ချိတ်ဆွဲရန်စာတန်း: News-Share-Trading-Robinhood-JobsInYangon
ရေပန်းစားလျှက်ရှိနေသော US ရှယ်ယာကုန်သွယ်ရေး app တစ်ခုဖြစ်တဲ့ Robinhood တွင် ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှုတစ်ရပ်ဖြစ်ပွားခဲ့
အမေရိကန် (US) ရှယ်ယာကုန်သွယ်ရေး app တစ်ခုဖြစ်တဲ့ Robinhood တွင် ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး အသုံးပြုသူ (၇) သန်းခန့်ရဲ့ အမည်များနဲ့ e-mail လိပ်စာများ ပေါက်ကြားခဲ့ကြောင်း BBC News မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
ကုမ္ပဏီဘက်ကတော့ အဆိုပါလုံခြုံရေးကျိုးပေါက်မှုဟာ “ကျွန်ုပ်တို့ရဲ့ customer အချို့ရဲ့ ကိုယ်ရေးအချက်အလက်အနည်းငယ်သာ ပေါက်ကြားခဲ့တာဖြစ်ပါတယ်” ဟူ၍ပြောကြားခဲ့ပြီး ၎င်းတို့ကောက်ယူထားတဲ့ အရေးအကြီးဆုံးအချက်အလက်များဖြစ်တဲ့ - အမေရိကန်နိုင်ငံသားအမှတ်များနဲ့ ငွေရေးကြေးရေးဆိုင်ရာအချက်အလက်များကိုတော့ ခိုးယူရရှိသွားခြင်းမရှိဘူးဟူ၍ တထစ်ချယုံကြည်ထားတယ်လို့ သိရှိရပါတယ်။
Robinhood မှ အဆိုပါဒေတာအချက်အလက်များပေါက်ကြားမှုမရှိစေရေးအတွက် ငွေညှစ်တောင်းခံလာမှုကို ပေးကမ်းရန်ငြင်းဆိုခဲ့ပြီး အဆိုပါဆိုက်ဘာတိုက်ခိုက်မှုကို အာဏာပိုင်များသို့တိုင်ကြားခဲ့ပါတယ်။ “ဒီလိုငွေညှစ်လာမှုကို ခေါင်းငုံ့ခံသွားမယ့်အစား ကျွန်ုပ်တို့အနေနဲ့ အာဏာပိုင်များသို့တိုင်ကြားမှုပြုလုပ်ခဲ့ပြီး ပြင်ပ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုကို ဒီကိစ္စနဲ့ပတ်သက်၍ ဖြေရှင်းပေးရန် အကူအညီအနေနဲ့ ဌားရမ်းမှုပြုလုပ်ခဲ့ပါတယ်” ဟူ၍ Robinhood မှ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။