Jobs In Myanmar
Load...

Do You Have a Growth Mindset or a Fixed Mindset? Here’s Why It Matters at Work

by www.jobsinyangon.com


Tags: Employee-Knowledge-Mindsets-HR-JobsinYangon



သင့်မှာ တိုးတက်ကြီးပွါးချင်သော စိတ်(Growth Mindset)ရှိပါသလား  သို့မဟုတ် ပုံသေတွေးခေါ်တတ်သော စိတ်(Fixed Mindset) ရှိပါသလား။

 

လုပ်ငန်းခွင်မှာ အဲ့ဒီတွေးခေါ်ပုံတွေက ဘာ့ကြောင့်အရေးပါသလဲဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

သင့်အနေနဲ့ အပြုသဘောဆောင်တဲ့ဝေဖန်ပြောဆိုမှုတွေကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ သဘောထားတတ်ပါသလား သို့မဟုတ် တိုးတက်ဖို့အတွက် အခွင့်အရေးတစ်ခုလို့ မှတ်ယူပါသလား။ ကျရှုံးမှုတွေက သင့်ရဲ့ကြိုးစားချင်စိတ်ကို ပျောက်ဆုံးစေပါသလား သို့မဟုတ် သင့်ကိုပိုကောင်းအောင်ကြိုးစားဖို့အတွက် တိုက်တွန်းအားပေးပါသလား။ သင်ဒီမေးခွန်းတွေကို ဖြေဆိုပုံက သင့်ရဲ့တွေးခေါ်ပုံ(စိတ်နေစိတ်ထား)ကိုသိရှိနိုင်ဖို့အတွက် အရမ်းအရေးကြီးတဲ့ သဲလွန်စတွေဘဲ ဖြစ်ပါတယ်။

 

ပုံသေတွေးခေါ်တတ်သောစိတ် နှင့် တိုးတက်ကြီးပွါးချင်သောစိတ်

ပုံသေတွေးခေါ်တတ်သောစိတ် ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အကျင့်စရိုက် နဲ့ တီထွင် ဖန်တီးနိင်စွမ်းတို့ဟာ မွေးရာပါဘဲဖြစ်ပြီး များသောအားဖြင့် ပြောင်းလဲလို့မရနိုင်ဘူးဆိုတဲ့ အယူအဆဘဲဖြစ်ပါတယ်။ တိုးတက်ကြီးပွါးချင်သောစိတ် ကတော့ ကျွန်တော်တို့ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေမှာ ရှိနေတဲ့ လိုအပ်ချက်တွေကို တိုးတက်အောင်မြင်ဖို့အတွက် အခွင့်အရေးကောင်းတွေလို့ဘဲ မြင်ပါတယ်။ တိုးတက်ကြီးပွါးချင်သောစိတ် ဆိုတာကတော့ လုံ့လစိုက်ထုတ်မှု၊ လေ့ကျင့်သင်ယူမှုနဲ့ စိတ်ပိုင်းဖြတ် နိုင်မှုတွေ ရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်တိုးပွါးအောင် လုပ်လို့ရတယ်ဆို တဲ့ ယုံကြည်မှုဘဲ ဖြစ်ပါတယ်။

 

တိုးတက်ကြီးပွါးချင်သောစိတ်က သင့်ကို လုပ်ငန်းခွင်မှာအောင်မြင်အောင် ကူညီပေးနိုင်ပုံ

တိုးတက်ကြီးပွါးချင်သောစိတ်ရှိမယ် ဆိုရင် သင်ဟာ တိုးတက်မှုတွေကို လက်ကမ်းကြိုဆိုပြီး သင့်အနေနဲ့ လက်ရှိထပ် ပိုကောင်းအောင် ပိုတော်အောင် လုပ်နိုင်တယ်လို့ ယုံကြည်နေမှာဖြစ်ပါတယ်။ အဲ့ဒီအရည်အချင်းတွေဟာ လုပ်ငန်းခွင်မှာ  အရမ်းကို အရေးပါတဲ့အရည်အချင်းတွေဘဲ ဖြစ်ပါတယ်။

သင့်ရဲ့စိတ်သဘောထားဟာ သင်အနေနဲ့ အကြံပြုသုံးသပ်ချက်တွေကို ဘယ်လိုတုံ့ပြန်လဲဆို တာတင် မကဘဲ သင့်ရဲ့ ပရောဂျက်အသစ်တွေကို လုပ်ကိုင်ရန်စိတ်အားထက်သန်မှု နဲ့ သင့်ဝန်ထမ်းတွေကို စီမံခန့်ခွဲအုပ်ချုပ်ပုံတွေအထိပါ သက်ရောက်မှုရှိနိုင်ပါတယ်

ဥပမာ-  အကယ်၍ သင်ဟာ သင့်ရဲ့ တိုက်ရိုက်အစီရင်ခံစာတွေကို Fixed Mindset နဲ့ ကိုင်တွယ်စီမံမယ်ဆိုရင် သင်အနေနဲ့သင့်ဝန်ထမ်းတွေဟာ ဒီထက်ပိုပြီးတိုးတက်လာနိုင် တယ်လို့ ထင်မှာမဟုတ်တဲ့အတွက် သူတို့ကိုစိန်ခေါ်မှုအသစ်တွေပေးမှာ မဟုတ်တော့ပါဘူး ။ ဒါပေမယ့် သင့်မှာ Growth Mindset သာရှိမယ်ဆိုရင်တော့ သင့်ရဲ့အဖွဲ့ကို အပြုသဘော ဆောင်တဲ့ အကြံပြုချက်တွေ ပေးမှာဖြစ်ပြီး သူတို့ရဲ့ Career တိုးတက်လာဖို့အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးမှာဖြစ်ပါတယ်။

Growth Mindset ကိုရရှိနိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုကတော့ တစ်ခုခုကို သင်ချက်ချင်းဘယ်လို တုန့်ပြန်တတ်သလဲဆိုတာကိုနဲ့ ပါတ်သက်ပြီး မိမိကိုယ်ကို မေးခွန်းထုတ်ခြင်းဘဲဖြစ်ပါတယ်။ အကြံပြုချက်တွေကို ခုခံကာကွယ်တဲ့သဘောမျိုးနဲ့ တုံ့ပြန်တတ်ပါသလား။ တိုးတက်ဖို့အခွင့်အရေးကောင်းတစ်ခုကို တန်ဖိုးထားတတ်ပါသလား သို့မဟုတ် သင့်ရဲ့ Comfort Zone မှာဘဲ ကပ်တွယ်နေတတ်ပါသလား။

Fixed Mindset နဲ့ Growth Mindset တို့ရဲ့ ခြားနားချက်တွေကို ထောက်ပြပေးနိုင်နဲ့ နည်းလမ်းအချို့ကတော့ အောက်ပါအတိုင်းဘဲဖြစ်ပါတယ်။

 

စွမ်းရည်(ကျွမ်းကျင်မှု)

Fixed mindset: စွမ်းရည်(ကျွမ်းကျင်မှု)တွေက သတ်မှတ်ထားပြီးသားဖြစ်ပြီး ပြောင်းလဲလို့ မရနိုင်ပါ။
Growth mindset: ကြိုးစားမှု၊လုံ့လစိုက်ထုတ်မှု နဲ့ လေ့ကျင့်မှုတွေ ရှိမယ်ဆိုရင် စွမ်းရည်(ကျွမ်းကျင်မှု) အသစ်တွေကို သင်ယူနိုင်ပါတယ်။

 

အကြံပြုချက်

Fixed mindset:  အကြံပြုချက်တွေက ဝေဖန်အပြစ်တင်မှုတွေဘဲဖြစ်ပြီး ကျရှုံးခြင်းရဲ့ အမှတ်အသားတွေဘဲ ဖြစ်ပါတယ်။
Growth mindset: အကြုံပြုချက်တွေက ပိုမိုတိုးတက်ကောင်းမွန်လာဖို့အတွက် အခွင့်အလမ်းတွေဘဲဖြစ်ပါတယ်။

 

ယှဉ်ပြိုင်မှု

Fixed mindset: အခြားသူတွေရဲ့ အောင်မြင်မှုတွေက မနာလိုကြောက်ရွံ့မှေုတွေကိုဖြစ် စေတယ်။
Growth mindset: အောင်မြင်တဲ့သူတွေ သို့ လုပ်ငန်းတွေက စိတ်ခွန်အားပေးတယ်။

 

ကျရှုံးမှု

Fixed mindset: ကျရှုံးတယ်ဆိုတာ သင်အသုံးမကျလို့သာဖြစ်တယ်။
Growth mindset: ကျရှုံးမှုဆိုတာ သင့်ရဲ့အမှားတွေကနေသင်ခန်းစာယူပြီး နောက်တစ်ကြိမ် ကြိုးစားဖို့အခွင့်အရေးသာဖြစ်တယ်။

 

စိန်ခေါ်မှုများ

Fixed mindset: ခက်ခဲတဲ့အလုပ်တွေ စိန်ခေါ်မှုတွေကို ရှောင်ပါ။
Growth mindset: စိန်ခေါ်မှုတွေကို သင်ယူတိုးတက်ဖို့အတွက် အခွင့်အရေးတွေအဖြစ်တန်ဖိုးထားပါ။

 

အသိပညာ

Fixed mindset: တစ်ခုခုကို မသိပါက ဝန်ခံဖို့ကြောက်ရွံ့နေတယ်
Growth mindset: - မသိပါဘူး ဝန်ခံရဲပြီး သင်ယူဖို့စိတ်အားထက်သက်တယ်။

 

အောင်မြင်မှု

Fixed mindset: မွေးရာပါ စွမ်းရည်တွေက အောင်မြင်မှုကို သတ်မှတ်ပေးတယ်။
Growth mindset: အလုပ်လုပ်တဲ့ အကျင့်နဲ့ လုံ့လက အောင်မြင်မှုကိုဖြစ်စေတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS