ချိတ်ဆွဲရန်စာတန်း: News-Facebook-Company-Name-JobsInYangon
Facebook မှ ၎င်းတို့ရဲ့ကုမ္ပဏီအမည်ကို မကြာမှီတွင် ပြောင်းလဲရန် စီစဉ်လျှက်ရှိနေ
လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် Facebook ဟာ ၎င်းတို့လက်ရှိတည်ဆောက်နေတဲ့ Metaverse ကို ပိုမို၍ကောင်းမွန်စွာကိုယ်စားပြုနိုင်ရန်အတွက် ကုမ္ပဏီအမည်ကို ပြောင်းလဲမှုပြုလုပ်သွားရန် စီစဉ်လျှက်ရှိနေကြောင်းကို အဆိုပါကိစ္စနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့သူတစ်ဦးမှ The Verge သို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
CEO Mark Zukerberg အနေနဲ့ အဆိုပါပြောင်းလဲမှုကို ကုမ္ပဏီရဲ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် Annual Connect Conference တွင် အသေးစိတ်ပြောဆိုသွားဖို့ စီစဉ်ထားသော်လည်း ထို့ထက်စော၍လည်း ဖြစ်လာနိုင်ခြေရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း “လာမည့်နှစ်အနည်းငယ်အတွင်းမှာ အသုံးပြုသူများအနေနဲ့ ကျွန်ုပ်တို့ရဲ့ ကုမ္ပဏီကို social media ကုမ္ပဏီတစ်ခုအဖြစ် အဓိကရှုမြင်ကြခြင်းအား metaverse ကုမ္ပဏီအဖြစ် ရှုမြင်လာကြစေရန် ပြောင်းလဲမှုများကို ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟူ၍ Mark မှ The Verge သို့ ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။