Jobs In Myanmar
Load...

ဝန်ထမ်းကောင်းတွေ အလုပ်မထွက်အောင်ထိန်းသိမ်းနည်းဗျူဟာများနှင့်​ စိတ်​ကူးများ


ချိတ်ဆွဲရန်စာတန်း: Mandalay jobs retention of emploees loyalty at work work loyalty



သင့်ရဲ့ ဝန်ထမ်းတွေကို အလုပ်မှာ မြဲအောင်(ပျော်အောင်) ထားကြမယ်

         သင်ဟာ လုပ်ငန်းရှင်တစ်ယောက်၊ လုပ်ငန်းတစ်ခုကို အုပ်ချုပ်သူတစ်ယောက်ဆိုရင် သင့်အောက်မှာရှိတဲ့ ဝန်ထမ်းတွေကို ပျော်အောင်ထားဖို့ဟာ သင့်ရဲ့ တာဝန်တစ်ခုဆိုရင် မမှားနိုင်ပါဘူး။ ထို့အတူပါပဲ ပျော်အောင်ထားဖို့အပြင် ရှိတဲ့ ဝန်ထမ်းတွေကို အလုပ်မှာ မြဲအောင်၊ တစ်နည်းအားဖြင့်ဆိုရင် ရေရှည်လက်တွဲလုပ်ချင်စိတ်ရှိအောင် ထားနိုင်ဖို့ကလည်း တစ်နည်းအရေးပါပြန်ပါတယ်။ လူဟောင်းထွက်လိုက်၊ လူသစ်ခေါ်လိုက်နဲ့ပဲ လုပ်နေရင်တော့ သင့်အတွက် အချိန်ကုန်၊ ငွေကုန်ဖြစ်စေနိုင်သလို၊ လူသစ်ကို ပြန်လည်လက်တွဲခေါ်ယူနေရတာလည်း သင့်အတွက် မသက်သာဖွယ်ဖြစ်စေမှာပါ။ လူဟောင်းတွေနဲ့ အချိန်ကြာကြာ လက်တွဲလုပ်ကိုင်ခြင်းဟာ သင့်လုပ်ငန်း အောင်မြင်ဖို့ကိုလည်း အခွင့်အလမ်းပိုများစေနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဝန်ထမ်းတွေဟာ လစာကို ကြည့်တတ်ကြပါတယ်။ လစာကောင်းရင် ကြာရှည်လုပ်မယ်၊ မကောင်းရင် အလုပ်ပြောင်းမယ်၊ အစရှိသဖြင့် မှတ်ယူနိုင်ပါတယ်။ သို့သော်လည်း လစာကောင်းခြင်း၊ မကောင်းခြင်းဟာ အခြေခံအချက်တစ်ချက်ပဲဖြစ်ပြီး အမြဲမှန်ကန်နေတဲ့အချက်တော့ မဟုတ်ပါဘူး။ ဒါဆို မိမိရဲ့ ဝန်ထမ်းတွေကို ဘယ်လိုပျော်အောင်ထားမလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။ အောက်ပါအချက်များကတော့ လတ်တလောစစ်တမ်းများအရ အုပ်ချုပ်သူ executive များ တညီတညွတ် သဘောတူလက်ခံထားတဲ့ အချက်တချို့ပဲဖြစ်ပါတယ်။

၁။ အလုပ်ချိန်

         ဝန်ထမ်းတစ်ယောက်ဖြစ်ပြီဆိုရင်တော့ ပုံမှန်အားဖြင့် တစ်ပါတ်ကို ၅ ရက်၊ တစ်ရက် ၈ နာရီ အလုပ်လုပ်ကိုင်ကြရမှာ အစဉ်အလာပဲဖြစ်ပါတယ်။ စနေ၊တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်များမှာ အားလပ်ခွင့်ရတာ အစဉ်အလာပဲဖြစ်ပါတယ်။ ပိတ်ရက်ရောက်တိုင်း ပျော်လေ့ရှိတဲ့ ဝန်ထမ်းတွေကို သတိထားမိ ပါသလား။ သေချာပါတယ်၊ လူတိုင်းဟာ နားရက်ရပြီဆို ပျော်လေ့ရှိကြတာပါပဲ။ ဒါကြောင့် သင့်အနေနဲ့လည်း ဝန်ထမ်းတွေအတွက် ပုံမှန်နားရက်တွေအပြင် သီးသန့်အပိုထပ်ဆောင်း နားရက်လေးတွေကိုလည်း စီစဉ်ပေးသင့်ပါတယ်။ ဒါဆိုရင် သင့်ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပိုမိုတက်ကြွစေမှာဖြစ်သလို၊ သင်နဲ့အတူလည်း အချိန်အတော်ကြာ လက်တွဲလုပ်ကိုင်ချင်စိတ်ရှိမှာအသေအချာပါပဲ။ ဥပမာအားဖြင့် -

အစရှိသဖြင့် ပြုလုပ်ပေးခြင်းမျိုးဟာ သင့်လုပ်ငန်းကို ဝန်ထမ်းတွေနှစ်သက်တဲ့ လုပ်ငန်း ပါတ်ဝန်းကျင်တစ်ခုဖြစ်လာစေမှာ အမှန်ပါပဲ။

၂။ ကျန်းမာရေးဆိုင်ရာကိစ္စတွေကို ဂရုစိုက်ပေးပါ။

         ဝန်ထမ်းတွေပျော်အောင်ထားဖို့ဆိုတာ ဝန်ထမ်းတွေရဲ့ ကျန်းမာရေး၊ နာရေး၊ သာရေး အစရှိတာတွေကိုလည်း ဂရုတစိုက်ရှိပေးဖို့လိုအပ်မယ်ဆိုတာလည်း မငြင်းနိုင်ပါဘူး။ ဒါ့အပြင် ဝန်ထမ်းတွေအတွက် ဘေးကင်းစိတ်ချရတဲ့ လုပ်ငန်းခွင်မျိုးဖြစ်အောင် ပြုလုပ်ပေးတာမျိုးဟာလည်း ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေ အလုပ်ခွင်ထဲမှာပျော်အောင်လည်း ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အောက်ပါနည်းလမ်းတချို့ကို သတ်မှတ်ပေးနိုင်ပါသေးတယ်-

အစရှိသည်များကို စီစဉ်ပေးထားခြင်းဟာလည်း ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အလုပ်ကို လုပ်ကိုင်စေနိုင်စေရုံမျှမက၊ ကျန်းမာရေးဆိုင်ရာများကိုပါ ဂရုစိုက်ပေးနိုင်တဲ့အတွက် သင့်ရဲ့ လုပ်ငန်းခွင်မှာ ပျော်ပါးစွာ ရေရှည်လုပ်ကိုင်သူများစွာ ရှိလာစေမှာပါ။

၃။ ထပ်ဆောင်းဖြည့်စွက်ပေးခြင်းများ

         အထက်ပါ အရာများကိုပြုလုပ်ပေးပြီးရင်တောင် သင့်အနေနဲ့ အောက်ပါအချက်များကို ထပ်မံဖြည့်သွင်းပေးကာ ဝန်ထမ်းများကို နေပျော်ဖွယ်ပါတ်ဝန်းကျင်မျိုး ဖန်တီးပေးနိုင်ပါသေးတယ်။

အစရှိသည်များကို ထပ်ဆောင်းပြုလုပ်ပေးခြင်းမျိုးဟာလည်း သင့်ရဲ့ လုပ်ငန်းခွင်မှာ ဝန်ထမ်းများ နေပျော်အောင် ဖန်တီးပေးခြင်းမျိုးပဲဖြစ်ပါတယ်။

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Ideal Future Co., Ltd.

Ideal Future Co., Ltd.

..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)
Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS