Jobs In Myanmar
Load...

Facebook မှ ကလေးများအတွက် Instagram App သတ်သတ်ပြုလုပ်ပေးမည့်အစီအစဉ်အား ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှ ပယ်ဖျက်ခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Instagram-For-Kids-Stopped-JobsInYangon



Facebook မှ ကလေးများအတွက် Instagram App သတ်သတ်ပြုလုပ်ပေးမည့်အစီအစဉ်အား ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှ ပယ်ဖျက်ခဲ့ 

 

အသက် ၁၃ နှစ်အောက် ကလေးငယ်များအတွက် Instagram app တစ်ခုပြုလုပ်ပေးရန် Facebook မှ အစီအစဉ်များကို ကြေငြာခဲ့ပြီးနောက် အဆိုပါ app ကို မိဘများမှ စီမံခန့်ခွဲ၍ရနိုင်မည်ဟု ဆိုထားခဲ့ပါတယ်။ 

“ကလေးငယ်များဟာ Online အသုံးပြုတတ်နေကြပြီး သူတို့ရဲ့ မိသားစုများနဲ့ သူငယ်ချင်းများနဲ့ ဆက်သွယ်လိုကြပြီး ပျော်စရာတစ်ခုခုလုပ်တာပဲဖြစ်ဖြစ် သင်ယူတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်လိုကြပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ထိုသို့သင်ယူခြင်း၊ ပျော်စရာများဖန်တီးခြင်းတို့ကို လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုမှာသာ ပြုလုပ်စေလိုကြမှာဖြစ်တဲ့အတွက် ထိုသို့လုံခြုံစွာနဲ့ အသက်အရွယ်နဲ့လျှော်ညီတဲ့နည်းလမ်းမျိုးဖြင့် ကလေးများအနေဖြင့် ထို့သို့ပြုလုပ်နိုင်ကြစေရန်အတွက် ကျွန်ုပ်တို့က ကူညီပေးလိုဖြစ် လက်ရှိလုပ်ငန်းနယ်ပယ်အတွင်း ဖြစ်ပွားလျှက်ရှိနေတဲ့ နည်းပညာဆိုင်ရာပြဿနာတစ်ခုလည်းဖြစ်တဲ့ ကလေးငယ်များအနေဖြင့် app များကို အသုံးပြုနိုင်ရန်အတွက် သူတို့ရဲ့အသက်ကို လိမ်လည်ဖြည့်သွင်းနေခြင်း ကိုလည်း ဖြေရှင်းနိုင်စေမှာဖြစ်ပါတယ်။” ဟူ၍ Social Media ကုမ္ပဏီကြီးက BBC သို့ ပြောကြားခဲ့ပါတယ်။ 

“ကျွန်ုပ်တို့ဖန်တီးပြုလုပ်လိုက်တဲ့အရာတိုင်းဟာ သူတို့ရဲ့လုံခြုံရေးနဲ့ privacy ကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်သင့်ကြောင်းကိုလည်း ကျွန်ုပ်တို့သဘောပေါက်နားလည်ထားပြီး ကလေးသူငယ်ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်သူများ၊ ကလေးသူငယ်လုံခြုံရေးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများနဲ့ privacy လုံခြုံရေးကိုယ်စားလှယ်များနဲ့လည်းတိုင်ပင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အသက် ၁၃ နှစ်အောက်များအတွက် ကျွန်ုပ်တို့ပြုလုပ်မယ့် Instagram app အတွင်းမှာလည်း မည်သို့သောကြော်ငြာများကိုမှ ပြသသွားမှာမဟုတ်ပါဘူး။” ဟူ၍ Facebook မှ ပြောကြားခဲ့ပါတယ်။ 

သို့သော်လည်း ကမ္ဘာတစ်ဝှမ်းရှိ public health advocates များကတော့ Facebook အနေနဲ့ ကလေးငယ်များအတွက် Instagram app ပြုလုပ်မယ့်အစီအစဉ်အား ရပ်တန်းကရပ်စေလိုနေကြပါတယ်။ Commercial-free Childhood အတွက် Campaign တစ်ခုတွင် ရေးသားထားတဲ့စာတစ်စောင်အား အဖွဲ့ပေါင်း ၉၉ ခုမှ ကိုယ်စားလှယ်များလက်မှတ်ထိုးခဲ့ကြပြီး အဆိုပါစာတွင် “ဓါတ်ပုံများကို အလွန်အမင်းစွဲလန်းစေတဲ့” platform ဟာ ကလေးငယ်များရဲ့ ကျန်းမာရေးနဲ့ privacy လုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်း ပြောကြားထားခဲ့ပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)
Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS