ချိတ်ဆွဲရန်စာတန်း: News-Facebook-Outage-Finance-JobsInYangon
Facebook server များ down သွားခြင်းကြောင့် ကုမ္ပဏီအတွက် အမြတ်ငွေ ကန်ဒေါ်လာသန်း ၆၀ ခန့်ဆုံးရှုံးခဲ့ရ
ကမ္ဘာ့အကြီးဆုံး social network တစ်ခုဖြစ်တဲ့ Facebook ဟာ ၎င်းရဲ့ app များဖြစ်တဲ့ Facebook, Instagram နှင့် WhatsApp တို့ အောက်တိုဘာလ ၁၁ ရက်နေ့၊ တနင်္လာနေ့၊ မြန်မာစံတော်ချိန် ည ၁၀:၀၀ ခန့်က offline ဖြစ်သွားခဲ့တဲ့အတွက် ကန်ဒေါ်လာသန်း ၆၀ ခန့်ဆုံးရှုံးခဲ့ရတယ်လို့ Fortune နဲ့ Snopes တို့ရဲ့ ခန့်မှန်းချက်များအရ သိရှိရပါတယ်။
Facebook ရဲ့ second-quarter အတွင်းရရှိခဲ့တဲ့အမြတ်ငွေကို ထုတ်ပြန်ကြေငြာခဲ့စဉ်က ကိန်းဂဏ္ဍန်းများကို အခြေပြု၍ Media outlet ၂ ခုစလုံးမှ အဆိုပါခန့်မှန်းချက်ကိုပြုလုပ်ခဲ့ကြတာဖြစ်ပြီး။ အဆိုပါ ၃ လတာကာလအတွင်း Facebook ဟာ အမြတ်ငွေ ကန်ဒေါ်လာ ၂၉ ဘီလျံကိုရရှိခဲ့တယ်လို့ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါကြောင့် Facebook ဟာ တစ်ရက်လျှင့်အမြတ်ငွေအားဖြင့် ကန်ဒေါ်လာ သန်းပေါင်း ၃၁၉.၆ သန်းရရှိနေတယ်လို့ဆိုနိုင်ပြီး ၁ နာရီလျှင် ကန်ဒေါ်လာ ၁၃.၃ သန်းကိုရရှိနေကာ၊ တစ်မိနစ်လျှင် ကန်ဒေါ်လာ ၂၂၀,၀၀၀ နှင့် တစ်စက္ကန့်တိုင်း ကန်ဒေါ်လာ ၃,၇၀၀ ကို ရရှိနေတယ်လို့ ယူဆနိုင်ပါတယ်။ ဒီအချက်ကိုအခြေခံ၍ Facebook server များ မည်မျှကြာကြာ down သွားသလဲဆိုတာကို တွက်ချက်ကြည့်လိုက်တဲ့အခါမှာ အထက်ပါရလာဒ်ကိုရရှိခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
အမြတ်ငွေများဆုံးရှုံးရခြင်းဟာ Facebook အနေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ တစ်ခုတည်းသောအခက်အခဲတော့ မဟုတ်ပြန်ပါဘူး။ ထိုနေ့တွင်ပဲ ကုမ္ပဏီရဲ့ ရှယ်ယာများဟာ ၅% ($326.23 per share) အထိထိုးကျသွားခဲ့ပြီး စတော့ရှယ်ယာများကို အစုလိုက်အပြုံလိုက်ရောင်းချခြင်းကိုလည်း ခံစားခဲ့ရပါတယ်။
ဒီလိုရှယ်ယာတန်ဖိုးများ ထိုးကျသွားခဲ့ခြင်းဟာ CEO ဖြစ်သူ Mark Zukerberg ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးကိုလည်း လျော့ကျသွားစေခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၁၂၁.၆ ဘီလျံသို့ ကျဆင်းခဲ့ကာ ယခုအခါ ကမ္ဘာ့အချမ်းသာဆုံးစရာရင်းတွင် Bill Gates ရဲ့ အောက် ကမ္ဘာ့အဆင့် ၅ နေရာသို့ ရောက်ရှိသွားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။