Tags: Knowledge-IT-Solution-Canada-JobsinYangon
Equinix ဟာ ကနေဒါနိုင်ငံက Operation များကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၅၀ ခန့်အသုံးပြုကာတိုးချဲ့ခဲ့ပါတယ်။
Equinix ဟာ ကနေဒါနိုင်ငံက Operation များကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၅၀ ခန့်အသုံးပြု ကာ Bell ဒေတာစင်တာ ၁၃ခုရရှိအောင်တိုးချဲ့ခဲ့ပါတယ်။ မြို့ကြီး ၈ခုတွင် လုပ်ငန်းတိုးချဲ့မှုပြုလုပ်ခြင်းက ကနေဒါနိုင်ငံသားများရဲ့လုပ်ငန်းများနဲ့ ကနေဒါနိုင်ငံ တွင် အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံစုံမှအလုပ်လုပ်ကိုင်သူများကို ဒီဂျစ်တယ်နည်းပညာများသို့ ပြောင်းလဲနိုင်စေဖို့အတွက် ပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။
ဒီ နည်းဗျူဟာကျကျအသုံးပြုနိုင်မယ့်ပိုင်ဆိုင်မှုများအပြင် သူတို့နဲ့သက်ဆိုင်တဲ့ operation များနဲ့ ဒေတာစင်တာများတွင် အသုံးပြုလျက်ရှိနေတဲ့ သုံးစွဲသူ customer ပေါင်း ၆၀၀ ခန့်ကလည်း လက်ရှိအခြေအနေအရ မြို့ကြီးပေါင်း ၅၅ခုတွင် ဒေတာစင်တာပေါင်း ၂၁၀ ခန့်ရှိနေတဲ့ ဒီ Equinix ရဲ့ global platform ကို ပိုမိုပြီးခိုင်မာစေမှာလဲဖြစ်ပါတယ်။ ၎င်းက လုပ်ငန်းများကို ကနေဒါနိုင်ငံ အတွင်းနှင့် ကနေဒါမှ အခြားသောနိုင်ငံများသို့ အပြန်အလှန်ဆက်သွယ်မှုပြုလုပ်ခြင်းကို တိုးမြှင့်ပေး ခြင်းအားဖြင့်အကျိုးဖြစ်ထွန်းစေမှာလဲဖြစ်ပါတယ်။ ပြည်နယ် ၆ခုရှိ၊ မြို့ကြီး ၇ခုတွင် ဒေတာစင်တာ အသစ်များဖွင့်လှစ်လိုက်ခြင်းက Equinix ရဲ့ ဒီဂျစ်တယ်လက်တံကိုတိုးချဲ့လိုက်တာဖြစ်ပြီး နည်းဗျူ ဟာအရသင့်လျော်တဲ့ အခန်းကဏ္ဍများရှိ အဓိကကျတဲ့ customer များကို စွဲဆောင်နိုင်ခြင်းအားဖြင့် Equinix ထံတွင်ရရှိနိုင်တဲ့ ecosystem တစ်ခုရဲ့တန်ဖိုးကိုမြှင့်တင်ပေးလိုက်ခြင်းလဲဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ရဲ့နောက်ကွယ်တွင် Equinix နဲ့ Bell တို့ဟာ ကနေဒါအတွင်းရှိလုပ်ငန်းများကို hybrid multicloud solution ကိုဝယ်ယူရန်တိုက်တွန်းဖို့အတွက်နဲ့ သူတို့ရဲ့ Digital transformation လုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန်ပြီးမြောက်နိုင်စေရန်အတွက် ပူးပေါင်းလုပ်ဆောင် ကြတော့မှာပဲဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.