ်ထွန်းစေမှာပဲဖြစ်ပါတယ်။
ထိုမျှကြီးမားသော Digital Transformation Project တစ်ခုရဲ့အောင်မြင်မှုကို ဝန်ထမ်းများအနေနဲ့ ပေးအပ်ထားတဲ့ tool များကို အမှန်တကယ်အသုံးပြုခြင်း ရှိ/ မရှိ၊ ပိုမို၍ အမှီအခိုကင်းလာခြင်း ရှိ/ မရှိနဲ့ ဒီလိုဝန်ထမ်းများအမှီအခိုကင်းလာတဲ့အတွက်ကြောင့် မန်နေဂျာများအနေနဲ့ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပိုမို၍ရိုးရှင်းလာစေခြင်း ရှိ/ မရှိတို့အပြင် အဆုံးသတ်တွင် HR professional များအနေနဲ့လည်း အခြားပိုမို၍ အရေးကြီးသောအလုပ်များကို လုပ်ကိုင်နိုင်ရန်အတွက် အချိန်များအားလပ်လာခြင်းရှိ/ မရှိတို့ကိုလေ့လာကြည့်ရှုခြင်းအားဖြင့် တိုင်းတာနိုင်မှာဖြစ်ပါတယ်။
ရည်ရွယ်ချက်မှာ HR department နဲ့ ဝန်ထမ်းများကို နည်းဗျူဟာရဲ့အဓိကကျတဲ့ ဗဟိုချက်တစ်ခုအနေနဲ့ ထားရှိသတ်မှတ်ပြီး လူတိုင်းကို သူတို့လုပ်ဆောင်ရန်လိုအပ်တဲ့ တာဝန်များကိုပေးနိုင်ဖို့ - ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့အလုပ်များအပေါ်တွင် အာရုံစိုက်နိုင်ပြီး HR professional များအနေနဲ့လည်း ရိုးရှင်းသော ဒေတာအချက်အလက်များကို ကောက်ယူခြင်းနှင့် စီစဉ်ခြင်းတို့ကို ပြုလုပ်နေရမည့်အစား အကဲဖြတ်စစ်ဆေးမှုများကိုပြုလုပ်ရန် အာရုံစိုက်လာနိုင်မှာပဲဖြစ်ပါတယ်။
ယနေ့ခေတ်တွင် လူသားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းများကို စီမံခန့်ခွဲမှုပြုလုပ်ရာတွင် ရှေ့ဆုံးတွင်သာ ရှိလိုကြမှာဖြစ်ကြတဲ့ ကုမ္ပဏီတိုင်းဟာ မန်နေဂျာများရဲ့ အလိုအလျှောက်အလုပ်လုပ်နိုင်စွမ်းကို ကူညီအားဖြည့်ပေးနိုင်မည့် BI များကို မရှိမဖြစ်လိုအပ်လာပြီပဲဖြစ်ပါတယ်။
ဒီ solution များဟာ ကောင်းမွန်စွာထည့်သွင်းအသုံးချနိုင်ခဲ့ပြီး သင့်လျှော်သောအပြောင်းအလဲစီမံခန့်ခွဲမှု ပရောဂျက်များကို ပြုလုပ်ပေးနိုင်ခြင်းရှိပါက လူများနဲ့ talent များကို စီမံခန့်ခွဲရာတွင် ပိုမို၍ရိုးရှင်းလွယ်ကူမှု ရှိလာစေရန်အတွက် များစွာအထောက်အကူဖြစ်လာစေနိုင်ပါတယ်။
ဆုံးဖြတ်ချက်များပြုလုပ်ခြင်း
အစပိုင်းတွင် ကျွန်တော်တို့ပြောဆိုခဲ့သလိုပဲ ကုမ္ပဏီများအနေနဲ့ talent များကို ရှာဖွေခြင်းနှင့် ထိန်းသိမ်းမှုများပြုလုပ်ခြင်းတို့တွင် အခက်အခဲများနဲ့ရင်ဆိုင်နေကြရတဲ့အတွက် Turnover rate များဟာလည်း မြင့်တက်လျှက်ရှိနေပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ် (Decision Making Process) အပေါ်တွင် ထိခိုက်မှုများရှိလာနိုင်ပါတယ်။ လုပ်ငန်းများအနေနဲ့ ဆုံးဖြတ်ချက်များကိုပိုမို၍မြန်ဆန်စွာပြုလုပ်လာနိုင်ဖို့ လိုအပ်နေပြီဖြစ်ပြီး ဒီလိုဆုံးဖြတ်ချက်များကို မြန်ဆန်စွာချမှတ်နိုင်ရန်အတွက်မှာ Digital environment များလိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းများအတွက် HR Portal များကဲ့သို့သော ဗဟိုထိန်းချုပ်မှုရှိတဲ့ လုပ်ငန်းစဉ်များကို ပိုမို၍ရိုးရှင်းလွယ်ကူစေမည့် ဖြေရှင်းနည်း (solution) များကိုလည်းလိုအပ်မှာဖြစ်ပါတယ်။ HR department များအနေနဲ့လည်း သူတို့ကိုအချိန်နဲ့တပြေးညီ ဒေတာအချက်အလက်များကိုထောက်ပံ့ပေးနိုင်သလို နားလည်ရလွယ်ကူသော ဇယားကွက်များနဲ့ ပြသပေးမယ့် BI tool များကိုလိုအပ်မှာဖြစ်ပါတယ်။ ထို့အပြင် BI ဟာ ဒေတာများကို အကဲဖြတ်လေ့လာမှုများကိုလည်း Global level တွင်သာမက၊ ဒေသအလိုက်လည်းပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်၊ ဥပမာအားဖြင့် - စပိန်နိုင်ငံ၊ Madrid မြို့တွင်အခြေစိုက်ထားတဲ့ ကုမ္ပဏီတစ်ခုရဲ့ ဗဟို HR ဌာနဟာ Italy နိုင်ငံ၊ Milan မြို့ရှိ ဝန်ထမ်းတစ်ဦးရဲ့ အလုပ်မှခွင့်ယူခြင်းနဲ့ပတ်သက်တဲ့ ဒေတာအသေးစိတ်ကို လှမ်း၍ကြည့်ရှုနိုင်မှာဖြစ်သလို၊ အမြင့်မားဆုံး turnover နှုန်းများကိုကြည့်ရှုခြင်းနှင့် ဝန်ထမ်းခေါ်ယူဌားရမ်းမှုအတွက် လိုအပ်ချက်များကိုခန့်မှန်းနိုင်ခြင်း သို့မဟုတ် သတ်မှတ်ထားတဲ့နိုင်ငံအတွင်းရှိရုံးခွဲမှ ဝန်ထမ်းများဟာ ဘာကြောင့် အခြားနေရာတစ်ခုမှ ရာထူးတူညီသော ဝန်ထမ်းများထက် လုပ်ငန်းစွမ်းဆောင်ရည်လျော့ကျနေရသလဲဆိုသည့်အရာများကိုလည်း စစ်ဆေးမှုများပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။
ဒီလိုပြုလုပ်နိုင်လာခြင်းဟာ ယခုအခါတွင် ပုံမှန်တွေ့မြင်နေကျအရာတစ်ခုဖြစ်နေပြီဖြစ်သော်လည်း လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကမူ ဒီလိုမျိုးလုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာကို တွေးကြည့်၍တောင်မရခဲ့ပါဘူး။ နည်းပညာအသစ်များဖြစ်တဲ့ Artificial Intelligence (AI) နဲ့ Chatbots များဟာလည်း ဝန်ထမ်းများကို သူတို့ရဲ့ Professional ဆန်သော ဘဝများတွင်နှင့် HR များရဲ့မေးခွန်းများ၊ တောင်းဆိုမှုများကို စီမံနိုင်စေရန်အားပေးကူညီပေးနိုင်ပါတယ်။ ဒီအရာက HR professional များအတွက် အချိန်ပို၍ထွက်လာစေမှာဖြစ်ပြီး HR အတွက် မရှိမဖြစ်လိုအပ်တဲ့ အလုပ်များကို ပိုမို၍အာရုံစိုက်လာစေနိုင်မှာပဲဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Ideal Future Co., Ltd.
..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)
Synergy Plus Co., Ltd
Vision - To be one the Leading Construction Companies
Mission - To provide our High Quality Services First after SAFETY
Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Power Light Co.,Ltd
...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (6)
I.E.M Co., Ltd.
Vision
“ One Stop Solution for Power, Generation, Drive & Control”
Mission
* Deliver quality products & services by meeting customer needs and
expectations.
* Dedicated with applicab...
Show the postings (1)
Victory Myanmar Group Co., Ltd.
..The Victory Myanmar Group (VMG) was created in 2009 based on organic growth and the acquisition of Mandalay Rum which was established in 1886 which now sells over 1.8 million cartons per year. Our p...
Show the postings (1)