by www.jobsinyangon.com
Tags: News-Employee-Retention-Ideas-JobsInYangon
ဝန်ထမ်းများအလုပ်မှထွက်ခွာမှုနှုန်းကို လျှော့ချနိုင်စေမည့် Employee Retention အတွက် အကြံပြုချက် (၅) ချက်
ဝန်ထမ်းများဟာ ကုမ္ပဏီတစ်ခုအတွက် လူ့ခန္ဓာကိုယ်မှ အစားအစာကိုလိုအပ်သကဲ့သို့ပင် မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်တစ်ခုပဲဖြစ်ပါတယ်။ ထူးခြားကောင်းမွန်မှုရှိတဲ့ ဝန်ထမ်းများဟာ သင့်ရဲ့လုပ်ငန်းအတွက် ရေရှည်တွင် အောင်မြင်မှုများကိုဖြစ်ပေါ်လာစေနိုင်ပြီး ယှဉ်ပြိုင်မှုများပြုလုပ်ရာတွင် သိသာတဲ့အားသာချက်ကိုရရှိစေနိုင်မှာဖြစ်ပါတယ်။
အကောင်းဆုံးအရည်အချင်းရှိတဲ့ဝန်ထမ်းများကို ရှာဖွေရခြင်းနှင့် ဌားရမ်းခေါ်ယူနိုင်ဖို့ ပြုလုပ်ရခြင်းဟာ အပြိုင်အဆိုင်ပြုလုပ်နေရတဲ့တိုက်ပွဲရဲ့ တစ်ဝက်ခန့်သာရှိသေးကြောင်းကို ယနေ့ခေတ် HR professional များအနေနဲ့လည်း ကောင်းစွာသဘောပေါက်ကြမယ်လို့ ထင်မြင်မိပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ထံမှ ထင်ပေါ်ကျော်ကြားတဲ့ ဝန်ထမ်းများကို နှစ်အနည်းငယ်ကြာတိုင်းပြန်လည်အစားထိုးနေရပါက သင့်ရဲ့ကုမ္ပဏီအတွင်း ဝန်ထမ်းများတည်မြဲနေစေဖို့ကို အထောက်အကူဖြစ်စေမယ့် Employee Retention ကိုဖြစ်စေနိုင်မည့် အကြံအစည်အသစ်များကို ရှာဖွေကြံဆပေးဖို့တော့ လိုအပ်နေပြီပဲဖြစ်ပါတယ်။
ဒီအတွက် ယခုတစ်ခေါက်ဆောင်းပါးလေးမှာတော့ လူကြီးမင်းတို့ရဲ့ကုမ္ပဏီအတွင်း အလုပ်ထွက်နှုန်းကိုလျော့ကျလာစေနိုင်ဖို့အတွက် ထိရောက်မှုရှိတဲ့ Employee Retention Strategy (၅) ခုကိုတင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ယခုဖော်ပြပေးသွားမည့်အကြံပြုချက်များဟာ အခြေခံစိတ်ပညာသဘောတရာများကို ထည့်သွင်းပေါင်းစပ်ထားတဲ့အတွက် မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို လိုက်နာကျင့်သုံးနိုင်တဲ့အကြံပြုချက်များဖြစ်ကြပါတယ်။
Employee Retention အတွက် တစ်မူထူးခြားသော အကြံပြုချက် (၅) ချက်
အဆိုးမြင်တတ်သူတစ်ဦးရဲ့အမြင်နှင့်ကြည့်ရှုလိုက်ရင်တော့ ယနေ့ခတ် workforce ရဲ့ အလုပ်မှအလွယ်တကူထွက်ခွာတတ်ခြင်းကို စိတ်မရှည်ခြင်း/ သီးမခံနိုင်ခြင်း (သို့) ကုမ္ပဏီအပေါ် သစ္စာမရှိခြင်းဟု မှတ်ယူနိုင်သော်လည်း အခြားတစ်ဖတ်တွင်တော့ ထိုသူတို့ဟာ သူတို့ရဲ့ လုပ်ငန်းခွင်အတွင်းမှ ဘဝများကို သူတို့ရဲ့ကိုယ်ပိုင် value များနဲ့ ကိုက်ညီတဲ့ကုမ္ပဏီများတွင်သာ တစိုက်မတ်မတ်လုပ်ကိုင်လိုကြတာဖြစ်တယ်လို့ မှတ်ယူ၍လည်းရနိုင်ပါတယ်။ အဆိုပါ value များကို နားလည်သဘောပေါက်ပြီး လေးစားမှုလည်းရှိတဲ့ Corporate လုပ်ငန်းကြီးများရဲ့ခေါင်းဆောင်များဟာ သူတို့ရဲ့လက်အောက်မှ ဝန်ထမ်းများကို ပိုမိုကောင်းမွန်စွာထိန်းသိမ်းထားနိုင်ကြမှာဖြစ်ပါတယ်။ ထို့အပြင် ရလာဒ်အနေနဲ့ ထိုသို့သောလုပ်ငန်းများတွင် ပိုမိုခိုင်မာကြံ့ခိုင်တဲ့ ကုမ္ပဏီတစ်ခုကို တည်ဆောက်လာစေနိုင်မှာလည်းဖြစ်ပါတယ်။ ဒီအတွက် ကျွန်ုပ်တို့မှ ပေးလိုတဲ့အကြံပြုချက်များကတော့ . . .
၁။ ညှိနှိုင်း၍ရနိုင်သောအလုပ်ခွင်စီမံခန့်ခွဲမှုများ
ဝန်ထမ်းတစ်ဦးရဲ့ တစ်ကိုယ်ရည်လိုအပ်ချက်များနှင့် ပရော်ဖက်ရှင်နယ်ပိုင်းအရ ပြုလုပ်သင့်သောအရာများ တိုက်ဆိုင်နေသည့်အခါတွင် စိတ်တိုစိတ်ရှုပ်မှုများဖြစ်ပေါ်လာမှာဖြစ်ပြီး သူတို့ရဲ့လိုအပ်ချက်ကို ပိုမို၍ကောင်းမွန်စွာ ညှိနှိုင်းပေးနိုင်မည့် အခြားသော Organization များသို့ ပြောင်းရွှေ့သွားနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးကို ကလေးအားစောင့်ရှောက်နိုင်ဖို့အတွက် flexible schedule တစ်ခုကိုလိုအပ်နေတဲ့ မိခင်ဖခင်များ (အထူးသဖြင့် COVID-19 ကြောင့် အိမ်တွင်ပဲနေ နေရသည့်အချိန်များတွင်)၊ ဒါမှမဟုတ် သူတို့ရဲ့ဘဝနေထိုင်မှုပုံစံနှင့် ကိုက်ညီမှုရှိစေရန်အတွက် အိမ်မှသာအလုပ်လုပ်လိုကြသောသူများတွင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
အချို့သော ချွင်းချက်များမှလွဲ၍ အများအားဖြင့် Organization တစ်ခုအတွင်းတွင် ထိုကဲ့သို့ ရွေးချယ်ခွင့်များပေးထားခြင်းက နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုမို၍အကျိုးရှိလာစေမှာဖြစ်ပါတယ်။ Remote Workforce များထားရှိခြင်းမှ ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -
• Remote employee များဟာ အလုပ်မှထွက်ခွာနှုန်း ၅၀% ခန့်ပိုမို၍နည်းပါးသွားပါတယ်။
• Remote employee များဟာ ရုံးတက်၍အလုပ်လုပ်နေသူများထက် တစ်လလျှင် ၁.၄ ရက်ခန့် ပိုမို၍ အလုပ်လုပ်ပေးလေ့ရှိတတ်ကြပါတယ်။
• Remote employee များဟာ ပိုမိုမြင့်မားတဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ရရှိလာကြပါတယ်။
• Remote work ပြုလုပ်ခြင်းကို အထောက်အပံ့ပေးထားတဲ့ Organization များတွင် လုပ်ငန်းလည်ပတ်ဖို့အတွက် အသုံးပြုရတဲ့ကုန်ကျစားရိတ်များ သိသိသာသာကို လျော့ကျလာပါတယ်။
• အကယ်၍ လူကြီးမင်းတို့ရဲ့ ဝန်ထမ်းများကို ညှိနှိုင်း၍ရနိုင်တဲ့ အလုပ်ခွင်စီမံမှုများပြုလုပ်ပေးနိုင်ပါက ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ ဘဝနေထိုင်မှုများကို ကောင်းမွန်စွာစီမံခန့်ခွဲလာနိုင်မှာဖြစ်သလို အရေးကြီးတဲ့ message တစ်ခုဖြစ်တဲ့ လူကြီးမင်းတို့ရဲ့ ကုမ္ပဏီဟာ ဝန်ထမ်းများရဲ့ ဘဝနေထိုင်မှု ကောင်းမွန်ရေးအပေါ် ဂရုစိုက်မှုရှိတယ်ဆိုတာကိုလည်း ထင်ဟပ်ပြသနိုင်မှာဖြစ်ပါတယ်။
၂။ ဝန်ထမ်းတစ်ဦးနှင့် တစ်ဦးအကြား ဆက်နွယ်ပတ်သက်မှုရှိနေခြင်းကို အားပေးခြင်း
သင့်ရဲ့ company culture ကို ပိုမိုကောင်းမွန်လာစေရန်အတွက်ပြုလုပ်နိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ လုပ်ဖော်ကိုင်ဖက်များအကြား ခိုင်မာတဲ့ဆက်ဆံရေးများရှိနေခြင်းကို အားပေးထောက်ခံပေးဖို့ပဲဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးအကြား ခိုင်မာပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဆက်ဆံရေးများရှိလာတဲ့အခါတွင် ဒီ employee retention idea ရဲ့ ထိရောက်မှုကို လူကြီးမင်းတို့အနေနဲ့ တွေ့မြင်လာရမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ ဆက်ဆံရေးများကိုတည်ဆောက်နိုင်ဖို့ဟာ အချိန်ယူရနိုင်တဲ့အတွက် ထိုသို့ဖြစ်ပေါ်လာတဲ့အခါတွင် လူအများစုဟာ အဆိုပါဆက်ဆံရေးများကို ပစ်ပယ်၍ ထွက်ခွာသွားလိုကြမှာ မဟုတ်ပါဘူး။
အကယ်၍ ဝန်ထမ်းတစ်ဦးအနေနဲ့ သူတို့အလုပ်လုပ်ကိုင်နေသောလုပ်ငန်းခွင်တွင် ရင်းနှီးမှုများရှိလာခဲ့ပြီဆိုပါက ထိုသူအနေနဲ့ အဆိုပါလုပ်ငန်းတွင် ပိုမို၍ကြာရှည်စွာနေထိုင်လိုကြမှာဖြစ်ပါတယ်။ အချက်အလက်များအရ ခိုင်မာကောင်းမွန်တဲ့ ဆက်နွယ်ပတ်သက်မှုများရှိနေခြင်းဟာ လုပ်ငန်းခွင်အတွင်းစိတ်ကျေနပ်မှုရရှိစေဖို့အတွက် လုပ်ငန်းခွင်အတွင်းလုံခြုံမှုရှိစေခြင်းအပြင် ဒုတိယအရေးအကြီးဆုံး အချက်တစ်ခုပဲဖြစ်ပါတယ်။ ဒိအပြင် ဝန်ထမ်းတစ်ဦးနှင့် တစ်ဦးအကြား ဆက်နွယ်ပတ်သက်မှုရှိနေခြင်းအားဖြင့် ပိုမိုကောင်းမွန်စွာဆက်သွယ်ပြောဆိုနိုင်မှာဖြစ်ပြီး၊ စိတ်ဖိစီးမှုနည်းပါးခြင်းနှင့် Engagement မြင့်မားလာခြင်းတို့ကိုလည်း တွေ့မြင်နိုင်မှာဖြစ်တဲ့အတွက် ဝန်ထမ်းတစ်ဦးနှင့် တစ်ဦးအကြား ဆက်နွယ်ပတ်သက်မှုရှိနေခြင်းကို အားပေးခြင်းဟာ သင့်ကုမ္ပဏီအတွက်သာမက၊ သင့်ရဲ့ဝန်ထမ်းများအတွက်ကိုပါ အကျိုးဖြစ်ထွန်းစေမှာပဲဖြစ်ပါတယ်။
၃။ လူမှုဘဝနေထိုင်မှုနှင့်သက်ဆိုင်သော အကျိုးခံစားခွင့်များပေးအပ်ထားခြင်း
ယနေ့ခေတ်ဝန်ထမ်းများဟာ သူတို့ရဲ့ paycheck ပေါ်တွင် များပြားတဲ့ကိန်းဂဏ္ဍန်းများကိုတွေ့မြင်ရဖို့ထက်ကိုပို၍ ရှာဖွေမှုများကို ပြုလုပ်လာတတ်ကြပြီပဲဖြစ်ပါတယ်။ Compensation ပြုလုပ်ရာတွင် သင့်ရဲ့ team ကို တစ်မူထူးခြားတဲ့အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များကို ပေးအပ်ထားနိုင်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို လျှော့တွက်၍မရနိုင်ပါဘူး။ ထိုသို့သောလုပ်ဆောင်ချက်များဟာ ဝန်ထမ်းများကိုထိန်းသိမ်းထားစေနိုင်မည့် Employee Retention Idea တစ်ခုအဖြစ် ကောင်းစွာဆောင်ရွက်ပေးနိုင်ပြီး သင့်ရဲ့ဝန်ထမ်းများအနေနဲ့လည်း သင့်ကုမ္ပဏီအတွက်အလုပ်လုပ်ပေးရသည်အား ပိုမို၍ စိတ်ကျေနပ်မှုရှိလာကြမှာဖြစ်ပါတယ်။
သင့်ရဲ့ Team အတွက် မည်သို့သော အကျိုးခံစားခွင့်များကို ပေးအပ်သင့်သလဲဆိုသည်အား စဉ်းစားဆုံးဖြတ်ရာတွင်လည်း သင့်ရဲ့ workforce တွင် မတူကွဲပြားတဲ့စိတ်ဝင်စားချက်များနဲ့ လိုအပ်ချက်များရှိနေနိုင်တဲ့အတွက် အကောင်းဆုံးကတော့ လုပ်ငန်းတွင်းအကျိုးခံစားခွင့်အနေနဲ့ ဘက်စုံမှထောက်ပံ့ပေးထားခြင်းအားဖြင့် ဝန်ထမ်းအားလုံးကိုစိတ်ကျေနပ်မှုရရှိစေနိုင်မှာပဲဖြစ်ပါတယ်။
၎။ ကောင်းမွန်စွာစွမ်းဆောင်နိုင်မှုများကို အသိအမှတ်ပြုပေးပါ။
လေ့လာတွေ့ရှိချက်များအရ ကောင်းစွာအသိအမှတ်ပြုလေ့ရှိတဲ့ Organization များတွင် အလုပ်မှထွက်ခွာနှုန်းဟာ ၃၁% အထိလျော့ကျလာတာကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အခြားသော လေ့လာချက်တစ်ခုတွင်လည်း မကြာသေးမှီကအလုပ်မှထွက်ခဲ့သော ဝန်ထမ်းများရဲ့ ၇၉% ဟာ အသိအမှတ်ပြုမှုနှင့် အလေးထားမှုမရှိခြင်းဟာ သူတို့ရဲ့လက်ရှိအလုပ်များမှ ထွက်ခွာခဲ့ရတဲ့ အဓိကအရင်းခံအကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
အလုပ်မှထွက်ခွာခြင်းကို အားပေးလျှက်ရှိနေတဲ့ အဆိုပါအချက်ကို တိုက်ရိုက်ကုစားပေးနိုင်မည့် Employee Retention Idea တစ်ခုကတော့ အသိအမှတ်ပြုပေးခြင်းကို အစဉ်အလာတစ်ခု/ ပြုလုပ်နေကျအရာတစ်ခုအနေနဲ့ ပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ အသိအမှတ်ပြုပေးသည့်အကြိမ်ရေ များလေလေ အလုပ်မှထွက်ခွာမှုနှုန်းလျော့ကျလာလေလေဖြစ်သည်ကိုတွေ့ရှိခဲ့တဲ့အတွက် ဒါဟာ ထိရောက်မှုရှိတဲ့ ဖြေရှင်းနည်းတစ်ခုပဲဖြစ်ပါတယ်။
၅။ Professional လမ်းကြောင်းတွင် တိုးတက်မှုရှိလာစေဖို့အတွက်ကိုလည်း အထောက်အကူပြုပေးပါ။
Employee Retention အတွက် နောက်ဆုံးအကြံပေးလိုတဲ့အချက်တစ်ခုကတော့ ဝန်ထမ်းများအတွက် များစွာသော Professional လမ်းကြောင်းတွင် တိုးတက်မှုရှိလာစေဖို့ အခွင့်အလမ်းများကိုပေးအပ်ထားပါ။ လူကြီးမင်းတို့အနေနဲ့ ဝန်ထမ်းများအတွက် ပြီးပြည့်စုံသော အလုပ်ခွင်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက်ပေးထားပြီး ဝန်ထမ်းများဟာလည်း သူတို့နေ့စဉ်လုပ်ဆောင်ရသော လုပ်ငန်းဆောင်တာများကို ပျော်ရွှင်စွာလုပ်ဆောင်လျှက်ရှိနေပြီး ဖြစ်နေခဲ့ရင်တောင်မှ အနှေးနဲ့အမြန်ဆိုသလိုပဲ သူတို့အနေနဲ့ ရေရှည်အတွက်ကို စဉ်းစားလာကြမှာဖြစ်ပါတယ်။ အကယ်၍ လူကြီးမင်းတို့ရဲ့ကုမ္ပဏီဟာ သူတို့ရဲ့ Professional လမ်းကြောင်းတွင် ရှေ့ဆက်နိုင်ဖို့ကောင်းမွန်တဲ့ကုမ္ပဏီတစ်ခုမဟုတ်ဘူးဟူ၍ ခံစားလာရပါက သူတို့အနေနဲ့ အခြားသောနေရာများတွင် အခြားသောအခွင့်အလမ်းများကို ရှာဖွေလာကြမှာပဲဖြစ်ပါတယ်။
Professional လမ်းကြောင်းတွင်တိုးတက်မှုရှိစေဖို့ အခွင့်အလမ်းများကိုပေးအပ်ခြင်းအား ပုံစံအမျိုးမျိုးဖြင့် တွေ့မြင်နိုင်ပါတယ်။ အချို့အခြေအနေမျိုးတွင် လူကြီးမင်းတို့ရဲ့ Workforce အတွင်းရှိနေတဲ့ ကျယ်ပြန့်သော စိတ်ဝင်စားရာနယ်ပယ်များအလိုက် နေ့လည်စာစားရင်း လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများကို ပြင်ဆင်ပေးခြင်း၊ သင်ကြားရေးအစီအစဉ်များ၊ ရုံးတွင်းပြန်လည်သင်ကြားပို့ချရေးအစီအစဉ်များအားဖြင့်လည်း ပြုလုပ်ပေး၍ရနိုင်ပါတယ်။ ဝန်ထမ်းများထံတွင် မတူညီတဲ့ စိတ်ဝင်စားမှုများ၊ သင်ယူမှုပုံစံများနှင့် ရည်မှန်းချက်များရှိနေတဲ့အတွက် သင့်ရဲ့လုပ်ငန်းအတွက် အကျိုးရှိပြီး ကိုက်ညီမှုအရှိဆုံးဖြစ်စေမယ့် သင်ကြားမှုပုံစံများကို တတ်နိုင်သရွေ့ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ပေးထားနိုင်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
SOE MYINT & SONS Stainless Steel Trading Co., Ltd.
World Wide Fund for Nature (WWF Myanmar)
To stop the degradation of the planet's natural environment and to build a future in which humans live in harmony with nature, by: conserving the world's biological diversity; ensuring that the use of...
Show the postings (8)
SUPER SEVEN STARS CO., LTD
We aspire to be the most successful retailer of automobiles by providing the best customer experience in every market we operate.By 2015, Super Seven Stars Co., Ltd is representing Kia, Peugeot, Ssang...
Show the postings (71)
Myanmar First Asia Group
The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
Cadian Myanmar
.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D.
. To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)